Connect with us

North America

အမေရိကန်နိုင်ငံတွင် လိုအပ်ချက် လျော့ကျလာသဖြင့် J&J COVID-19 ကာကွယ်ဆေးများမှာ သက်တမ်းလွန်နိုင်ဖွယ်ရှိကြောင်း NBC သတင်းကဖော်ပြ

ဝါရှင်တန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေး လိုအပ်ချက် လျော့ကျလာသဖြင့် အသုံးမပြုရသေးသော Johnson & Johnson ကာကွယ်ဆေးများမှာ အလဟဿဖြစ်နိုင်ဖွယ်ရှိကြောင်း NBC News သတင်းက ဇွန် ၉ ရက်တွင် ဖော်ပြခဲ့သည်။ဘေးကင်းစိတ်ချရမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် Johnson & Johnson ကာကွယ်ဆေးဖြန့်ဖြူးမှုအား ဧပြီလအစောပိုင်းက အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲမှုဦးစီးဌာန၏ အမိန့်အရ ဆိုင်းငံ့ခဲ့ပြီးနောက် ကာကွယ်ဆေးများ စုပုံလာခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

၎င်းကာကွယ်ဆေးများအား ပြန်လည်ဖြန့်ဖြူးရန် ညှိနှိုင်းထားသည့် ဖက်ဒရယ်အစီအစဉ် မရှိသည့်အပေါ် စိုးရိမ်ပူပန်မှုများလည်း ရှိနေကြောင်း သတင်းက ဖော်ပြထားသည်။

အိမ်ဖြူတော် COVID-19 တုံ့ပြန်ရေးအဖွဲ့မှ ဇွန် ၉ ရက်တွင် ရာထူးနုတ်ထွက်ထားသော Andy Slavitt က အသုံးမပြုရသေးသော ကာကွယ်ဆေးများကျန်ရှိမှုသည် ပြည်နယ်ရုံးခွဲများ၏ တာဝန်လည်းမကင်းကြောင်း၊ ပြည်နယ်များသို့ ပို့ဆောင်ထားသော အလွန်နည်းပါးသော ကာကွယ်ဆေးပမာဏမှာလည်း သက်တမ်းလွန်နိုင်သည့် အန္တရာယ်ရှိနေကြောင်းကို ဇွန် ၈ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း NBC သတင်းအရ သိရသည်။

အဆိုပါ ကာကွယ်ဆေးသည် အေးခဲထားမည်ဆိုပါက ၂ နှစ်အထိ ထားရှိနိုင်သော်လည်း ပုံမှန် အအေးခန်းအပူချိန်တွင် သုံးလအထိ ထားရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း Johnson & Johnson အဆိုအရ သိရသည်။ (Xinhua)

…………………………………………
(English Version)

J&J COVID-19 vaccines pile up, likely to expire as demand falls in U.S.: NBC

WASHINGTON, June 11 (Xinhua) — As demand for COVID-19 vaccines declines across the United States, unused Johnson & Johnson vaccine doses may have to go to waste, an NBC News report said on Wednesday.

The buildup of doses is largely a result of the Food and Drug Administration’s order in early April pausing distribution of the Johnson & Johnson vaccine because of safety concerns, the report said.

The report noted that there are also concerns over the lack of a coordinated federal plan to redistribute them.Andy Slavitt, who just stepped down from the White House COVID-19 Response Team on Wednesday, put some of the responsibility for getting the unused doses into arms on the states, and said Tuesday at a briefing that “a very small fraction of doses that have been sent out to states” are at risk of expiring, according to the NBC.

The vaccine is estimated to be viable for up to three months at normal refrigerated temperatures, according to Johnson & Johnson, although it is stable for two years if frozen. ■
A man (C) gets vaccinated against COVID-19 at a vaccination festival in New Orleans, New Orleans, Louisiana, the United States, on May 29, 2021. (Photo by Lan Wei/Xinhua)