Connect with us

North America

ပင်တဂွန်စစ်ဌာနချုပ်၏ ပစိဖိတ်ပိတ်ဆို့မှုအစီအစဉ်(PDI)က ကျရှုံးမည်မှာ သေချာကြောင်း မရိန်းတပ် အရာရှိ(ဟောင်း)ပြော

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ကက်ပီတိုလွှတ်တော်အဆောက်အဦအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအား တန်ပြန်ထိန်းချုပ်ရန် ပင်တဂွန်စစ်ဌာနချုပ်၏ အစီအစဉ်တစ်ခုဖြစ်သည့် ပစိဖိတ်ပိတ်ဆို့မှုအစီအစဉ် Pacific Deterrence Initiative (PDI) သည် မစတင်ခင်ကပင် ကျရှုံးမည်မှာ သေချာကြောင်း အမေရိကန် မရိန်းတပ် ထောက်လှမ်းရေးအရာရှိ(ဟောင်း) Scott Ritter က ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ PDI အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံအသုံးပြုရန် အမေရိကန်ကွန်ဂရက်လွှတ်တော်က ခွင့်ပြုပေးခဲ့ရာ ယင်းမှာ “ ဆိုးရွားတဲ့မူဝါဒနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စစ်တပ်ဆီ ငွေကြေး အမြောက်အမြား ထပ်မံဖြည့်ဆည်းတဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်” ကို အမေရိကန်အစိုးရအနေဖြင့် ဆက်ကာဆက်ကာလုပ်ဆောင်နေခြင်းပင်ဖြစ်သည်ဟု ရုရှားရုပ်သံလွှင့်ဌာန RT ၏ မကြာသေးခင်က ထုတ်လွှင့်ခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

အကောင်းပြောရလျှင် PDI အစီအစဉ်သည် နှစ်ပေါင်းများစွာ အချိန်ယူကာ ဒေါ်လာဘီလီယံပေါင်းများစွာအသုံးပြုကာ အချိန်ဖြုန်းငွေဖြုန်းသော လုပ်ဆောင်ချက် တစ်ခုသာဖြစ်သည်ဟု “ You can’t win against China with billions of Pentagon dollars ” ပင်တဂွန်က ဒေါ်လာဘီလီယံပေါင်းများစွာအသုံးပြုလင့်ကစား တရုတ်နိုင်ငံအပေါ် အနိုင်မယူနိုင် ဟူသော ခေါင်းဆောင်စဉ်ဖြင့် ဖော်ပြထားသည့် ဆောင်းပါးထဲတွင် Scott Ritter က ဆိုသည်။

“ အဆိုးဆုံးကတော့ အမေရိကန်နိုင်ငံဟာ တရုတ်ရဲ့ လက်ရှိအစစ်အမှန်အနေအထားကို ဘာလုပ်ဘာကိုင်ရမှန်းမသိသလို ရှေ့နောက်မညီတဲ့ မူဝါဒတွေ နဲ့ ပြည်တွင်းက တွန်းအားပေးတဲ့ နိုင်ငံရေးရည်မှန်းချက်ကြောင့် မပြည့်မစုံမလုံမလောက်တဲ့ရံပုံငွေနဲ့ စစ်ဖက်ဆိုင်ရာ အစီအစဉ်ကိုအစပြုမယ့် အဆိုပြုချက်တစ်ခုဟာ သူ့ကိုသူ အရှုံးထဲမှာပဲ ပြန်ရှာရပါလိမ့်မယ် ” ဟု ၎င်းက နိဂုံးချုပ်ရေးသား ဖော်ပြခဲ့သည်။ (Xinhua)

——————————–
(English Version)
Pentagon’s Pacific Deterrence Initiative doomed to fail: former U.S. marine

MOSCOW, Dec. 26 (Xinhua) — The Pacific Deterrence Initiative (PDI), the Pentagon’s program to counter China, is doomed to fail before it even gets started, Scott Ritter, a former U.S. Marine Corps intelligence officer, has said.

U.S. Congress has authorized 7 billion U.S. dollars for the PDI, which continues Washington’s “flawed practice of throwing money at the military to solve problems created by bad policy,” Ritter said in an article recently published by the Russian broadcaster RT.

At best, the PDI will be a multi-year, multi-billion-dollar waste of time and money, he wrote in the article titled “You can’t win against China with billions of Pentagon dollars.”
“At worst, the United States will find itself on the losing end of a proposition by which an inadequately funded military initiative, backed by incoherent policy, and fueled by domestically driven political ambition, flounders on the shoals of Chinese reality,” he concluded.

Photo taken on Sept. 17, 2021 shows the U.S. Capitol building, seen through a barrier fence, in Washington, D.C., the United States. (Xinhua/Liu Jie)