Connect with us

Asia

တရုတ်-အာဆီယံ ဆက်ဆံရေးအကြောင်း A မှ Z အထိ အက္ခရာစဉ်လိုက် ဖော်ပြချက်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနေရာ၌ လမ်းလျှောက်နေသူများအား စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဝင် ၁၀ နိုင်ငံတို့သည် နှစ်ဦးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု နှစ်ပေါင်း ၃၀ ကြာမြင့်ပြီးနောက် အောင်မြင်၍ အားမာန်ပြည့်ဝသော နှစ်ဘက်ဆက်ဆံရေး၏ ဥပမာကောင်းကို ချမှတ်လျက်ရှိပြီး အခွင့်အလမ်းသစ်များပြည့်လျှံနေသော စတင်မှတ်အသစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လာအိုနိုင်ငံ ဗီယက်နမ်နိုင်ငံ ဗီယင်ကျန်းမြို့ပြင်ပရှိ တရုတ်-လာအို ရထားလမ်း၏ လမ်းပိုင်းတစ်နေရာအား နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Dongxing ဆိပ်ကမ်းသို့ ထရပ်ကားတစ်စီး ဝင်ရောက်လာသည်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင် နိုင်ငံတကာလေဆိပ်တွင် တရုတ်နိုင်ငံမှ လှူဒါန်းထားသော Sinovac COVID-19 ကာကွယ်ဆေးများအား လွှဲပြောင်းနေသော အလုပ်သမားတစ်ဦးအား နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ပူထရာဂျာယာတွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် မလေးရှားအေးခဲဒူးရင်းသီး ပထမအသုတ် မိတ်ဆက်ခြင်းအခမ်းအနား၌ ဒူးရင်းသီးများအား ၂၀၁၉ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သော အာဆီယံအုပ်စုတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများပါဝင်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ ကုန်ပစ္စည်းများ ရွေးချယ်နေသူများအား စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၁၉၉၁ ခုနှစ်တွင် ဆွေးနွေးဖက်ဆက်ဆံရေး ရှေ့ဆက်ခဲ့ချိန်မှစ၍ တရုတ်-အာဆီယံ ဆက်ဆံရေး၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆင်ဟွာသတင်းဌာနက အင်္ဂလိပ်အက္ခရာစဉ် ၂၆ လုံးဖြင့်စာရင်းပြုစုကာ မီးမောင်းထိုးဖော်ပြထားသည်။

A – နှစ်ပတ်လည် (Anniversary)
၂၀၂၁ ခုနှစ်သည် တရုတ်နိုင်ငံနှင့် အာဆီယံကြား ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ်ပေါင်း ၃၀ ပြည့်မြောက်သည် အခါသမယဖြစ်သည်။ ၁၉၉၁ ခုနှစ်မှစ၍ နှစ်ဘက်တို့သည် ဘက်စုံပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်း ကြွယ်ဝချမ်းသာမှုကို မြှင့်တင်ရန်နှင့် ဒေသတွင်းရှိ ပြည်သူများထံ အမှန်တကယ် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးရန် ကတိကဝတ်ပြုထားလျက်ရှိသည်။

B – ရပ်ဝန်းနှင့် ပိုးလမ်းမ (Belt and Road Initiative)
တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု မြှင့်တင်ခြင်းနှင့် စီးပွားရေးနာလန်ထူမှု ပံ့ပိုးခြင်း ဦးတည်လမ်းကြောင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ နောက်ဆုံးတိုးတက်မှုအဖြစ် တရုတ်-လာအိုရထားလမ်းအား ဒီဇင်ဘာ ၃ ရက်၌ စတင်ပြေးဆွဲခဲ့ပြီး အရှေ့တောင်ရှရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုအား ကုန်းတွင်းချိတ်ဆက် အချက်အချာနေရာအဖြစ် ပြောင်းလဲပေးခဲ့သည်။

C – နီးကပ်လာသော ကံကြမ္မာအကျိုးတူ အသိုက်အဝန်း (Closer community with a shared future)

