Connect with us

ASEAN

နိုင်ငံနှင့်ဒေသ ၄၆ ခုမှ ကာကွယ်ဆေးထိုးပြီးသော ခရီးသွားများ (q)ဝင်ရန်မလိုဘဲ ထိုင်းနိုင်ငံက ပြည်ဝင်ခွင့်ပြုတော့မည်

ဘန်ကောက် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသည့် ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၄၆ ခုမှ ကာကွယ်ဆေးထိုးနှံထားပြီးသော ခရီးသွားဧည့်သည်များကို နိုဝင်ဘာလမှ စတင်ကာ ကွာရန်တင်း(q) ဝင်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံက ကြာသပတေးနေ့နှောင်းပိုင်းတွင် ကြေညာခဲ့သည်။တရုတ် ၊ အမေရိကန် ၊ ဗြိတိန် နှင့် မလေးရှား အပါအဝင် ဝင်ရောက်ခွင့်ပြုသော နိုင်ငံစာရင်းကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန(MFA)က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်က ကာကွယ်ဆေးထိုးနှံမှုခံယူနေသော ထိုင်းရဟန်းတော်များအားတွေ့ရစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ဝင်ခွင့်ပြုထားသော နိုင်ငံများမှ ခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း မဝင်ရောက်မီ COVID-19 ရောဂါကင်းရှင်းကြောင်း ၎င်းတို့၏ ဆေးစစ်ချက်ကို ထုတ်ဖော်ပြသပြီးသည်နှင့်တစ်ပြိုင်နက် ထိုင်းနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Tanee Sangrat က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်က ကာကွယ်ဆေးထိုးနှံမှုခံယူနေသော ထိုင်းရဟန်းတော်များအားတွေ့ရစဉ်(ဆင်ဟွာ)

ပြီးခဲ့သော ရက်သတ္တပတ်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာမည့် ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသည့် အနည်းဆုံးကမ္ဘာ့နိုင်ငံနှင့်ဒေသ ၁၀ ခုမှ ကာကွယ်ဆေးထိုးနှံထားပြီးသော ခရီးသွားများကို လာမည့်ရှေ့လမှ စတင်ကာ ကွာရန်တင်း(q) ဝင်ရောက်ခြင်း ကနဦး ကင်းလွတ်ခွင့်ပေးမည်ဟု ထုတ်ဖော်ကြေညာပြီးနောက် ယခုကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်က ကာကွယ်ဆေးထိုးနှံမှုခံယူနေသော ထိုင်းရဟန်းတော်များအားတွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍဖြင့် ၎င်း၏ နိုင်ငံ့စီးပွားရေးကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းအားထုတ်နေသည်။ COVID-19 ရောဂါမစတင်မီ ထိုင်းနိုင်ငံ၏ စုစုပေါင်းအသားတင်ထုတ်ကုန်တန်ဖိုး(GDP)သည် ခရီးသွားကဏ္ဍမှ ၂၀ ရာခိုင်နှုန်းအထိ ဝင်ငွေရရှိနေခဲ့ရာ ကပ်ရောဂါရိုက်ခတ်မှုကြောင့် ပြင်းစွာ ထိခိုက်ခံစားခဲ့ရကြောင်း သိရသည်။(Xinhua)

———————————————–
(English Version)
Thailand to allow vaccinated visitors from 46 low-risk places without quarantine
BANGKOK, Oct. 21 (Xinhua) — Thailand announced late Thursday that it will allow vaccinated visitors from 46 low-risk countries and regions to enter Thailand without quarantine from November.
The list, which includes China, the United States, Britain and Malaysia, was released by Thailand’s Ministry of Foreign Affairs (MFA).
Beginning Nov. 1, the eligible travelers will be allowed to travel freely in Thailand once they pass their post-arrival COVID-19 test, according to MFA spokesman Tanee Sangrat.
The announcement came after Thai Prime Minister Prayut Chan-o-cha said last week that the country would initially allow vaccinated travelers from at least 10 low-risk countries and regions to enter by air without quarantine requirements from next month.

Thailand is beefing up efforts to revive its economy as the tourism sector, the main growth engine that contributed roughly 20 percent of the country’s GDP before COVID-19, has been hit hard by the pandemic. Enditem

Photos- Thai Buddhists receives a dose of the COVID-19 vaccine in Bangkok, Thailand, on July 31, 2021.