Connect with us

Asia

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ ပထမဆုံး ရက်မတပ်ဆင်ခြင်းလိုင်းတွင် ရက်မတပ်ဆင်ခြင်းပြီးစီး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ရက်မတပ်ဆင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မေ ၂၈ ရက် (ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထာလမ်း (HSR) ၏ ပထမဆုံး ရက်မတပ်ဆင်ခြင်းလိုင်းအတွက် အသင့်သုံး ရက်မ (box girder) ၃၇၇ ခုအား မေ ၂၈ ရက်အထိ တပ်ဆင်ပြီးဖြစ်ကြောင်း ရထားလမ်းလုပ်ငန်းဆောင်ရွက်သူက ပြောကြားခဲ့သည်။

၁၄၂.၃ ကီလိုမီတာရှိသော မြန်နှုန်းမြင့်ရထားလမ်းအား ဆောင်ရွက်လျက်ရှိသော တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်းများအကြား ဖက်စပ်လုပ်ငန်းစုတစ်ခုဖြစ်သော KCIC မှ ထုတ်ပြန်ချက်အရ အဆိုပါဆောင်ရွက်ချက်သည် ကျန်ရှိသော ရက်မတပ်ဆင်ခြင်းလိုင်း ၅ ခု အဆင်ပြေချောမွေ့စွာပြီးဆုံးရေးအတွက် ဥပမာကောင်းတစ်ခုဖြစ်ကြောင်း၊ HSR တည်ဆောက်ရာတွင် နောက်ထပ်အရေးပါသော တိုးတက်မှုတစ်ခု ဖြစ်ကြောင်း သိရသည်။
ဦးတည်ရာနှစ်ခုမှ တစ်ပြိုက်နက်တည်း ရက်မတပ်ဆင်ခဲ့သော ပထမဆုံးလိုင်းအတွက် ရက်မတပ်ဆင်ခြင်း ပြီးစီးပြီးနောက် တရုတ်ကုမ္ပဏီများက တံတားကြမ်းခင်းစနစ်နှင့် ရထားသံလမ်းအောက်ခံလမ်းကြောင်း တည်ဆောက်ခြင်း စတင်သွားမည်ဖြစ်ကြောင်း KCIC က ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ နည်းပညာဖြင့် တည်ဆောက်ထားသော မြန်နှုန်းမြင့်ရထားလမ်းသည် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အမြန်နှုန်းဖြင့်ပြေးဆွဲနိုင်ပြီး ဂျကာတာမြို့နှင့် အနောက်ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်းအကြား အကွာအဝေးကို အချိန် ၃ နာရီကျော်မှ မိနစ် ၄၀ အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
1st girder erection channel of Jakarta-Bandung HSR completes erecting
2021-05-28 14:11:03
JAKARTA, May 28 (Xinhua) — All 377 prefabricated box girders have been erected as of Friday for the first girder erection channel of the Jakarta-Bandung High Speed Railway (HSR), the railway’s operator said.
A statement released by KCIC, a joint venture consortium between Chinese and Indonesian state-owned firms that runs the 142.3-km HSR, said it set a good example for the smooth completion of the remaining five girder erection channels, marking another significant progress in the construction of the HSR.
KCIC said after the completion of the girder erection for the first channel, where the beam was erected simultaneously from two directions, Chinese companies will start the construction of bridge deck system and ballastless track.
With a speed of 350 km per hour, the high-speed railway built with the Chinese technology will cut the journey between Jakarta and Bandung, the capital of West Java province, from more than three hours to around 40 minutes. Enditem
Photo taken on Sept. 3, 2020 shows the construction site of box girder erection of Jakarta-Bandung High Speed Railway in Indonesia. (Xinhua/Zulkarnain)