Connect with us

Asia

တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲချိန်မှစ၍ ခရီးသည် ၁ သန်းကျော် ပို့ဆောင်ပေးထား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Yuxi မြို့ရှိ Yuxi မီးရထားဘူတာရုံ၌ တရုတ်-လာအို ရထားလမ်း EMU ရထားတစ်စင်း ဆိုက်ရောက်လာသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)
တရုတ်-လာအို ရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြေးဆွဲချိန်မှစ၍ ခရီးသည် ၁ သန်းကျော် နှင့် ကုန်ပစ္စည်း တန်ချိန် ၅၀၀,၀၀၀ အား ပို့ဆောင်ပေးခဲ့ကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် သယ်ယူပို့ဆောင်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မီးရထားဖြင့် သယ်ယူပို့ဆောင်ခဲ့သည့် ကုန်ပစ္စည်းများတွင် နယ်စပ်ဖြတ်ကျော်ကုန်ပစ္စည်း တန်ချိန် ၁၀၀,၀၀၀ ပါဝင်ကြောင်း China Railway Kunming Group ကုမ္ပဏီထံမှ သိရသည်။
တရုတ်-လာအို ရထားလမ်းသည် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့တို့အား ဆက်သွယ်ထားသည်။ ယင်းသည် တရုတ်-လာအို နှစ်နိုင်ငံက ပူးပေါင်း တည်ဆောက်ပြီး လည်ပတ်ခဲ့သည့် ပထမဆုံး ပြည်ပရထားလမ်းဖြစ်ကြောင်း သိရသည်။
၁,၀၃၅ ကီလိုမီတာ ရှိသော ရထားလမ်းသည် အရည်အသွေးမြင့် ရပ်ဝန်း နှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခု ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။
“လက်ရှိမှာ ရထားလမ်းရဲ့ ကုန်ပစ္စည်းအမျိုးအစားတွေကို တိရစ္ဆာန်အစာ နှင့် ဓာတ်မြေဩဇာထုတ်ကုန်တွေကနေပြီးတော့ ဆက်သွယ်ရေး ၊ photovoltaic ၊ မော်တော်ယာဉ် နဲ့ အထည်အလိပ်ထုတ်ကုန်တွေအထိ ဆက်လက် ကျယ်ပြန့်လာပါတယ်။ဆန် ၊ ဘီယာ နဲ့ အခြားအစားအစာတွေ ၊ နေ့စဉ်သုံးပစ္စည်းတွေရဲ့ သယ်ယူပို့ဆောင်ရေးပမာဏကလည်း တိုးပွားလာပါတယ်။”ဟု ကုမ္ပဏီ တာဝန်ရှိသူတစ်ဦး ဖြစ်သူ Xu Jiefeng က ပြောကြားခဲ့သည်။ (Xinhua)

—————————-
(English Version)
China-Laos Railway transports over 1 million passengers since launch
KUNMING, Jan. 30 (Xinhua) — The China-Laos Railway has transported over 1 million passengers and 500,000 tonnes of cargo since it was launched in December 2021, said the transport authorities of southwest China’s Yunnan Province.
The cargo transported by the railway includes 100,000 tonnes of cross-border goods, according to the China Railway Kunming Group Co., Ltd.
The China-Laos Railway connects Kunming in Yunnan Province with the Lao capital Vientiane. It is the first overseas railway jointly constructed and operated by the two countries.
The 1,035-km railway, a landmark project of high-quality Belt and Road cooperation, started operation on Dec. 3, 2021.
“Currently, the cargo category of the railway keeps expanding, ranging from feed and fertilizer products to communications, photovoltaic, automobile and textile products. The transportation volume of rice, beer and other food and articles of daily use are also growing,” said Xu Jiefeng, an official of the company. ■
Photo – An electric multiple unit (EMU) train of the China-Laos Railway arrives at Yuxi Railway Station in Yuxi, southwest China’s Yunnan Province, Dec. 3, 2021. (Xinhua/Hu Chao)