Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသော်လည်း COVID-19 ရောဂါ ကူးစက်ခံရ

ဟူစတန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott သည် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်သော်လည်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း အုပ်ချုပ်ရေးမှူးရုံး၏ ဩဂုတ် ၁၇ ရက် ထုတ်ပြန်ချက်၌ ကြေညာထားသည်။“အုပ်ချုပ်ရေးမှူး Abbott က COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်နေပါတယ်။ လက်ရှိမှာတော့ ဘာရောဂါလက္ခဏာမှ မပြသပါဘူး” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Abbott သည် အုပ်ချုပ်ရေးမှူးနေအိမ်၌ပင် သီးသန့်ခွဲခြားနေထိုင်မည်ဖြစ်ကာ နေ့စဉ် ရောဂါစစ်ဆေးစမ်းသပ်မှုကို ဆက်လက်ခံယူသွားမည်ဖြစ်ကြောင်း၊ Regeneron ဆေးဝါးကုမ္ပဏီ၏ monoclonal antibody ကုသမှု ခံယူလျက်ရှိကြောင်း ၎င်း၏ရုံးက ပြောကြားခဲ့သည်။

“အုပ်ချုပ်ရေးမှူးကတော် Cecilia Abbott ကတော့ ရောဂါကူးစက်မခံရပါဘူး” ဟု ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။ရီပက်ဘလစ်ကန်အမတ်တစ်ဦးဖြစ်သူ Abbott သည် ဩဂုတ် ၁၆ ရက် ညပိုင်းက Collin ကောင်တီတွင် နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသော လူအုပ်ကြီးအား မိန့်ခွန်းပြောကြားနေသည့် ဓာတ်ပုံများအား တွစ်တာပေါ်၌ ဖော်ပြခဲ့ကြောင်း ဒေသတွင်းမီဒီယာ Texas Tribune အရ သိရသည်။ အုပ်ချုပ်ရေးမှူးသည် ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ရောဂါရှာဖွေတွေ့ရှိကြောင်း မကြေညာမီကလည်း ဂီတပညာရှင် Jimmie Vaughan နှင့် တွေ့ဆုံသည့်ဓာတ်ပုံများကိုလည်း တွစ်တာပေါ်၌ ဖော်ပြခဲ့သည်။

Abbott သည် ပြည်နယ်တစ်ဝန်း COVID-19 ရောဂါဖြစ်ပွားမှု လျင်လျင်မြန်မြန် မြင့်တက်မှုနှင့် ဒေသခံ တာဝန်ရှိသူများနှင့် စာသင်ကျောင်းခရိုင်များထံမှ ပြင်းထန်သော တွန်းအားပေးမှုများ ရှိခဲ့သော်လည်း ကာကွယ်ဆေးထိုးနှံခြင်းနှင့် နှာခေါင်းစည်းမတပ်မနေရ တားမြစ်ခြင်းအမိန့်ကို ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည်။

တက္ကဆက်ပြည်နယ် တရားရုံးချုပ်ကလည်း လက်ရှိတွင် အုပ်ချုပ်ရေးမှူး၏ အမိန့်ကို အတည်ပြုထားလျက်ရှိသည်။ သို့ရာတွင် ယင်းပြည်နယ်ရှိ လူဦးရေအထူထပ်ဆုံး ဒေသနှစ်ခုဖြစ်သည့် ဟားရစ်နှင့် တားရန့် ကောင်တီများရှိ စာသင်ကျောင်းခရိုင်များကမူ စာသင်ခန်းသို့ ပြန်လာရန် ပြင်ဆင်နေသည့် ကျောင်းသားများအနေဖြင့် အမိန့်အား ပြင်းပြင်းထန်ထန်ခုခံထားကြောင်း သိရသည်။ (Xinhua)

————————————————-
(English Version)

U.S. Texas Governor Greg Abbott tests positive for COVID-19 after fully vaccinated

HOUSTON, Aug. 17 (Xinhua) — Governor Greg Abbott of U.S. state Texas has tested positive for COVID-19 though he is fully vaccinated, the governor’s office announced in a statement on Tuesday.

“Governor Abbott is fully vaccinated against COVID-19, in good health, and currently experiencing no symptoms,” said the statement.

Abbott will isolate in the governor’s mansion and continue to test daily, said his office, adding that Abbott is receiving Regeneron’s monoclonal antibody treatment.”Texas First Lady Cecilia Abbott tested negative,” the statement added.

Abbott, a Republican, tweeted photos of him addressing a maskless crowd in Collin County on Monday night, according to local media outlet the Texas Tribune. The governor also tweeted pictures of a meeting with guitarist Jimmie Vaughan just hours before his diagnosis was announced Tuesday afternoon.

Abbott issued an executive order late last month banning vaccination and mask mandates despite the rapid surge of COVID-19 cases across the state and fierce pushback from local officials and schools districts.

The state’s Supreme Court recently upheld the governor’s executive order. However, school districts in Harris and Tarrant counties, two of the most populous areas in the state, defied the order as students prepared to return to classrooms. Enditem
Photo : Texas Governor Greg Abbott speaks at a press briefing in Santa Fe, Texas, the United States, May 18, 2018. (Xinhua/Steven Song)