Connect with us

North America

အမေရိကန်ရေတပ်က တစ်စင်းလျှင် ဒေါ်လာ ၁ ပြားစီဖြင့် လေယာဉ်တင်သင်္ဘောဟောင်းနှစ်စင်းကို သင်္ဘောဖျက်ကုမ္ပဏီထံ ရောင်းချ

ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

အမေရိကန်ရေတပ်သည် ယခင်လေယာဉ်တင်သင်္ဘောဟောင်းနှစ်စင်းဖြစ်သော USS Kitty Hawk နှင့် USS John F. Kennedy တို့ကို တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁ ပြား (1 cent) စီဖြင့် တက္ကဆက်စ်မြို့ရှိ သင်္ဘောဖျက်ကုမ္ပဏီတစ်ခုထံသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း ရေတပ်အထူးတပ်ဖွဲ့ (NAVSEA) က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။“ စာချုပ်ချုပ်လိုက်တဲ့ကုမ္ပဏီအနေနဲ့ သင်္ဘောကိုဖျက်လိုက်တဲ့အခါမှာ ထွက်လာမယ့် သံမဏိ သံတိုသံစတွေ နဲ့ သင်္ဘောတည်ရောက်ရာမှာအသုံးပြုထားတဲ့ သတ္တုအမျိုးမျိုး(non-ferrous metal ores) ကို အကျိုးကျေးဇူးခံစားခွင့်ရမှာပါ” ဟု အမေရိကန်ရေတပ် Naval Sea Systems Command မှ ပြောရေးဆိုခွင့်ရှိသူ အလန်ဘာရီဘိုး က ဆိုသည်။

ယင်းစစ်သင်္ဘောနှစ်စင်းစလုံးသည် သက်တမ်းရင့်ရော်မှု နှင့် အိုဟောင်းပျက်စီးမှုများကြောင့် ယခုကဲ့သို့ရောင်းချလိုက်ရခြင်းဖြစ်သည်။ Kitty Hawk လေယာဉ်တင်သင်္ဘောအတွက် ဆွဲတင်သင်္ဘောနှစ်စင်း အသုံးပြုကာ တောင်အမေရိကအစွန်အဖျားပတ်၍ ဝါရှင်တန် ၊ Bremerton မှ ဆွဲယူလာမည်ဖြစ်ပြီး John F. Kennedy လေယာဉ်တင်သင်္ဘောအတွက်မူ Philadelphia ရေတပ်သင်္ဘောကျင်းမှ မောင်းနှင်လာမည်ဖြစ်ကြောင်း USA Today သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

တက္ကဆက်စ်မြို့ Brownsville ကောင်တီရှိ International Shipbreaking Limited သင်္ဘောဖျက်ကုမ္ပဏီနှင့်ချုပ်ဆိုထားသော စာချုပ်အရ သင်္ဘောဆွဲရန် ၊ ဖြုတ်တပ်ရန် ၊ သင်္ဘောဖျက်ဆီးရန် နှင့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုရန် စသည်တို့အတွက် အဆိုပါ စစ်သင်္ဘောနှစ်စင်းသည် ရေတပ်သင်္ဘောအုပ်စုမှ မကြာခင် မဖြစ်မနေ ထွက်ခွာသွားရတော့မည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

မည်သည့်သင်္ဘောက ဦးစွာ ထွက်ခွာပြီး တစ်စစီဖြုတ်ဖျက်ခံမည် ဆိုခြင်းနှင့်ပတ်သက်၍ အချိန်ဇယား သတ်မှတ်ထားခြင်းမရှိကြောင်း သတင်းက ဆိုသည်။(Xinhua)

——————————————
(English Versiion)

U.S. Navy sells two former aircraft carriers to shipbreaker for 1 cent each

HOUSTON, Oct. 5 (Xinhua) — The U.S. Navy has sold two former aircraft carriers, USS Kitty Hawk and USS John F. Kennedy, to a Texas shipbreaking company for one cent each, the Naval Sea Systems Command said on Tuesday.

“The contract values reflect that the contracted company will benefit from the subsequent sale of scrap steel, iron, and non-ferrous metal ores,” said Alan Baribeau, a spokesman for the Naval Sea Systems Command.

Both warships are aging and defunct. For the Kitty Hawk, that likely means a tug boat tow from Bremerton, Washington, around the tip of South America; for the John F. Kennedy, a sailing from the Philadelphia Navy Yard, according to a USA Today report.

The contract with International Shipbreaking Limited in Brownsville, Texas, for the tow, remediation, dismantling and recycling of the storied warships makes imminent their departures from the Navy’s mothball fleet, said the report.

No timetable has been established for either ship’s departure and dismantling, said the report. ■

File photo taken on Feb. 25, 2005 shows USS Kitty Hawk aircraft carrier anchoring in Hong Kong of South China. (Xinhua Photo/Wang Xiaochuan