Connect with us

China

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ယဉ်ကျေးမှုအမွေအနှစ်နေရာ ၁,၇၀၀ ကျော်အား ပြန်လည်ပြုပြင်လျက်ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် Hejin မြို့ရှိ Lianbo ကျေးရွာအနီး၌ အောက်တိုဘာ ၁ ရက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော မြစ်ဝါမြစ်ကမ်းခြေအား တွေ့ရစဉ်(ဆင်ဟွာ)

ထိုက်ယွမ် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်၌ အောင်တိုဘာ ၁၀ ရက် နေ့လည်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယဉ်ကျေးမှုအမွေအနှစ်နေရာ စုစုပေါင်း ၁,၇၆၃ ခုအား ပြုပြင်ဆောင်ရွက်နေကြောင်း ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်ဗျူရိုက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းတို့တွင် အဓိက အမျိုးသားအဆင့် ကာကွယ်ထိန်းသိမ်းမှုအောက်ရှိ နေရာ ၁၇၇ နေရာ နှင့် ပြည်နယ်အဆင့် ကာကွယ်ထိန်းသိမ်းမှုအောက်ရှိ နေရာ ၁၃၇ နေရာတို့ ပါဝင်ပြီး အဆိုပါနေရာများသည် တောင်စောင်းပတ်ပတ်လည် နှင့် အခြားအန္တရာယ်များကြောင့် မြေပြိုမှုများဖြင့် ရင်ဆိုင်နေရကြောင်း ဗျူရို၏ ပြောကြားချက်အရ သိရသည်။

ယဉ်ကျေးမှုအမွေအနှစ်များ နှင့် ယင်းနေရာတစ်ဝိုက်တွင် နေထိုင်သော ပြည်သူများ ဘေးကင်းလုံခြုံမှု ရှိစေရေး အန္တရာယ်များအား စောင့်ကြည့်ဖယ်ရှားရန် သက်ဆိုင်သည့်ဌာနများအား အမိန့်ပေးထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Over 1,700 cultural relic sites under repair after downpours hit China’s Shanxi
TAIYUAN, Oct. 11 (Xinhua) — A total of 1,763 cultural relic sites in north China’s Shanxi Province are under repair as of noon on Sunday due to heavy downpours, the provincial cultural relics bureau said on Monday.
They include 177 sites under key national-level protection and 137 under provincial-level protection that are facing landslides from surrounding slopes and other dangers, according to the bureau.
It has ordered related departments to monitor and eliminate dangers to ensure the safety of the cultural relics and the people living around the sites. Enditem
Photo – Aerial photo taken on Oct. 10, 2021 shows the flood-affected Yellow River beach near Lianbo Village in Hejin City, north China’s Shanxi Province. (Xinhua/Zhan Yan)