အိမ်နီးချင်းကောင်းများနှင့် နှစ်ဦးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု၏ တောက်ပသောလမ်းကြောင်းအား ချဲ့ထွက်လျက် တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ပိုမိုနီးကပ်လာသော ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ဆောက်ခြင်းနှင့် လူသားများ တိုးတက်မှုအကြောင်းရင်းအား အဓိကကျသော ကူညီထောက်ပံ့မှုကို ချမှတ်ခြင်းဆီ ဦးတည်ကြိုးပမ်းလျက်ရှိသည်။

D – ဒစ်ဂျစ်တယ် အုပ်ချုပ်မှုစနစ်ဆွေးနွေးမှု (Digital Governance Dialogue)

တရုတ်-အာဆီယံ ဒစ်ဂျစ်တယ် အုပ်ချုပ်ရေးစနစ်ဆွေးနွေးမှုသည် ဒစ်ဂျစ်တယ်နည်းပညာ၏ တီထွင်ဆန်းသစ်မှုရှိသော ဆောင်ရွက်မှု နက်ရှိုင်းမှုရှိစေရန် အဆိုပြုထားသည်။

E – စီးပွားရေးနာလန်ထူမှု (Economic recovery)
တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ကပ်ရောဂါအလွန် ဒေသတွင်းစီးပွားရေးနာလန်ထူမှု မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့လျက်ရှိသည်။ တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများက COVID-19 ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးနာလန်ထူရေးအား ပံ့ပိုးကူညီရန် လာမည့်သုံးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကို အာဆီယံအား ထောက်ပံ့ရန် ကတိပြုထားသည်။

F – လွတ်လပ်သောကုန်သွယ်မှုဧရိယာ (Free Trade Area)

၂၀၁၀ ပြည့်နှစ်က အသက်ဝင်လာသော တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဧရိယာ (FTA) အရ စည်းကြပ်ခွန်များအား လျှော့ချလျက်ရှိပြီး နှစ်ဘက်ကုန်သွယ်ရေးမှာ တိုးတက်မှုခိုင်မာလာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် FTA အဆင့်မြင့်လုပ်ထုံးလုပ်နည်း အပြည့်အဝအကောင်အထည်ဖော်ပြီးနောက် အစောဆုံးအနေဖြင့် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဧရိယာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်အသစ် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

G – အစိမ်းရောင်စီးပွားရေး (Green economy)

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် အစိမ်းရောင်စီးပွားရေး အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေလျက်ရှိခြင်း၊ နှစ်ဦးနှစ်ဖက် အကျိုးရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်မှု ရရှိရန် အစိမ်းရောင်၊ ကာဗွန်လျှော့ချမှု၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများ ရှာဖွေရန် ကြိုးပမ်းလျက်ရှိသည်။

H – ကျန်းမာရေးအကာအကွယ် (Health shield)

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ဒေသအတွက် “ကျန်းမာရေးအကာအကွယ်” တစ်ခု တည်ထောင်သွားမည် ဖြစ်သည်။ တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများအား COVID-19 ကာကွယ်ဆေး သန်း ၁၅၀ ထပ်တိုး လှူဒါန်းရန်၊ ကာကွယ်ဆေး ပူးတွဲထုတ်လုပ်မှုနှင့် နည်းပညာလွှဲပြောင်းမှု ထူထောင်ရန်နှင့် မရှိမဖြစ်ဆေးဝါးများ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွန်ရန် ကတိပြုခဲ့သည်။

I – တီထွင်ဆန်းသစ်မှု (Innovation)

တီထွင်ဆန်းသစ်မှုကို မြှင့်တင်ရန် တရုတ်-အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုမြှင့်တင်ရေး အစီအစဉ်အား ကြေညာတော့မည်ဖြစ်သည်။ အဆိုပါ အစီအစဉ်အရ တရုတ်နိုင်ငံသည် အာဆီယံအား အဆင့်မြင့်နှင့် ဆက်စပ်နည်းပညာ အမျိုးအစား ၁,၀၀၀ ပံ့ပိုးရန်နှင့် လာမည့်ငါးနှစ်အတွင်း အာဆီယံမှ လူငယ်သိပ္ပံပညာရှင် ၃၀၀ ဦးအား ဖလှယ်မှုအဖြစ် တရုတ်နိုင်ငံသို့ လာရောက်ရေး အစီအစဉ်အား ထောက်ပံ့သွားမည်ဖြစ်သည်။

J – ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ပူးတွဲကြိုးပမ်းအားထုတ်မှုများ (Joint efforts against COVID-19)

