Connect with us

COVID-19 UPDATES

သီရိလင်္ကာနိုင်ငံတွင် COVID-19 ရောဂါ ပျံ့နှံ့လာသဖြင့် ညမထွက်ရအမိန့် သတ်မှတ်ပြဌာန်း

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု အရေအတွက် ၃၅၀,၀၀၀ ကျော်ရောက်ရှိသွားသဖြင့် နိုင်ငံတစ်ဝန်း ညမထွက်ရအမိန့်သတ်မှတ်လိုက်ရာ ဩဂုတ် ၁၆ ရက် ညမှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း အာဏာပိုင်များက ဩဂုတ် ၁၅ ရက်၌ ကြေညာခဲ့သည်။

ပြည်သူများ နေအိမ်မှ အပြင်ထွက်ခြင်းကို တားဆီးကာကွယ်ရန် ညမထွက်ရအမိန့်ကို နေ့စဉ် ည ၁၀:၀၀ နာရီမှ နံနက် ၄:၀၀ နာရီအထိ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကြည်းတပ် ဦးစီးချုပ်နှင့် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းလည်ပတ်ရေးစင်တာ အကြီးအကဲ ဗိုလ်ချုပ်ကြီး Shavendra Silva က ပြောခဲ့သည်။

သို့ရာတွင် မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းများကိုမူ ၎င်းတို့၏ လုပ်ငန်းပြီးစီးရန် လမ်းများပေါ်၌ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း Silva က ဆိုသည်။

သီရိလင်္ကာနိုင်ငံသည် ရောဂါဖြစ်ပွားသော လူနာအရေအတွက် ၃၅၄,၀၀၀ ကျော်သို့ ရောက်ရှိသွားကာ ကပ်ရောဂါ တတိယလှိုင်းအလယ်၌ ရောက်ရှိလျက်ရှိသည်။
ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်မှာလည်း ၆,၀၉၆ ဦးအထိ ရှိလာပြီဖြစ်သည်။

ခရိုင်များစွာ၌ ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့နေကာ ဆေးရုံများတွင်လည်း ရောဂါကူးစက်သော လူနာများဖြင့် ပြည့်လာသဖြင့် ဖြစ်နိုင်သမျှ နေအိမ်အတွင်း၌ပင် ဆက်လက်နေထိုင်ကြရန် ကျန်းမာရေး တာဝန်ရှိသူများက ပြည်သူများအား တိုက်တွန်းထားသည်။

သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကလည်း နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လူချင်းခပ်ခွာခပ်နေခြင်းတို့အား မဖြစ်မနေလုပ်ဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Sri Lanka imposes night curfew as COVID-19 spreads
Source: Xinhua| 2021-08-16 00:13:32|Editor: huaxia
COLOMBO, Aug. 15 (Xinhua) — Sri Lankan authorities on Sunday announced that a nationwide curfew would come into effect from Monday night until further notice as the number of COVID-19 cases surpassed the 350,000-mark.
Army Commander and Head of the National Operations Center for the Prevention of COVID-19, General Shavendra Silva said the curfew would be imposed from 10:00 p.m. till 4:00 a.m. daily to prevent people from leaving their homes.
However essential services will be allowed on the roads to complete their work, Silva said.
Sri Lanka is presently in the midst of a third wave of the pandemic with the overall patient count reaching over 354,000.
The total death toll from the virus reached 6,096.
Health officials have urged people to remain indoors as much as possible as doctors said the Delta variant was spreading in many districts, leading to hospitals being filled with infected patients.
Sri Lanka’s Health Ministry has made it mandatory to wear face masks and maintain social distance. Enditem
Photo : Medical workers inoculate people with Sinopharm COVID-19 vaccine in Colombo, Sri Lanka, July 23, 2021. Sri Lanka on Thursday received another batch of the Sinopharm COVID-19 vaccines from China. (Photo by Gayan Sameera/Xinhua)