Connect with us

Asia

အိန္ဒိယနိုင်ငံ မြို့တော်နှင့် ပြည်နယ်များစွာ၌ COVID-19 ကာကွယ်ဆေး ပြတ်လပ်မှု

အိန္ဒိယနိုင်ငံ အာမီဒါဘတ်မြို့ရှိ ကာကွယ်ဆေးထိုးနှံခြင်းစင်တာတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူနေသည့် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီမြို့နှင့် အခြားသောပြည်နယ်များစွာ၌ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ကာကွယ်ဆေးပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ဒေလီမြို့တွင် Covishield ကာကွယ်ဆေးသိုလှောင်မှု ကုန်ခမ်းသွားသဖြင့် အစိုးရက ဆောင်ရွက်ချက်ရှိသော ကာကွယ်ဆေးထိုးနှံခြင်းစင်တာများစွာအား ဇူလိုင် ၁၃ ရက်၌ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း တာဝန်ရှိသူများအဆိုအရ သိရသည်။

“ကာကွယ်ဆေးတွေက ဒေလီမှာ နောက်တစ်ဖန် ပြတ်လပ်သွားပြန်ပါတယ်။ ဖက်ဒရယ်အစိုးရက ကာကွယ်ဆေးတွေကို တစ်ရက်တာ သို့မဟုတ် နှစ်ရက်တာအတွက်ပဲ ထုတ်ပေးတဲ့နောက် ကျွန်တော်တို့တွေက ကာကွယ်ဆေးစင်တာတွေကို ထိန်းထားရပါတယ်။ ရက်ပေါင်းများစွာ ကြာတဲ့တိုင်အောင် ကျွန်တော်တို့နိုင်ငံရဲ့ ကာကွယ်ဆေးအစီအစဉ်က ဘာလို့အားနည်းနေရတာလဲ” ဟု ဒေလီမြို့ ဒုတိယဝန်ကြီးချုပ် Manish Sisodia က ကာကွယ်ဆေးများ ပြတ်တောက်မှုဆိုင်ရာ သတင်းအစီရင်ခံစာကို ဝေမျှစဉ် လူမှုမီဒီယာပေါ်၌ ရေးသားခဲ့သည်။

ဒေလီမြို့တွင် ဇူလိုင် ၁၂ ရက်တွင် COVID-19 ကာကွယ်ဆေး ကြိမ်ရေပေါင်း ၃၆,၃၁၀ ထိုးနှံခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ပြည်နယ်များစွာ၌ COVID-19 ပံ့ပိုးမှု စိုးရိမ်ဖွယ်ပြတ်လပ်ခဲ့ကြောင်း သိရသည်။

မဟာရက်ရှ်ထရာပြည်နယ်တွင် နေ့စဉ် ပြည်သူ ၁.၅ သန်း ကာကွယ်ဆေးထိုးနှံနိုင်စွမ်းရှိသော်လည်း ယခုအခါတွင်မူ ကာကွယ်ဆေးပြတ်လပ်မှုကြောင့် လူဦးရေ ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ ကိုသာ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း မဟာရှက်ထရာပြည်နယ်ဆိုင်ရာ ကျန်းမာရေးဝန်ကြီး Rajesh Tope က ပြောခဲ့သည်။

ဩရိဿပြည်နယ်တွင် ခရိုင် ၃၀ ရှိသည့်အနက် ၂၄ ခုတွင် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် ရပ်နားလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး P K Mohapatra က မီဒီယာအား ပြောကြားခဲ့ကာ “နောက်ထပ်တစ်သုတ် Covishield ကာကွယ်ဆေးတွေက ဇူလိုင် ၁၅ ရက်မှာ ရောက်လာဖို့ မှန်းထားတယ်” ဟု ဆိုသည်။