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရချိန်တွင် ၎င်းတို့အမြဲတစေ လုပ်ဆောင်ခဲ့သည့်အတိုင်း ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါအတွင်း တစ်ဦးနှင့်တစ်ဦး ပံ့ပိုးကူညီလျက်ရှိကြောင်း၊ ကံ ကြမ္မာအကျိုးတူအသိုက်အဝန်း သဘောထားကို ပိုမိုအားကောင်းလာစေရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

K – ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသိပညာကွန်ရက် (Knowledge Network for Development)

တရုတ်နိုင်ငံသည် တရုတ်-အာဆီယံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသိပညာကွန်ရက်တစ်ခု တည်ထောင်ရေး ပံ့ပိုးလျက်ရှိသလို ညီမျှ၍ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ အာဆီယံနှင့် ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရန် ကတိပြုထားခဲ့သည်။

L – လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (Lancang-Mekong Cooperation)

၂၀၁၆ ခုနှစ်တွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများက ၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့သော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် အာဆီယံကြား အရေးပါသော ဒေသခွဲပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်လာခဲ့သည်။ ထို့ပြင် ကွန်ရက်ချိတ်ဆက်မှု၊ စက်မှုလုပ်ငန်းစွမ်းဆောင်မှု၊ ရေအရင်းအမြစ်များ၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အပါအဝင် ပုံမှန်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုသည် ဒစ်ဂျစ်တယ်စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ ကျန်းမာရေးနှင့် အကောက်ခွန်ကဲ့သို့သော နယ်ပယ်အသစ်များ ချဲ့ထွင်လျက်ရှိသည်။

M – သဘောထားကွဲလွဲမှုများကို စီမံခန့်ခွဲခြင်း

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် တစ်နိုင်ငံ၏ အဓိကစိုးရိမ်ပူပန်မှုများကို တစ်နိုင်ငံက ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများကို တစ်နိုင်ငံက လေးစားလျက်ရှိကြောင်း၊ တောင်တရုတ်ပင်လယ်အရေး အပါအဝင် သဘောထားကွဲလွဲမှုများကို အပြန်အလှန် ရိုသေလေးစားမှုနှင့် စေ့စပ်ညှိနှိုင်းမှုအပေါ် အခြေခံလျက် ဆွေးနွေးမှုမှတစ်ဆင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်လျက်ရှိကြောင်း သိရသည်။

N – အိမ်နီးချင်းများ (Neighbors)

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် အိမ်နီးချင်းများဖြစ်ကြသည်။ အပြန်အလှန်ကူညီမှုဖြင့် ၎င်းတို့၏ ဓလေ့အစဉ်အလာကို မျှဝေလျက်ရှိကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကြည့်ရှုလျက် ချစ်ကြည်မှု၊ ရိုးသားမှု၊ အပြန်အလှန်အကျိုးပြုမှုနှင့် အားလုံးပါဝင်မှု စည်းမျဉ်းအား လေးစားလျက်ရှိကြောင်းသိရသည်။

O – ပွင့်လင်းမှု (Openness)
အရှေ့အာရှ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းမှ ဉာဏ်ပညာအား ဆွဲဆောင်လျက် တရုတ်နိုင်ငံ အာဆီယံတို့သည် သဘောထားကြီးစွာဖြင့် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုအား ပဲ့ကိုင်မောင်းနှင်လျက်ရှိကြောင်း၊ ညီမျှသောရပ်တည်ချက် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် အာဆီယံဦးဆောင်သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်လျက်ရှိကြောင်းနှင့် ပွင့်လင်းပြီး ချန်လှပ်ထားခြင်းမရှိဘဲ အားလုံးပါဝင်သောသဘောထားဖြင့် ချစ်ကြည်ရင်းနှီးမှုအား ရှေ့ဆက်လျက်ရှိကြောင်း သိရသည်။

P – ဦးစားပေးခြင်း (Priority)

တရုတ်နိုင်ငံသည် အာဆီယံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းအဖြစ် ဖြစ်ခဲ့၊ ဖြစ်မြဲဖြစ်လျက်နှင့် အမြဲတစေရှေ့ဆက်သွားမည်ဖြစ်သလို ၎င်း၏ အိမ်နီးချင်းသံခင်းတမန်ခင်းတွင် အာဆီယံအား မြင့်မားသောဦးစားပေးမှုအဖြစ် မဆုတ်မနစ်မှတ်ယူထားမည်ဖြစ်သည်။

