Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက နည်းဗျူဟာမြောက် ပစ်မှတ်လမ်းညွှန်စနစ်တပ်ဆင်ထားသည့် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း အတည်ပြု

ပြုံးယမ်း ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK) က ထုတ်လုပ်နေသည့် လက်နက်စနစ်၏ တိကျမှုကို အတည်ပြုရန် ဇန်နဝါရီ ၁၇ ရက်တွင် နည်းဗျူဟာမြောက် ပစ်မှတ်လမ်းညွှန်စနစ်တပ်ဆင်ထားသည့် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA ဌာနက ယနေ့ ထုတ်လွှင့်ခဲ့သည်။မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက်နယ်မြေမှ ပစ်လွှတ်ခဲ့သည့် ယင်း နည်းဗျူဟာမြောက် ပစ်မှတ် လမ်းညွှန်စနစ်တပ်ဆင်ထားသည့် ဒုံးကျည်နှစ်စင်းသည် ကိုရီးယားအရှေ့ဘက်ပင်လယ်ရှိ ကျွန်းပစ်မှတ်တစ်ခုအား အတိအကျထိမှန်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယင်းစမ်းသပ်ပစ်လွှတ်မှုကို ကာကွယ်ရေးသိပ္ပံအကယ်ဒမီ ၊ ဒုတိယအဆင့် စီးပွားရေးကော်မရှင် နှင့် သက်ဆိုင်သည့် အခြားအဖွဲ့အစည်းများ၏ စီစဉ်မှုအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ကာကွယ်ရေးသိပ္ပံအကယ်ဒမီက လက်နက်စနစ်နှင့်သက်ဆိုင်သည့် လုပ်ဆောင်မှု၏ ထိရောက်မှု ၊ လုံခြုံမှု နှင့် စွမ်းရည်ပြည်ဝမှုတို့ကို အတည်ပြုခဲ့ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခုလအစောပိုင်း ဇန်နဝါရီ ၅ ရက်တွင် တစ်ကြိမ် နှင့် ၁၁ ရက်တွင် တစ်ကြိမ် အသံထက်မြန်သော ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် မီးရထားဖြင့်သယ်ဆောင်ပစ်ခတ်သည့် တာတိုပစ်ပဲ့ထိန်းဒုံးကျည် နှစ်စင်း အပါအဝင် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုသုံးကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)

DPRK confirms test-fire of tactical guided missiles

PYONGYANG, Jan. 18 (Xinhua) — The Democratic People’s Republic of Korea (DPRK) test-fired two tactical guided missiles on Monday to verify the accuracy of the weapon system under production, the official Korean Central News Agency (KCNA) reported on Tuesday.

“The two tactical guided missiles launched in the western area of DPRK precisely hit an island target in the East Sea of Korea,” the report said.
The test-fire was conducted under a plan of the Academy of Defence Science, the Second Economy Commission and other institutions concerned, it said, adding that the Academy of Defence Science confirmed the accuracy, security and efficiency of the operation of the weapon system concerned, the KCNA added.

Ealier this month, the DPRK conducted three missile tests, including a hypersonic missile on Jan. 5 and Jan. 11 respectively, and two railway-borne short-range ballistic missiles on Jan. 14. Enditem

Photo – Photo provided by Korean Central News Agency (KCNA) on Jan. 12, 2022 shows the Democratic People’s Republic of Korea (DPRK) conducting a “hypersonic gliding warhead” test. DPRK on Tuesday successfully conducted a “hypersonic gliding warhead” test, which was supervised by top leader Kim Jong Un and other top officials, the Korean Central News Agency reported on Wednesday. (KCNA via Xinhua)