Connect with us

Politics, Law & Military

ရှီကျင့်ဖိန်က ပြင်သစ် ၊ ဂျာမနီနိုင်ငံ ခေါင်းဆောင်တို့နှင့် အွန်လိုင်းထိပ်သီးအစည်းအဝေးအတွင်း ဥရောပနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ၊ ဘုံသဘောတူညီမှု တိုးချဲ့သွားရန် ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပြင်သစ်သမ္မတမက်ခရွန် ၊ ဂျာမနီဝန်ကြီးချုပ်အိန်ဂျလာမာကဲလ် တို့နှင့်ပြုလုပ်သည့် အွန်လိုင်းထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှ တက်ရောက်နေစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန် ၊ ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့နှင့် ဇူလိုင် ၅ ရက်က ပြုလုပ်သော အွန်လိုင်းထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့တော်မှ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ရှီက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို သင့်လျော်မှန်ကန်စွာ တုံ့ပြန်ရာတွင် နှစ်ဖက်စလုံးအနေဖြင့် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားရန် အတွက် တရုတ် နှင့် ဥရောပကြား ဘုံသဘောတူညီမှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါအခြေအနေ အလွန်ပြင်းထန်စွာခံစားနေရခြင်း နှင့် စီးပွားရေးပြန်လည်နလံထူရန် မသေချာမရေရာမှုများ ကြုံတွေ့နေရခြင်း ကို မီးမောင်းထိုးပြခဲ့ပြီး ကမ္ဘာကြီးအနေဖြင့် တစ်ဖက်နှင့်တစ်ဖက်မယုံသင်္ကာဖြစ်မှု ၊ အမုန်းတရားဝါဒ သို့မဟုတ် သူနိုင်ကိုယ်နိုင်အပြိုင်ကြဲခြင်း (zero-sum game) ပြုမူဆောင်ရွက်ခြင်းထက် နှစ်ဖက်အပြန်အလှန်လေးစားမှု နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာ ပိုမိုလိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပြင်သစ်သမ္မတမက်ခရွန် ၊ ဂျာမနီဝန်ကြီးချုပ်အိန်ဂျလာမာကဲလ် တို့နှင့်ပြုလုပ်သည့် အွန်လိုင်းထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှ တက်ရောက်နေစဉ်(ဆင်ဟွာ)

နှစ်ဖက်စလုံးအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် မှန်မှန်ကန်ကန်တွေးဆမျှော်မြင်ခြင်းကို လက်ဆုပ်လက်ကိုင်ထားရမည်ဖြစ်ကြောင်းလည်း ရှီက ဆိုသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများကို ဦးဆောင်ကာ တရုတ်နိုင်ငံ၏ စစ်မှန်သော အမျိုးသားရေးဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တံခါးဖွင့်ခဲ့ရာ တရုတ်ပြည်သူများအပေါ် တစ်ကမ္ဘာလုံး၏ အားပေးထောက်ခံမှုရရှိခဲ့ကြောင်း ရှှီက ဆိုသည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး ၊ သာတူညီမျှရေး ၊ အမှန်တရား ၊ ဒီမိုကရေစီ နှင့် လွတ်လပ်မှုအပါအဝင် လူသားဖြစ်တည်မှု ဘုံတန်ဖိုးများအတွက် ပြုမူဆောင်ရွက်ခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပြင်သစ်သမ္မတမက်ခရွန် ၊ ဂျာမနီဝန်ကြီးချုပ်အိန်ဂျလာမာကဲလ် တို့နှင့်ပြုလုပ်သည့် အွန်လိုင်းထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှ တက်ရောက်နေစဉ်(ဆင်ဟွာ)

တရုတ် နှင့် ဥရောပ သည် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်လေးစားမှု စည်းမျဉ်းစည်းကမ်းအပေါ် အခြေခံကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ခဲ့ကြကြောင်း နှင့် မတူကွဲပြားမှုများအတွက်လည်း ဘုံသဘောတူညီမှုကို ရှာဖွေခဲ့ကြကြောင်း ရှီက ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်-ဥရောပ ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသည် ပိုမိုကြီးမားကျယ်ပြန့်သည့် တူညီသော ဘုံပိုင်းခြေမျဉ်းတစ်ခုတွင် တည်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ ဒီအတွေးအမြင်ခံယူချက်ကို ကျွန်ုပ်တို့ ဆက်ပြီးဆုပ်ကိုင်သွားရမှာပါ ၊ တစ်ဖက်နဲ့တစ်ဖက် မတူညီမှုတွေကို မှန်ကန်တဲ့လမ်းကြောင်း တစ်ခုနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်သွားရမယ် ၊ မတူညီမှုနှစ်ခုကို ကိုင်တွယ်တဲ့နေရာမှာ စိတ်ခံစားမှုထက် ကြောင်းကျိုးဆီလျှော်မှုအပေါ်အခြေခံရပါမယ် ၊ ပြီးတော့ နှစ်ဖက်အကြား ရှေ့ကို ဆက်လက်ချီတက်ဖို့ အတွက် နှစ်ဖက် ဆက်ဆံရေးကို သေချာခိုင်မာအောင် တည်ဆောက်သွားရမှာဖြစ်ပါတယ်” ဟု ရှီက ဆိုသည်။(Xinhua)

—————————–i———————-
( English Version)

Xi calls for expanding consensus, cooperation with Europe in virtual summit with French, German leaders

BEIJING, July 5 (Xinhua) — Chinese President Xi Jinping on Monday held a virtual summit with French President Emmanuel Macron and German Chancellor Angela Merkel in Beijing, calling on China and Europe to expand consensus and cooperation for the two sides to play an important role in properly responding to global challenges.

Noting the persisting severe situation of COVID-19 globally and the uncertain prospect of economic recovery, Xi said the world more than ever needs mutual respect and close collaboration, rather than suspicion, antagonism or zero-sum game.

Xi urged the two sides to uphold correct mutual cognition. Over the past 100 years, the Communist Party of China has led the Chinese people in opening up a development path suited to China’s national realities that has won universal support of the Chinese people, Xi said, adding China has been committed to the common values of humanity including peace, development, fairness, justice, democracy and freedom.

China and Europe have engaged in cooperation based on the principles of mutual respect and seeking common ground while shelving differences, Xi said, adding the China-EU comprehensive strategic partnership is where the greatest common denominators converge.

“We should uphold this spirit, view each other’s differences in a correct way, rationally handle divergences, and ensure ties between the two sides move forward,” said Xi.

(1) Chinese President Xi Jinping holds a virtual summit with French President Emmanuel Macron and German Chancellor Angela Merkel in Beijing, capital of China, July 5, 2021. (Xinhua/Huang Jingwen)