Q – အရည်အသွေးရှိသော ထုတ်ကုန်တင်သွင်းမှုများ (Quality product imports)

တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လာမည့်ငါးနှစ်အတွင်း အာဆီယံမှ ဒေါ်လာ ၁၅၀ ဘီလီယံအထက်တန်ဖိုးရှိသော စိုက်ပျိုးရေးထုတ်ကုန်များ အပါအဝင် အရည်အသွေးရှိထုတ်ကုန်များ ပိုမိုတင်သွင်းရန် စီစဉ်ထားသည်။

R – ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP)

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်တို့နှင့်အတူ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ဖြစ်သော ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်အား ပူးတွဲအဆုံးသတ် လက်မှတ်ရေးထိုးခဲ့ကြပြီး အဖွဲ့ဝင် ၁၅ နိုင်ငံတို့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အဆိုပါ သဘောတူညီချက်အား အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။

S – စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable development)

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်အတူ ရာသီဥတုတုံ့ပြန်ရေး၊ ဆက်သွယ်ရေးမူဝါဒ မြှင့်တင်ရေးနှင့် အတွေ့အကြုံမျှဝေမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်အား စုပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုအား ဖွင့်လှစ်ရန် အသင့်ရှိကြောင်း သိရသည်။

T – ထိပ်တန်းကုန်သွယ်ဖက် (Top trading partner)

တရုတ်နိုင်ငံသည် ၁၂ နှစ်ဆက်တိုက် အာဆီယံ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်ရှိနေခဲ့သည်။ အာဆီယံသည်လည်း ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာခဲ့သည်။ နှစ်ဘက်ကုန်သွယ်မှုသည် တိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ယခုနှစ် ပထမလ ၁၁ လအတွင်း ၂၉.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

U – ဆက်ဆံရေး အဆင့်မြှင့်တင်ခြင်း (Upgraded relations)

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ဆက်ဆံရေးသမိုင်းမှတ်တိုင်သစ်အဖြစ် ၎င်းတို့၏ ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပူးတွဲအဆင့်မြှင့်တင်ခဲ့ကာ ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ကြွယ်ဝချမ်းသာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုသို့ တွန်းအားသစ် ဖြည့်တင်းသွားမည်ဖြစ်သည်။

V – ယုံကြည်မှုမဲ (Vote of confidence)

တရုတ်-အာဆီယံ ဘုံဖွံ့ဖြိုးတိုးတက်မှုတွင် ယုံကြည်မှုမဲအဖြစ် နည်းလမ်းနှစ်သွယ် ရင်းနှီးမြှုပ်နှံမှုသည် အသိအမှတ်ပြုလောက်ဖွယ် တိုးတက်မှုရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဇွန်လမကုန်မီအထိ တစ်စတစ်စ တိုးတက်လာသော နည်းလမ်းနှစ်သွယ် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၁၀ အထိ ရောက်ရှိခဲ့သည်။

W – ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ် (Winter Olympics 2022)

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည့် ပေကျင်းဆောင်းရာသီအိုလံပစ်နှင့် ဟန်ကျိုး အာရှအားကစားပွဲများသည် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်များကြား အားကစား ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိစေရန် အခွင့်အလမ်းကောင်းများကို ကမ်းလှမ်းလျက်ရှိသည်။

X – ကုန်စည်ပြပွဲ (eXpo)

၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နှစ်စဉ် ကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည်လည်း တရုတ်နိုင်ငံနှင့် အာဆီယံကြား ကုန်သွယ်မှုနှင့် နှစ်ဘက်ဆက်ဆံရေး မြှင့်တင်ခြင်းအတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။

