Connect with us

China

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ မြေပြိုမှုတွင် သေဆုံးသူ ၁၀ ဦးထိ မြင့်တက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ပိကျဲမြို့ရှိ မြေပြိုမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးသမားများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကွေ့ကျိုး ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ပိကျဲမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာတစ်ခု၌ ဇန်နဝါရီ ၃ ရက်က မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၀ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ယနေ့ ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ မြေပြိုမှုသည် ဇန်နဝါရီ ၃ ရက် ည ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ပိကျဲမြို့ မြူနီစပယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။ ယင်းဖြစ်စဉ်တွင် အခြား လူ ၄ ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်း က ဆိုသည်။

အရေးပေါ်ကယ်ဆယ်ရေးဌာန ၊ မီးသတ်ဌာန နှင့် အများပြည်သူလုံခြုံရေးဌာန စသည်တို့မှ လူပေါင်း ၁,၀၀၀ ကျော်သည် အခင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်ကာ ကယ်ဆယ်ရေးနှင့်ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီလမ်းညွှန်မှုပေးနိုင်ရန်အတွက် အခင်းဖြစ်နေရာသို့ တာဝန်ရှိသူများကို စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
10 killed in landslide in China’s Guizhou
GUIYANG, Jan. 4 (Xinhua) — The death toll has climbed to 10 after a landslide hit a construction site in Bijie City, southwest China’s Guizhou Province Monday, local authorities said Tuesday.
The landslide occurred at around 7 p.m. on Monday, according to the municipal government of Bijie. It said that four others remain missing.
More than 1,000 people from emergency, fire, and public security departments have rushed to the scene to search for the missing.
The Ministry of Emergency Management has sent personnel to the scene to guide the rescue efforts.

Rescuers work at the site of a landslide in Bijie, southwest China’s Guizhou Province, Jan. 4, 2022. (Xinhua/Yang Wenbin)