Connect with us

China

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ဆီးရီးယားနိုင်ငံအား COVID-19 ကာကွယ်ဆေး ၁၅၀,၀၀၀ ပံ့ပိုးကူညီ

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေးများအား ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်း (RCSC) က ပံ့ပိုးကူညီသော COVID-19 ကာကွယ်ဆေး ၁၅၀,၀၀၀ သည် ဇူလိုင် ၂၈ ရက်က ပေကျင်းမြို့မှ ဆီးရီးယားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း တရုတ် ကြက်ခြေနီဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။

ကာကွယ်ဆေးများ ရရှိမှုနှင့် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်ကို တရုတ်နိုင်ငံ ကြက်ခြေနီဖောင်ဒေးရှင်းမှ တစ်ဆင့်ကျခံ လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ကပ်ရောဂါတိုက်ဖျက်ချိန်မှစ၍ RCSC အနေဖြင့် နိုင်ငံပေါင်းများစွားထံ ကပ်ရောဂါလျော့ပါးရေး ပစ္စည်းများ ပေးပို့ခဲ့သည်။

ဆီးရီးယားနိုင်ငံအား လှူဒါန်းသော ကာကွယ်ဆေးကူညီမှုသည် ယင်းနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအား အကူအညီဖြစ်စေရန်နှင့် ဆီးရီးယားပြည်သူများ၏ ဘဝနှင့် ကျန်းမာရေးကို ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်း RCSC တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
China’s Red Cross provides 150,000 doses of COVID-19 vaccine to Syria
Source: Xinhua| 2021-07-28 20:18:09|Editor: huaxia
BEIJING, July 28 (Xinhua) — A total of 150,000 doses of COVID-19 vaccine provided by the Red Cross Society of China (RCSC) to Syria left Beijing on Wednesday, the Chinese Red Cross Foundation said.
The expenditure on the procurement and transportation of the vaccine doses was covered by donations via the Chinese Red Cross Foundation.
Since the onset of the pandemic, the RCSC has provided relief materials to several countries.
The vaccine aid to Syria is expected to help with the country’s fight against COVID-19 and safeguard the life and health of the Syrian people, RCSC officials said. Enditem
Photo : Chinese COVID-19 vaccines are unloaded from a plane in Damascus, Syria, April 24, 2021. (Photo by Ammar Safarjalani/Xinhua)