Y-လူငယ် (Youth)
ငယ်ရွယ်သောသူများသည် တရုတ်နိုင်ငံနှင့် အာဆီယံ၏ အနာဂတ်ကို ကိုယ်စားပြုလျက်ရှိသည်။ တရုတ်နိုင်ငံသည် အာဆီယံနှင့် သက်မွေးဝမ်းကျောင်းပညာရေးနှင့် ဒီပလိုမာလက်မှတ်များ အပြန်အလှန် အသိအမှတ်ပြုမှု မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ လူငယ်ခေါင်းဆောင်များ ပညာသင်ဆု လက်ခံသောအရေအတွက် တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် လူငယ်ကမ့် (camps) ကဲ့သို့ အစီအစဉ်များ စုစည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Z – စည်းကြပ်ခွန် သုညအထိ လျှော့ချခြင်း (Zero-tariff)

တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည် ၉၀ ရာခိုင်နှုန်းကျော်သည် တရုတ်-အာဆီယံ FTA အောက်တွင် စည်းကြပ်ခွန်သုညဖြင့် ကုန်သွယ်လျက်သည်။ (Xinhua)

————————————
(English Version)
Yearender: The A to Z of China-ASEAN relationship
2021-12-30 14:26:14
BANGKOK, Dec. 30 (Xinhua) — After 30 years of win-win cooperation, China and the 10-member Association of Southeast Asian Nations (ASEAN) have set a fine example of successful and vibrant bilateral relations, which have come to a new starting point brimmed with new opportunities.
Established in 1967, ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.
Xinhua compiled a list of 26 keywords that highlight the development of China-ASEAN relations since they forged dialogue relations in 1991.

A – Anniversary
The year 2021 marks the 30th anniversary of the establishment of dialogue relations between China and ASEAN. Since 1991, the two sides have remained committed to promoting regional prosperity with comprehensive cooperation and bringing tangible benefits to people in the region.
B – Belt and Road Initiative
The Belt and Road cooperation between China and ASEAN continues to make headway, which promotes regional connectivity and supports economic recovery. In the latest progress, the China-Laos Railway started operation on Dec. 3, putting the landlocked Southeast Asian country on track to a land-linked hub.

C – Closer community with a shared future
Exploring a bright path of good-neighborliness and win-win cooperation, China and ASEAN have taken strides toward building a closer community with a shared future and made important contributions to the cause of human progress.

D – Digital Governance Dialogue
A China-ASEAN Digital Governance Dialogue has been proposed to deepen innovative application of digital technology.

E – Economic recovery
China and ASEAN are expanding cooperation to boost post-pandemic regional economic recovery. China vows to provide ASEAN with 1.5 billion U.S. dollars of development assistance in the next three years to support ASEAN countries’ fight against COVID-19 and efforts for economic recovery.
F – Free Trade Area
Thanks to the China-ASEAN Free Trade Area (FTA), coming into effect in 2010, tariffs have been reduced, driving a vigorous growth in bilateral trade. The two sides plan to work toward a new round of upgrade of the China-ASEAN FTA at an early date after full implementation of an upgrading protocol of the FTA in 2019, and enhance the level of trade and investment liberalization and facilitation.

G – Green economy
China and ASEAN are seeking to strengthen cooperation in the green economy, striving to explore green, low-carbon, circular and sustainable development paths to achieve win-win economic development and environmental protection.

H – Health shield
China and ASEAN will build a “health shield” for the region. China vows to donate an additional 150 million doses of COVID-19 vaccines to ASEAN countries, step up vaccine joint production and technology transfer, and collaborate on research and development of essential medicines.

I – Innovation
To boost innovation, a China-ASEAN Science, Technology and Innovation Enhancing Program will be launched. Under the program, China will provide 1,000 items of advanced and applicable technology to ASEAN and support a program for 300 young scientists from ASEAN to come to China for exchanges in the next five years.
J – Joint efforts against COVID-19
China and ASEAN support each other during the COVID-19 pandemic, like they always do in the face of challenges, forging a stronger sense of being a community with a shared future.

K – Knowledge Network for Development
China supports the establishment of a China-ASEAN Knowledge Network for Development and vows to strengthen exchanges and cooperation with ASEAN on poverty reduction to promote balanced and inclusive development.

L – Lancang-Mekong Cooperation
The Lancang-Mekong Cooperation, launched in 2016 by China, Cambodia, Laos, Myanmar, Thailand and Vietnam, has become an important sub-regional cooperation mechanism between China and ASEAN. Besides traditional areas including connectivity, industrial capacity, water resources, agriculture and poverty reduction, cooperation has extended to new fields such as digital economy, environmental protection, health and customs.

