Connect with us

COVID-19 UPDATES

ဥဇဘက်ကစ္စတန်နိုင်ငံက COVID-19 ကန့်သတ်ချက်အချို့ ဖြေလျှော့ကာ လူအများအပြား ပါဝင်သောအခမ်းအနားပွဲများ ခွင့်ပြု

ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ခန့်မြို့ရှိ လမ်းတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ထားသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

တက်ရှ်ခန့်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ဥဇဘက်ကစ္စတန်နိုင်ငံတွင် နေ့စဉ် COVID-19 ရောဂါဖြစ်ပွားမှု လျော့ကျလာသဖြင့် COVID-19 ကန့်သတ်ချက်အချို့အား ဖြေလျှော့ပေးခဲ့ပြီး နေအိမ်ပြင်ပနှင့် နေအိမ်အတွင်း လူအများအပြားပါဝင်သော အခမ်းအနားပွဲများ ခွင့်ပြုလျက်ရှိကြောင်း ဥဇဘက် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဥဇဘက် အထူးကော်မရှင်က “ပြည်သူတွေ ယဉ်ကျေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အနားယူနိုင်ရေးအတွက် အဆင်ပြေနိုင်စေဖို့နဲ့ ကွာရန်တင်း (quarantine) လိုအပ်ချက်တွေ လျှော့ချခြင်းဖြင့် အပန်းဖြေမှု ရရှိစေဖို့” ပုံမှန်အစည်းအဝေး၌ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် မိသားစုတွေ့ဆုံပွဲများနှင့် မင်္ဂလာဆောင်များအား လူအရေအတွက် ၁၀၀ ထက်မကျော်စေဘဲ ကျင်းပနိုင်မည်ဖြစ်သလို ကျန်းမာရေးနှင့်ညီညွတ်သော တစ်ကိုယ်ရေသန့်ရှင်းရေ လိုအပ်ချက်များအား တင်းတင်းကြပ်ကြပ် လိုက်နာရမည်ဖြစ်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးအဆောက်အအုံများ၊ စားသောက်ဆိုင်များနှင့် မင်္ဂလာခန်းမများ အပါအဝင် ဝန်ဆောင်ကဏ္ဍမှ ဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အသိအမှတ်ပြုလက်မှတ် မဖြစ်မနေရှိရမည်ဖြစ်ကြောင်း သိရသည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၁၆၈,၉၃၈ ဦးနှင့် ရောဂါကြောင့် ဆက်စပ်၍ သေဆုံးမှု အရေအတွက် ၁,၁၉၂ ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Uzbekistan lifts some COVID-19 restrictions, allows mass events
2021-09-20 16:15:18
TASHKENT, Sept. 20 (Xinhua) — Uzbekistan has lifted some COVID-19 restrictions, allowing mass events both outdoors and indoors in light of decreasing daily COVID-19 cases, the Uzbek Health Ministry said Monday.
The Uzbek special commission to fight against the coronavirus has decided at a regular meeting to “create amenities for the population for cultural and spiritual leisure, as well as recreation by reducing quarantine requirements.”
People can hold family events and weddings with no more than 100 people and in strict compliance with sanitary and hygienic requirements, according to the decision.
Employees of the service sector, including cultural and entertainment facilities, restaurants and wedding halls must have a certificate of vaccination, it said.
Uzbekistan has so far registered 168,938 COVID-19 cases and 1,192 related deaths. Enditem
Photo : A man wearing mask is seen in a street in Tashkent, Uzbekistan, on March 15, 2020. Uzbekistan on Sunday reported its first COVID-19 case, with an Uzbek man testing positive after returning from France. (Photo by Zafar Khalilov/Xinhua)