Connect with us

COVID-19 UPDATES

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ရောဂါ ထိန်းချုပ်ရန် မြို့တော်နှင့် ဆက်သွယ်ထားသော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများဆိုင်းငံ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဘတ်စ်ကားများ ရပ်နားထားသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိပြီး မြို့တော် ဒါကာနှင့် ချိတ်ဆက်ထားသော သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအား ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် သောင်တင်နေသည့် ခရီးသွားများအား ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် သင်္ဘောများ ဆိုက်ကပ်ထားသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇွန် ၂၃ ရက် နံနက် ၁၂:၀၁ နာရီမှစတင်ကာ မြို့တော်မှ အဝင်၊ အထွက် ရထားများအားလုံးကို ဆိုင်းငံ့ရန် ဘင်္ဂလားဒေ့ရှ် မီးရထားလုပ်ငန်း (BR) က ဇွန် ၂၂ ရက်တွင် ထုတ်ပြန်ချက်၌ ကြေညာခဲ့သည်။

ယင်းသို့ ဆိုင်းငံ့ထားခြင်းအား ဇွန် ၃၀ အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း BR အဆင့်မြင့်အရာရှိ Sardar Shahadat Ali က သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် ရောဂါကူးစက်မှု ထိန်းချုပ်ရန် အရေးပေါ်ဆောင်ရွက်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဇွန် ၂၂ ရက်မှစ၍ မြို့တော်မှ ခရီးရှည် ဘတ်စ်ကား အဝင်၊ အထွက်များကိုလည်း ဆိုင်းငံ့ထားခဲ့ကြောင်း သိရသည်။

ဗိုင်းရပ်စ်အတွက် စိုးရိမ်မှု မြင့်တက်လာခြင်းကြောင့် ဒါကာမြို့တော်မှ နေရာများစွာသို့ သွားရောက်သည့် သင်္ဘောများကိုလည်း ရပ်နားထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန် ၂၄ ရက်၌ ထပ်မံသေဆုံးသူ ၈၁ ဦးရှိပြီး ထပ်မံရောဂါကူးစက်ခံရသူ ၆,၀၅၈ ဦး ရှိခဲ့ရာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၈၇၂,၉၃၅ ဦးနှင့် စုစုပေါင်းသေဆုံးသူ ၁၃,၈၆၈ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Bangladesh suspends transport services connecting capital to contain COVID-19
Source: Xinhua| 2021-06-24 21:25:42|Editor: huaxia
DHAKA, June 24 (Xinhua) — Bangladesh has suspended transport services linking capital Dhaka as the country strives to contain the spread of the COVID-19 pandemic.
Bangladesh Railway (BR) announced on Tuesday in a circular to suspend all trains to and from the capital city starting from 12:01 a.m. local time on Wednesday.
Sardar Shahadat Ali, a senior BR official, told journalists that the suspension would remain in force till June 30.
Also, long route buses to and from the capital city were suspended from Tuesday as part of emergency measures to contain the transmission of the disease.
Movement of ferries from the capital Dhaka to various destinations have already been halted due to growing concern over the virus.
Bangladesh reported 81 new fatalities and 6,058 fresh cases Thursday, taking the overall tally to 872,935 and death toll to 13,868. Enditem
1 – Buses are parked at a station in Dhaka, Bangladesh, on June 24, 2021. Bangladesh has suspended transport services linking capital Dhaka as the country strives to contain the spread of the COVID-19 pandemic. Bangladesh Railway (BR) announced on Tuesday in a circular to suspend all trains to and from the capital city starting from 12:01 a.m. local time on Wednesday. (Xinhua)
2 – Stranded travellers are seen in Dhaka, Bangladesh, on June 24, 2021. Bangladesh has suspended transport services linking capital Dhaka as the country strives to contain the spread of the COVID-19 pandemic. Bangladesh Railway (BR) announced on Tuesday in a circular to suspend all trains to and from the capital city starting from 12:01 a.m. local time on Wednesday. (Xinhua)
3 – Ferries are docked at a terminal in Dhaka, Bangladesh, on June 24, 2021. Bangladesh has suspended transport services linking capital Dhaka as the country strives to contain the spread of the COVID-19 pandemic. Bangladesh Railway (BR) announced on Tuesday in a circular to suspend all trains to and from the capital city starting from 12:01 a.m. local time on Wednesday. (Xinhua)