M – Managing disagreements
China and ASEAN have accommodated each other’s major concerns, respected each other’s development paths, properly handled disagreements on topics including the South China Sea issue through dialogue based on mutual respect and consultation, and jointly safeguarded regional peace and stability.
N – Neighbors
China and ASEAN are neighbors. With mutual assistance being their shared tradition, they look out for each other and honor the principle of amity, sincerity, mutual benefit and inclusiveness.

O – Openness
Drawing wisdom from East Asian civilization, China and ASEAN have steered regional economic integration with an open mind, advanced ASEAN-led regional cooperation through equal-footed consultation, and forged friendships that are open, not exclusionary, with an inclusive attitude.

P – Priority
China was, is, and will always be ASEAN’s good neighbor, good friend and good partner, unswervingly taking ASEAN as a high priority in its neighborhood diplomacy.

Q – Quality product imports
China plans to import more quality products from ASEAN countries, including buying up to 150 billion dollars worth of agricultural products from ASEAN in the next five years.
R – RCEP
ASEAN and China have jointly concluded and signed the Regional Comprehensive Economic Partnership (RCEP) agreement, the world’s largest free trade agreement, together with Japan, South Korea, Australia and New Zealand in November 2020, and the 15 countries are pushing ahead with plans to implement it on Jan. 1, 2022.

S – Sustainable development
China and ASEAN have enhanced cooperation in various fields for sustainable development. China is ready to open a dialogue with ASEAN on climate response, increase policy communication and experience sharing, and synergize each other’s plans for sustainable development.

T – Top trading partner
China has remained as ASEAN’s top trading partner for 12 consecutive years, while ASEAN became China’s largest trading partner in 2020. Bilateral trade maintained robust growth momentum, surging 29.8 percent in the first 11 months of this year.

U – Upgraded relations
China and ASEAN jointly elevated their ties to a comprehensive strategic partnership in November 2021, a new milestone in their relations, which will inject new impetus into peace, stability, prosperity and development of the region and the world.

V – Vote of confidence
As a vote of confidence in China-ASEAN common development, two-way investment has seen notable progress. By the end of June 2021, the cumulative two-way investment topped 310 billion U.S. dollars.

W – Winter Olympics 2022
The Beijing Winter Olympics and the Hangzhou Asian Games, to be hosted by China in 2022, will offer good opportunities for deepening sports exchanges and cooperation between China and ASEAN countries.
X – eXpo
Inaugurated in 2004, the China-ASEAN Expo, an event held annually in south China’s Guangxi Zhuang Autonomous Region, has become an important platform for promoting trade and bilateral relations between China and ASEAN.

Y – Youth
The young people represent the future of China and ASEAN. China will enhance cooperation with ASEAN in vocational education and mutual recognition of diplomas, increase the number of recipients of the China-ASEAN Young Leaders Scholarship, and organize events like youth camps.

Z – Zero-tariff
More than 90 percent of the goods between China and ASEAN countries can be traded at zero tariff, under the China-ASEAN FTA. ■
1-People walk out of the venue of the 18th China-ASEAN Expo in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 13, 2021. (Xinhua/Lu Boan)
2-Aerial photo taken on Nov. 21, 2021 shows a section of the China-Laos Railway on the ourskirts of Vientiane, Laos. (Photo by Kaikeo Saiyasane/Xinhua)
3-A truck enters Dongxing Port in south China’s Guangxi Zhuang Autonomous Region, Dec. 27, 2019. (Xinhua/Yang Chi)
4-A worker transfers a batch of Sinovac COVID-19 vaccines donated by China at the Phnom Penh International Airport in Phnom Penh, Cambodia, Nov. 17, 2021. (Photo by Phearum/Xinhua)
5-Durians are served at the flag-off ceremony of the first batch of Malaysian whole frozen durian to China, in Putrajaya, Malaysia, June 17, 2019. (Xinhua/Chong Voon Chung)
6-Chinese Premier Li Keqiang and leaders of other countries attend the signing ceremony of the Regional Comprehensive Economic Partnership (RCEP) agreement after the fourth RCEP Summit, which is held via video link, Nov. 15, 2020. (Xinhua/Zhang Ling)
7-People select goods at the 18th China-ASEAN Expo in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 11, 2021. (Xinhua/Lu Boan)