COVID-19 UPDATES
အိန္ဒိယနိုင်ငံ ၌ အိုမီခရွန်ဗိုင်းရပ်စ်ပိုး တွေ့ရှိမှု စုစုပေါင်း ၉၈ ဦး အထိ ရောက်ရှိလာ
နယူးဒေလီ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၏ မြို့တော်၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၁၀ ဦးကို ဒီဇင်ဘာ ၁၇ ရက်တွင် ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၉၈ ဦးအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
“ဒေလီမှာ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံတဲ့ အတည်ပြုလူနာ ၁၀ ဦးကိုတွေ့ရှိခဲ့ပြီး အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၀ ဦးရှိပြီဖြစ်ပါတယ်’’ ဟု ဒေလီ၏ ဒေသန္တရ ကျန်းမာရေးဝန်ကြီး Satyendar Jain ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။ “အဲဒီအယောက် ၂၀ ထဲက ၁၀ ယောက်က ဆေးရုံက ဆင်းသွားခဲ့ပြီ’’ ဟုဆိုသည်။
ကာနာတာကာပြည်နယ် ကျန်းမာရေး ဝန်ကြီး K Sudhakar ၏ အဆိုအရ ကာနာတာကာ ပြည်နယ်တွင် ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းတွင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅ ဦးကို တွေ့ရှိခဲ့ပြီး ၊ ၎င်းပြည်နယ်တွင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၈ ဦးအထိ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
“ကာနာတာကာပြည်နယ် တွေ့ရှိခဲ့သော ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ ၅ ဦးမှာ ဗြိတိန်မှပြန်လာတဲ့ အသက် ၁၉ နှစ်အရွယ်အမျိုးသား၊ ဒေလီမှပြန်လာတဲ့ အသက် ၃၆ နှစ်အရွယ်အမျိုးသား၊ ဒေလီမှပြန်လာတဲ့ အသက် ၇၀ နှစ်အရွယ်အမျိုးသမီး၊ နိုင်ဂျီးရီးယားမှပြန်လာသော ၅၂ နှစ်အရွယ် အမျိုးသား၊ တောင်အာဖရိကမှပြန်လာသော အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသားတို့ဖြစ်ကြောင်း’’ Sudhakar က ၎င်း၏ ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
နောက်ဆုံးသတင်းအချက်အလက်များအရ Maharashtra ပြည်နယ်တွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသည့် အတည်ပြုလူနာ ၃၂ ဦး၊ ရာဂျက်တန်ပြည်နယ်တွင် ၁၇ ဦး၊ ကာနာတာကာတွင် ၈ ဦးနှင့် တီလန်ဂါနာ၌ ၇ ဦးတို့ တေွ့ရှိခဲ့ကြောင်း သိရသည်။
Gujarat ပြည်နယ်နှင့် ကီရာလာ ပြည်နယ်တို့တွင် အိုမီခရွန် အတည်ပြုလူနာ ၅ ဦးစီ ရှိခဲ့ပြီး Andhra Pradesh ပြည်နယ်၊ Tamil Nadu ပြည်နယ်၊ Chandigarhပြည် နှင့် အနောက်ဘန်ဂေါပြည်နယ် အသီးသီးတွင် အိုမီခရွန် အတည်ပြုလူနာ ၁ ဦးစီ ရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ဖြစ်ပွားမှုနှင့်ပတ်သက်၍ ပြင်းထန်သောရောဂါလက္ခဏာများ မတွေ့ရှိရကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်အား ကမ္ဘာလုံးဆိုင်ရာ သတိပေးချက်ကြောင့် အိန္ဒိယနိုင်ငံသည် အထူးသဖြင့် အန္တရာယ်ရှိနိုင်ငံများမှ ဝင်ရောက်လာသော နိုင်ငံတကာခရီးသည်များအားလုံးကို ရောဂါပိုးရှိမရှိ စမ်းသပ်ခြင်းနှင့် စောင့်ကြည့်ခြင်းများကို အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………
(English Version)
India’s Omicron tally reaches 98
NEW DELHI, Dec. 17 (Xinhua) — Ten new cases of the Omicron variant were logged in India’s capital Friday, taking the country’s case tally of the new variant to 98.
“Ten new cases of Omicron variant reported in Delhi, taking the total number of cases of the new variant here to 20,” Delhi’s local health minister Satyendar Jain was quoted by a local news agency as saying. “A total of 10 people, out of these 20, have been discharged.”
According to Karnataka health Minister K Sudhakar, five new cases of the new variant were detected in the state on Thursday evening, which has taken its tally of the Omicron to eight in the state.
“Five more cases of Omicron have been detected in Karnataka, a 19-year-old male returning from Britain, 36-year-old male returning from Delhi, 70 year female returning from Delhi, 52 year male returning from Nigeria, 33-year male returning from South Africa,” Sudhakar wrote on social media.
As per the latest update, Maharashtra reported 32 Omicron cases, followed by Delhi reporting 20 cases. Rajasthan has reported 17 cases, Karnataka eight and Telangana seven.
Gujarat and Kerala reported five cases each, while as Andhra Pradesh, Tamil Nadu, Chandigarh and West Bengal each have reported one case of Omicron.
India’s federal health ministry officials said of the reported cases of Omicron in the country, none of the patients have reported severe symptoms.
India has already stepped up testing and surveillance of all incoming international passengers, especially from at-risk nations, in the wake of global alarm over the new strain of COVID-19. Enditem