Connect with us

ASEAN

အနောက်ဘန်ဂေါပြည်နယ်ရှိ အိန္ဒိယအာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်အပြင်ဘက်တွင် လက်လုပ်ဗုံး ၃ လုံးပေါက်ကွဲ

နယူးဒေလီ ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်ရှိ အာဏာရပါတီဖြစ်သည့် Bharatiya Janata Party (BJP) ပါတီလွှတ်တော်ကိုယ်စားလှယ် Arjun Singh ၏ နေအိမ်အပြင်ဘက်တွင် စက်တင်ဘာ ၈ ရက်တွင် လက်လုပ်ဗုံး ၃ လုံးထက်မနည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ယင်းပေါက်ကွဲမှု ဖြစ်စဉ်တွင် ဒဏ်ရာရ ၊ သေဆုံးသူ တစ်ဦးမျှ မရှိခဲ့ကြောင်း ၊ သို့သော် ပေါက်ကွဲမှုမှ ထွက်လာသော အစအနများသည် နေအိမ်ဂိတ်တံခါးအား ထိမှန်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ချိန်တွင် လွှတ်တော်ကိုယ်စားလှယ် Arjun Singh သည် ၎င်း၏ နေအိမ်၌ ရှိမနေဘဲ ဒေလီမြို့သို့ ရောက်ရှိနေကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ပေါက်ကွဲမှုသည် အနောက်ဘန်ဂေါပြည်နယ်၏ မြို့တော် ကာလကတ္တားမြို့၏ မြောက်ဘက် ၉၆ ကီလိုမီတာအကွာရှိ Jagatdal North 24 Parganas ခရိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

BJP ပါတီ အနောက်ဘန်ဂေါပြည်နယ် ပါတီရုံးခွဲက ဗုံးပစ်ပေါက်ခံရခြင်းနှင့်ပတ်သက်၍ ပြည်နယ်၏ အာဏာရ Trinamool Congress ပါတီဝင်များအား ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

“လွှတ်တော်ကိုယ်စားလှယ် Arjun Singh ရဲ့ နေအိမ်ကို ဥပဒေဆန့်ကျင်သူတွေက လာရောက်ပြီး ဗုံးတွေ ပစ်ပေါက် တိုက်ခိုက်ခဲ့ပါတယ်။တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ဥပဒေပြုလွှတ်တော်တွေရဲ့ အဖွဲ့ဝင်တွေ နေအိမ်က လုံခြုံမှု မရှိဘူးဆိုရင် ဘန်ဂေါပြည်နယ်က သာမန်ပြည်သူတွေရဲ့ အခြေအနေကို ဘယ်သူမဆို နားလည်သဘောပါက်ကြမှာပါ။”ဟု အနောက်ဘန်ဂေါပြည်နယ်ရှိ BJP ပါတီ ဒုတိယဥက္ကဋ္ဌ Ritesh Tiwari က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အနောက်ဘန်ဂေါပြည်နယ်အုပ်ချုပ်ရေးမှူး Jagdeep Dhankhar က ယင်းဖြစ်စဉ်အား ဆူပူအကြမ်းဖက်မှုဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee ထံသို့ ၎င်း၏ စိုးရိမ်ပူပန်မှုအား အကြောင်းကြားထားကြောင်း ပြောကြားခဲ့သည်။

“အနောက်ဘန်ဂေါပြည်နယ်မှာ ဆူပူအကြမ်းဖက်မှုက လျော့ပါးသွားမယ့်လက္ခဏာ မပြပါဘူး။ ဒီနေ့မနက် လွှတ်တော်ကိုယ်စားလှယ် Arjun Singh နေအိမ်ပြင်ပမှာ ဗုံးပေါက်ကွဲမှုတွေက တရားဥပဒေစိုးမိုးရေးအပေါ် စိုးရိမ်ပူပန်စရာ ဖြစ်ပါတယ်။”ဟု အုပ်ချုပ်ရေးမှူးက လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။ အနောက်ဘန်ဂေါပြည်နယ်ရဲတပ်ဖွဲ့က ချက်ချင်းအရေးယူရန် မျှော်လင့်ကြောင်း ၊ လွှတ်တော်ကိုယ်စားလှယ်၏ လုံခြုံရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အစောပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee ထံ အကြောင်းကြားခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ် Arjun Singh ၏ နေအိမ်အား အိန္ဒိယနိုင်ငံ ဗဟိုအရန်ရဲတပ်ဖွဲ့ မှတပ်ဖွဲ့ဝင်များက စောင့်ကြပ်ပေးထားကြောင်း သိရသည်။ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်အား မှတ်တမ်းတင်ကာ စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ထားကြောင်း ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် Arjun Singh သည် ယခင်က Trinamool Congress ပါတီဝင်ဟောင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် BJP ပါတီသို့ ကူးပြောင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————————
(English Version)

NEW DELHI, Sept. 8 (Xinhua) — At least three crude bombs exploded Wednesday outside the house of India’s ruling Bharatiya Janata Party (BJP) lawmaker Arjun Singh in the eastern state of West Bengal, officials said.

No one was killed or wounded in the explosion. However, the splinters hit the metal gate of the house.

Singh, according to reports, was in Delhi and not present inside his house.

The explosions took place at Jagatdal North 24 Parganas district, about 96 km north of Kolkata, the capital city of West Bengal.

BJP’s West Bengal branch has blamed members of the state’s ruling Trinamool Congress party for throwing the bombs.

“Member of Parliament (MP) Arjun Singh residence was attacked by miscreants, they came and hurled bombs. If MP and members of legislative assemblies (MLAs) house is not secured then anyone can understand the condition of common man in Bengal,” Ritesh Tiwari, vice president of BJP in West Bengal wrote on social media.

West Bengal Governor Jagdeep Dhankhar described the incident as “wanton violence” in state and said he had flagged his concern to Chief Minister Mamata Banerjee.
“Wanton violence in West Bengal shows no sign of abating. Bomb explosions as this morning outside residence of MP Arjun Singh is worrisome on law and order,” the governor said in a brief statement posted on social media. “Expect prompt action West Bengal Police. As regards his security the issue has been earlier been flagged, Mamata Banerjee.”
Singh’s house is currently being guarded by India’s paramilitary Central Reserve Police Force.
Police said they have registered a case and ordered an investigation.

Singh was formerly affiliated with Trinamool Congress and switched over to the BJP in 2019. Enditem
Photo – Indian paramilitary soldiers stand guard outside a train station in Bangalore, India, Aug. 17, 2019. Bangalore, capital of India’s southwestern state Karnataka, has been on high security alert with armed police deployed across the city on Saturday. The alert followed an advisory note from the City Police Commissioner Bhaskar Rao to his deputies to intensify security at all iconic installations and public places in the city. (Str/Xinhua)