ဗဟိုအစိုးရကမူ COVID-19 ကာကွယ်ဆေးပြတ်လပ်ကြောင်း ပြောဆိုမှုများအပေါ် ငြင်းဆိုထားပြီး ပြည်နယ်များအားလုံးသို့ ကာကွယ်ဆေးများ ပေးပို့သွားမည့်အကြောင်းကို ကောင်းစွာ သတင်းပို့ထားပြီးဖြစ်ကြောင်း ဆိုသည်။

“ပြည်နယ်အားလုံးမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကာကွယ်ဆေးတွေ ထပ်ပြီးရမယ့်အကြောင်း အကြောင်းကြားထားပါတယ်။ ပုဂ္ဂလိကဆေးရုံတွေကို ပေးပို့မှုတွေ အပါအဝင်ပေါ့။ ပြည်နယ်တွေအနေနဲ့ ကာကွယ်ဆေး ရရှိမှုအလိုက် သူတို့ရဲ့ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွေကို စီစဉ်ဖို့ အကြံပြုထားပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနက လွန်ခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ကာကွယ်ဆေး ၃၈၁ သန်းကျော် ထိုးနှံထားပြီးဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်၌ ပြောခဲ့သည်။

အိန္ဒိယ အစိုးရအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် လူဦးရေတစ်ရပ်လုံး ကာကွယ်ဆေးထိုးနှံပြီးစီးရန် ရည်ရွယ်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ဒီဇင်ဘာလကုန်အထိ ၎င်းတို့ရည်ရွယ်ထားသည့် အရွယ်ရောက်ပြီးသူများ ကာကွယ်ဆေးထိုးနှံရေး ရည်ရွယ်ချက်သို့ ရောက်ရှိရန် တစ်ရက်လျှင် ကာကွယ်ဆေး ၁၀ သန်း ထိုးနှံရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောခဲ့သည်။ (Xinhua)

———————————————
(English Version)

COVID-19 vaccine shortage hits Indian capital, several states

NEW DELHI, July 13 (Xinhua) — The Indian capital city Delhi and several others states have claimed their ongoing COVID-19 vaccination programme has been affected by a shortage of vaccine stocks.

According to officials, several government-run vaccination centers in Delhi will remain closed on Tuesday because the city has exhausted its Covishield vaccine stock.
“Vaccines have run out in Delhi again. The federal government gives vaccines for a day or two, then we have to keep the vaccine centers closed for several days. Why is our country’s vaccine programme faltering even after so many days?” Delhi’s Deputy Chief Minister Manish Sisodia on Monday wrote on social media while sharing a news report on the shortage of vaccines.
Reports said on Monday that only 36,310 COVID-19 vaccine doses could be administered in Delhi.

Over the past few days, several states have flagged an acute shortage in COVID-19 vaccine supply, affecting their inoculation drive.
Maharashtra state’s local health minister Rajesh Tope was quoted by a local news agency as saying that they have the capacity to vaccinate 1.5 million people daily, but as of now, only 200,000 to 300,000 people are being inoculated due to a shortage of stock.

In Odisha state, the inoculation drive has been stopped in 24 out of 30 districts with state health secretary P K Mohapatra telling media that the next consignment of the Covishield vaccine was expected to arrive in the state on July 15.

Meanwhile, the federal government has refuted claims of COVID-19 vaccine shortage and clarified that all states are informed well in advance about the number of vaccines to be sent to them.
“It is clarified that all states are being informed much in advance about the doses that will be available during the month of July 2021, including the supply to private hospitals. The states have been advised to plan their COVID-19 vaccination sessions based on the availability of the vaccines,” the federal health ministry said last week in a statement.

On Tuesday morning the health ministry said so far over 381 million doses have been administered across the country.
The Indian government aims to vaccinate the entire population by the end of this year.

Experts said India needs to administer 10 million doses a day to achieve its aim of inoculating the adult population by December. Enditem
Photo : A woman receives a dose of COVID-19 vaccine at a vaccination center in Ahmedabad, India, on June 4, 2021. (Str/Xinhua)