Connect with us

Eastern Europe

ရုရှားက အမေရိကန်ကို မိတ်ဖက်အဖြစ် မရှုမြင်ဘဲ ပြိုင်ဘက်အဖြစ်သာ ရှုမြင်ဟု ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်(ဝဲ) နှင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်(ယာ) တို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ Villa La Grange တွင် ၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက အမေရိကန်နိုင်ငံကို မိတ်ဖက်အဖြစ် မရှုမြင်ကြောင်း ၊ သို့သော် ပြိုင်ဘက်တစ်ဦးအဖြစ် ရှုမြင်ကြောင်း ကရင်မလင်နန်းတော်က ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

“ စိတ်မကောင်းစွာပဲပြောရရင် လတ်တလောမှာ ဘာမိတ်ဖက်အစီအစဉ် နဲ့ ဘာဆက်ဆံရေးမှ မရှိပါဘူး” ဟု နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရုရှားနိုင်ငံ (ကရင်မလင်) ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဆိုသည်။
သို့သော်လည်းပဲ ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် ပုံမှန်ဆက်ဆံရေးတည်ဆောက်ရန် သူ၏ ကတိကဝတ်အား ဆက်လက်ဆုတ်ကိုင်ထားဆဲဖြစ်သည်ကို ဖော်ပြခဲ့ကြောင် Peskov က ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှား-အမေရိကန်ဆက်ဆံရေးတွင် တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲမှုများသာ ကာလ ကြာရှည်စွာ တည်ရှိခဲ့ကြောင်း ၊ သို့သော် လက်ရှိ တွေ့ဆုံဆွေးနွေးညှိနှိုင်းများသည် တစ်ခုတည်းသော အပေါင်းလက္ခဏာဆောင်သည့် အနေအထားတစ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူတွေဟာ ဂျီနီဗာမြို့မှာ မဟာဗျူဟာမြောက်တည်ငြိမ်းရေးအကြောင်းဆွေးနွေးနေတာ သိပ်ကိုအပြုသဘောဆောင်ပါတယ် ။ အဲဒီလမ်းကြောင်းကတစ်ဆင့်ပဲ တစ်ဖက်နဲ့တစ်ဖက် ပိုမိုထိရောက်မှုရှိတဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ဖော်ပြနိုင်မှာဖြစ်ပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံပြောရေးဆိုခွင့်ရှိသူက ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ရုရှားသမ္မတပူတင် နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အကြား ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးရလဒ်များအပေါ် ပုံကြီးမချဲ့သင့်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။

“ မိတ်ဖက်ဆက်ဆံရေးခေတ်သစ်တစ်ခုဆီ ကျွန်တော်တို့ဝင်ရောက်သွားတဲ့နောက် ဂျီနီဗာဆွေးနွေးပွဲကို ခိုင်မာသေချာတဲ့ အဆင့်တစ်ခုလိုမျိုး သိပ်ပြီးအကောင်းဖက်ရှုမြင်တာမျိုးဟာ မချင့်ချိန်ရာကျပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

————————————
(English Version)
Kremlin sees U.S. as opponent, not partner: spokesman

MOSCOW, July 28 (Xinhua) — The Kremlin said on Wednesday that Russia does not see the United States as a partner but as an opponent.
“To our regret, there are currently no partnership programs and no relations,” Kremlin spokesman Dmitry Peskov told a daily briefing.
Nevertheless, he recalled that Russian President Vladimir Putin had persistently demonstrated his commitment to normalizing ties.
According to Peskov, the only positive aspect is that Russia-U.S. relations are no longer only marked by mutual accusations but the presence of negotiations.
“The fact that our experts are discussing strategic stability in Geneva is very positive. We hope that through such contacts, we will be able to convey our positions to each other more effectively,” he added.
The spokesman warned that the results of the June summit between Putin and U.S. President Joe Biden in Geneva should not be exaggerated.
“It would be unwise to put on rose-colored glasses and view Geneva as a certain threshold, following which we entered an era of partnership,” he said.

U.S. President Joe Biden (L) and Russian President Vladimir Putin meet at the Villa La Grange in Geneva, Switzerland, June 16, 2021. (Denis Balibouse/Pool via Xinhua)