Connect with us

Africa & Middle East

တောင်အာဖရိကနိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေး အသုံးပြုမှု ခွင့်ပြု

တောင်အာဖရိကနိုင်ငံ Cape Town မြို့ရှိ ကာကွယ်ဆေးထိုးနှံသည့် စင်တာ၌ မေ ၇ ရက်က ကာကွယ်ဆေး ထိုးနှံရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘတ် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

တောင်အာဖရိက ကျန်းမာရေးထုတ်ကုန်များထိန်းသိမ်းရန် တာဝန်ပေးထားသည့်အဖွဲ့(SAHPRA)က တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်သည့် CoronaVac COVID-19 ကာကွယ်ဆေး အသုံးပြုမှုကို ခွင့်ပြုကြောင်း ဇွန် ၃ ရက်တွင် ကြေညာခဲ့သည်။ကာကွယ်ဆေး နောက်ဆုံးအတည်ပြုချက်ကို မတ် ၂၂ ရက် နှင့် ဇွန် ၂၂ ရက်အကြား အဖွဲ့အစည်းထံ တင်သွင်းခဲ့သည့် “ဘေးကင်းမှု ၊ အရည်အသွေး နှင့် အစွမ်းထိရောက်မှု အချက်အလက်”တို့အပေါ်တွင် အခြေခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်အာဖရိကနိုင်ငံ Cape Town မြို့ရှိ ကာကွယ်ဆေးထိုးနှံသည့် စင်တာ၌ မေ ၇ ရက်က ကာကွယ်ဆေး ထိုးနှံရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ယင်းခွင့်ပြုချက်သည် အခြေအနေများစွာနှင့် သက်ဆိုင်ကြောင်း ၊ အထူးသဖြင့် လျှောက်ထားသူသည် လက်ရှိအခြေအနေတွင် လက်တွေ့လေ့လာမှုများ၏ နောက်ဆုံးရလဒ်များကို တင်သွင်းရန် လိုအပ်ကြောင်း SAHPRA က ပြောကြားခဲ့သည်။

SAHPRA သည် ယင်းကာကွယ်ဆေးအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အရေးပေါ်အသုံးပြုမှုစာရင်း ထုတ်ပြန်ချက်ကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အခြေအနေများသည် SAHPRA လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ဘေးကင်းလုံခြုံမှုဆိုင်ရာ နောက်ဆုံးအခြေအနေများကို တင်ပြရန် လိုအပ်ကြောင်း နှင့် အတည်ပြုထားသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု အစီအစဉ်တွင် ဖော်ပြထားသည့်အတိုင်း pharmacovigilance လှုပ်ရှားမှုများနှင့် ကိုက်ညီကြောင်း ဖော်ပြထားသည်။ (Xinhua)

#China #S.Africa #vaccine #Sinovac #CoronaVac #တရုတ်နိုင်ငံ #တောင်အာဖရိကနိုင်ငံ #ကာကွယ်ဆေး #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

————————————————
(English Version)

S. Africa approves use of China’s Sinovac COVID-19 vaccine

JOHANNESBURG, July 3 (Xinhua) — The South African Health Products Regulatory Authority (SAHPRA) on Saturday announced that it had authorized the use of the CoronaVac COVID-19 vaccine developed by Chinese pharmaceutical company Sinovac Biotech.

The latest vaccine approval was based on the “safety, quality and efficacy data” submitted to the regulator between March 22 and June 22, it said in a statement.
“The authorisation is subject to a number of conditions. Specifically, the applicant is required to submit the final results of ongoing clinical studies,” said the authority. “SAHPRA also took account of the World Health Organization Emergency Use Listing report on this vaccine.”

“In addition, the conditions require the submission of periodic safety updates in accordance with SAHPRA guidance, and conformance with pharmacovigilance activities as outlined in the approved risk management plan,” it said. ■

Photo 1 .People wait to get inoculated against COVID-19 at a vaccination site in Cape Town, South Africa, May 7, 2021.(Xinhua/Fred Baker)
Photo 2.People receive COVID-19 vaccines in Johannesburg, South Africa, on April 28, 2021. (Xinhua/Matthew Martin Brink)