Connect with us

Asia

အိန္ဒိယနိုင်ငံ ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူ ၁၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြစ်ရေလျှံနေသည်ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ လူ ၁၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။

Chamba, Kullu နှင့် Lahaul-Spiti ခရိုင် ၃ ခုတွင် ဇူလိုင် ၂၇ ရက်က ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်၏ အဆိုအရ သေဆုံးသူများမှာ Chamba ခရိုင်တွင် ၂ ဦး၊ Kullu ခရိုင်တွင် ၄ ဦးနှင့် Lahaul-Spiti တွင် ၁၀ ဦးဖြစ်ကြောင်း သိရသည်။

ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်ရှိ နေရာများစွာတွင် မိုးရွာသွန်းသည့် သတင်းများအရ မိုးသည်းထန်မှုများနှင့် ရေကြီးရေလျှံမှုများကြောင့် လမ်းများ ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

တောင်တန်းထူထပ်သော အဆိုပါ ပြည်နယ်တွင် မုတ်သုံကာလ၌ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
16 killed in flash floods triggered by heavy rains in India’s Himachal Pradesh
Source: Xinhua| 2021-07-28 23:08:14|Editor: huaxia
NEW DELHI, July 28 (Xinhua) — Sixteen people were killed and two injured in flash floods triggered by heavy rains in northern Indian state of Himachal Pradesh, officials said Wednesday.
The flash floods hit three districts, Chamba, Kullu and Lahaul-Spiti, on Tuesday.
According to the state disaster management authority, two people were killed in Chamba, four in Kullu and 10 others in Lahaul-Spiti.
Reports pouring in from many parts of the state said cloudbursts and flashfloods caused damage to roads.
According to officials, flash floods and landslides have become a common occurrence in the hill state during monsoons. Enditem
Photo taken on Aug. 18, 2019 shows overflowing rivers following a heavy rain in Himachal Pradesh, India. Landslides and other incidents triggered by flash-floods have claimed around 18 lives in India’s northern hilly state of Himachal Pradesh over the past two days, said media reports on Sunday. (Str/Xinhua)