Connect with us

Asia

ရုရှားနိုင်ငံက အာဖဂန်နိုင်ငံမှ လူ ၁,၀၀၀ ခန့်အား လက်ခံမည်

မော်စကို ၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသို့ ရောက်ရှိလာသော အာဖဂန်နိုင်ငံမှ လူ ၁,၀၀၀ ခန့်အား ကူညီပေးသွားမည် ဖြစ်ပြီး အထူးသဖြင့် ရုရှားနိုင်ငံသား အဖြစ် ခံယူထားသူ သို့မဟုတ် အခြားစာရွက်စာတမ်းများ ကိုင်ဆောင်ထားသူများဖြစ်ကြောင်း အာဖဂန် လူမျိုးများအတွက် ရုရှားစင်တာ၏ အကြီးအကဲက ဩဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ရုရှားနိုင်ငံသို့ လာရောက်လိုသူ ထောင်ချီရှိသည့်အတွက် ရုရှားတာဝန်ရှိသူများက အာဖဂန်နိုင်ငံသားများအဖြစ် တိကျသောအထောက်အထားများ ကိုင်ဆိုင်ထားသူများကို ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း Ghulam Mohammad Jalal ၏ ပြောကြားချက်ကို ကိုးကား၍ RIA Novosti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ပထမအမျိုးအစားမှာ ရုရှားနိုင်ငံသား အဖြစ်ခံယူထားသူများ ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ ယခုအခါ အာဖဂန်နစ္စတန်နိုင်ငံတွင်ရောက်ရှိနေသည့် ရုရှားနိုင်ငံ၌ လာရောက်ပညာသင်ကြားခဲ့သော ကျောင်းသားများ ဖြစ်ကြောင်း ၊ တတိယအမျိုးအစားမှာ ရုရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ခွင့် နှင့် သင့်လျှော်သည့် ဗီဇာ ရရှိထားသူများ ဖြစ်ကြောင်းနှင့် စတုတ္ထအမျိုးအစားမှာ ရုရှား၌ နေထိုင်ခွင့် ရရှိထားသူများ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ အုပ်စုများသည် အာဖဂန်နစ္စတန်နိုင်ငံရှိ ရုရှားသံရုံးအား ဆက်သွယ်ထားပြီး ဖြစ်ကာ လေဆိပ်ဖွင့်သည်နှင့် တစ်ပြိုင်နက် ရုရှားနိုင်ငံသို့ လာရောက်ကြမည် ဖြစ်ကြောင်း Ghulam Mohammad Jalal က ပြောကြားခဲ့သည်။ (Xinhua)

——————————————
(English Version)

Russia to host about 1,000 Afghans: official

MOSCOW, Aug. 25 (Xinhua) — Moscow will assist the arrival of around 1,000 Afghans to Russia, particularly those holding Russian citizenship or other documents, head of the Russian Center for Afghan Diasporas said Wednesday.

The Russian authorities have allowed the entry of certain categories of Afghan citizens, as there are thousands wishing to come to Russia, Ghulam Mohammad Jalal was quoted by the RIA Novosti news agency as saying.

The first category is people with Russian citizenship, and the second is students who study in Russia but now are in Afghanistan, and the third is persons with Russian work permit and appropriate visa, and the fourth is residence permit owners, the official said.

These groups have already contacted the Russian Embassy in Afghanistan and they will fly to Russia as soon as the airport is open, he added. Enditem
Photo – Afghans gather near a gate of Kabul airport in Kabul, Afghanistan, Aug. 22, 2021. (Xinhua/Rahmatullah Alizadah)