Connect with us

ASEAN

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု အရေအတွက် ၉၀၀,၀၀၀ ကျော်လာသဖြင့် ပညာရေးဌာနများ တိုးချဲ့ပိတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် COVID-19 ကာကွယ်ဆေး ထိုးနှံနေသည့် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိ COVID-19 အခြေအနေအရ ဇူလိုင် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးလော့ခ်ဒေါင်း (lockdown) ဆောင်ရွက်မည်ဖြစ်သဖြင့် ပညာရေးဌာနများ ပိတ်ထားခြင်းကို နောက်ထပ်တစ်လ ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါ ဆုံးဖြတ်ချက်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက ဇွန် ၂၉ ရက်၌ ကြေညာခဲ့ခြင်းဖြစ်ပြီး “အစ္စလာမ်မစ်စာသင်ကျောင်းများ အပါအဝင် အလယ်တန်းနှင့် အဆင့်မြင့်အလယ်တန်းအဆင့် ပညာရေးဌာနများအားလုံးကို ဇူလိုင် ၃၁ ရက်အထိ ဆက်လက်ပိတ်ထားမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့အား ယခင်က ဇွန် ၃၀ အထိ ပိတ်ထားခဲ့ခြင်းဖြစ်သည်။စာသင်ကျောင်းများ၏ အွန်လိုင်း ပညာရေးလှုပ်ရှားမှုကိုမူ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

ရောဂါပျံ့နှံ့မှုအား ပိုမိုထိရောက်စွာ ထိန်းချုပ်ရန် မရှိမဖြစ်ဝန်ဆောင်မှုများ ပံ့ပိုးခြင်းအတွက် ဇူလိုင် ၁ ရက်မှ ၇ ရက်အထိ ဘင်္ဂလားဒေ့ရှ်အစိုးရက “အပြည့်အဝလော့ခ်ဒေါင်း” ကြေညာခဲ့ပြီး တစ်ရက်အကြာ ယခုကဲ့သို့ နောက်ဆုံး ကျောင်းများ တိုးချဲ့ပိတ်ခြင်းဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် မတ် ၁၆ ရက်က COVID-19 ပျံ့နှံ့မှုထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် ပညာရေးဌာနများအားလုံး ပိတ်ထားရန် ကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ် မတ်လမှစ၍ ဗိုင်းရပ်စ်သည် ဘင်္ဂလားဒေ့ရှ်ရှိ ခရိုင်တိုင်းနီးပါးသို့ ပျံ့နှံ့ခဲ့ပြီး ဇွန် ၂၉ ရက်က သေဆုံးခဲ့သော ၁၁၂ ဦးနှင့်အတူ သေဆုံးသူ ၁၄,၃၈၈ ဦး အပါအဝင် စုစုပေါင်း ရောဂါဖြစ်ပွားမှု အရေအတွက်မှာ ၉၀၄,၄၃၆ ဦး ရှိကြောင်း သိရသည်။

ဇွန် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၈:၀၀ နာရီအထိ ၂၄ နာရီအတွင်း ရောဂါအသစ်ဖြစ်ပွားသူအသစ် စုစုပေါင်း ၇,၆၆၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်က ဇွန် ၂၉ ရက် ညနေပိုင်း၌ ပြောကြားခဲ့သည်။ (Xinhua)

——————————————–
(English Version)

Bangladesh extends closure of education institutions as COVID-19 cases surpass 900,000

DHAKA, June 29 (Xinhua) — The Bangladeshi government has extended the ongoing closure of educational institutions for another month in light of the current COVID-19 situation in the country which goes into nationwide lockdown from July 1.

The country’s Ministry of Education announced the decision on Tuesday, saying that “all secondary and higher secondary level educational institutions, including Islamic schools, would remain closed till July 31.”

Previously the closure was extended in phases till June 30.
Online academic activities of all schools and colleges will continue as usual, it added.
The latest closure extension came a day after the Bangladeshi government declared a “total lockdown” from July 1 to 7 except for entities providing essential services to control the spread of the disease more effectively.

Bangladesh on March 16 last year first announced to close all educational institutions in the country in an effort to halt the spread of the COVID-19.

Since March last year, the virus has spread to nearly every Bangladeshi district, and the total number of cases has risen to 904,436 with 14,388 deaths including 112 recorded on Tuesday.

The Directorate General of Health Services (DGHS) said on Tuesday evening that a total of 7,666 new cases were recorded in the previous 24 hours as of 8:00 a.m. local time Tuesday. Enditem

Photo : A woman receives the COVID-19 vaccine in Dhaka, Bangladesh, Feb. 7, 2021. Bangladesh has launched countrywide COVID-19 vaccination drive Sunday after a two-day pilot immunization program at the end of the last month. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.