Connect with us

China

ပေကျင်းဆောင်းရာသီ အိုလံပစ်သို့ အစိုးရကိုယ်စားလှယ်များ မစေလွှတ်ရေး အမေရိကန်ဦးဆောင်သည့် လှုပ်ရှားမှုကို တောင်ကိုရီးယား သမ္မတ ပယ်ချ

တရုတ်နိုင်ငံ မြို့တော် ပေကျင်း Shougang ဥယျာဉ် ရှိ အိုလံပစ်မီးတောက်ပြခန်းတွင် ပြသထားသော ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်အတွက် အိုလံပစ်မီးတောက်အား ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းက တောင်ကိုရီးယားအနေဖြင့် ပေကျင်း ဆောင်းရာသီအိုလံပစ်သို့ အစိုးရတာဝန်ရှိသူများ သို့မဟုတ် ကိုယ်စားလှယ်များ မစေလွှတ်ရေးအတွက် အမေရိကန်နိုင်ငံ ဦးဆောင်သည့် လှုပ်ရှားမှုအား “ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း” မကြာသေးမီက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံကို အမေရိကန်နိုင်ငံ သို့မဟုတ် အခြားမည်သည့်နိုင်ငံကမှ ပေကျင်း ဆောင်းရာသီအိုလံပစ်သို့ အစိုးရတာဝန်ရှိသူများ သို့မဟုတ် ကိုယ်စားလှယ်များ မစေလွှတ်ရန် ပြောကြားထားခြင်းမရှိကြောင်း မွန်ဂျေအင်းက ဩစတြေးလျနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ဒီဇင်ဘာ ၁၃ ရက်က မှတ်ချက်ပြုထားကြောင်း စင်ကာပူနိုင်ငံ တရုတ်ဘာသာစကားဖြင့်ထုတ်ဝေသော Lianhe Zaobao သတင်းစာ၌ ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် အိုလံပစ်အားကစားပွဲများအား ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၄ ရက်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………….
(English Version)
S. Korean president rejects U.S.-led move not to send gov’t officials to Beijing Winter Olympics
2021-12-16 14:47:30 Category:Politics, Law
SINGAPORE, Dec. 16 (Xinhua) — South Korean President Moon Jae-in has recently said Seoul “is not considering” U.S.-led move not to send government officials or representatives to the Beijing Winter Olympics.
He made the remarks on Monday during his visit to Australia, saying that Seoul has “not been asked by the United States or any other nation” to send no government officials or representatives to the Beijing Winter Olympics, Singapore’s Chinese-language newspaper Lianhe Zaobao reported.
The 2022 Olympic Winter Games will kick off in Beijing on Feb. 4. ■

Photo : The Olympic flame for the 2022 Beijing Winter Olympics is on display on the Flame Exhibition Tour at Shougang Park in Beijing, capital of China, on Dec. 13, 2021. (Xinhua/Zhang Chenlin)