Connect with us

ASEAN

အိန္ဒိယနိုင်ငံက အောက်တိုဘာလမှစ၍ ကာကွယ်ဆေးတင်ပို့မှုများ ပြန်လည်စတင်မည်

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ Rajawadi ဆေးရုံတွင် COVID-19 ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်နေသည့် သူနာပြုတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံသည် အောက်တိုဘာလမှစ၍ COVID-19 ကာကွယ်ဆေးများ တင်ပို့ခြင်း ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက စက်တင်ဘာ ၂၁ ရက်၌ ပြောကြာခဲ့သည်။

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ရုတ်တရက်မြင့်တက်လာခြင်းနှင့် ပြည်တွင်း ကာကွယ်ဆေးလိုအပ်ချက် တိုးမြင့်လာခြင်းကြောင့် ပြည်ပသို့ ကာကွယ်ဆေးများ တင်ပို့ခြင်းကို ယခုနှစ် ဧပြီလတွင် ရပ်နားထားခဲ့ခြင်းဖြစ်သည်။

COVID-19 ကာကွယ်ဆေး တင်ပို့ခြင်းများ ပြန်လည်စတင်ကြောင်း ကြေညာချက်အား ဖက်ဒရယ် ကျန်းမာရေးဝန်ကြီး Mansukh Mandaviya က စက်တင်ဘာ ၂၀ ရက်၌ သတင်းထောက်များအား ပြောကြားစဉ် ထည့်သွင်းဖော်ပြခဲ့သည်။

အိန္ဒိယ၏ ကာကွယ်ဆေးထုတ်လုပ်သူများက နိုင်ငံ၏ ကိုယ်ပိုင်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက် အောက်တိုဘာလတွင် “ကာကွယ်ဆေး သန်း ၃၀၀ ကျော် ထုတ်လုပ်မည်ဟုခန့်မှန်းထားကြောင်း”၊ ယင်းပမာဏထက်ကျော်လွန်သည်များကို ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အခြားသောနိုင်ငံများထံ ပို့ဆောင်သွားမည်ဖြစ်ကြောင်း Mandaviya က ပြောကြားခဲ့သည်။

နိုင်ငံသားများ ကာကွယ်ဆေးထိုးနှံခြင်းသည် အစိုးရ၏ ထိပ်တန်းဦးစားပေးအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း Mandaviya က အလေးထားပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အရွယ်ရောက်ပြီးသူများ ကာကွယ်ဆေးထိုးနှံရန် ရည်ရွယ်ထားကြောင်း၊ ဆေးထိုးနှံခွင့်ရှိသူများအား ကာကွယ်ဆေးအလုံးရေ ၈၁၈ သန်းကျော် ထိုးနှံပေးထားပြီးဖြစ်ကြောင်း ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ (Xinhua)

———————————–
(English Version)
India to resume vaccine exports from October
2021-09-21 16:33:31
NEW DELHI, Sept. 21 (Xinhua) — India will resume exports of COVID-19 vaccines from October, federal health ministry officials said Tuesday.
The export of vaccines from India was stopped in April this year due to a sudden spike in COVID-19 cases and a growing domestic demand for the vaccines in the country.
The announcement to resume the exports of COVID-19 was made by federal Health Minister Mansukh Mandaviya on Monday while talking to reporters.
Mandaviya said India’s vaccine manufacturers “are expected to produce more than 300 million doses” in October for the country’s own vaccination drive and that any surplus supplies would be sent to other countries in the global fight against COVID-19.
Mandaviya stressed that vaccinating its own citizens remains the topmost priority of the government.
India aims at vaccinating its adult population by the end of 2021. According to the federal health ministry, so far more than 818 million doses have been administered to the beneficiaries. Enditem
Photo : A nurse prepares the COVID-19 vaccine at Rajawadi Hospital in Mumbai, India, Jan. 16, 2021. Indian Prime Minister Narendra Modi launched the nationwide vaccination drive on Saturday to combat the COVID-19 pandemic. (Photo by Fariha Farooqui/Xinhua)