Connect with us

Europe

ယူကရိန်းနိုင်ငံ၌ တိုက်ခိုက်မှုများ ရပ်ရမည်ဟု ကုလသမဂ္ဂအကြီးအကဲ ပြောကြား

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၄၉ ကြိမ်မြောက် အစည်းအဝေးတွင် ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အား ဖေဖော်ဝါရီလ ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းအဆုံးသတ်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။“ယူကရိန်းနိုင်ငံမှာ တိုက်ခိုက်တာတွေ ရပ်ရပါမယ်။ လေကြောင်း ၊ ကုန်းကြောင်းနဲ့ ပင်လယ်ကနေ နိုင်ငံအနှံ့ အရှိန်ပြင်းထန်နေပါတယ်။အဲဒါ အခုရပ်ရပါမယ်။”ဟု ယူကရိန်းနိုင်ငံ နှင့် ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၏ အရေးပေါ်အထူးအစည်းအဝေးတွင် အန်တိုနီယိုဂူတာရက်စ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “ရပ်တန့်ကရပ်ပါ ။ စစ်သားတွေက သူတို့ရဲ့စစ်တန်းလျားတွေကို ပြန်ဖို့လိုပါတယ်။ ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ လိုပါတယ်။အရပ်သားပြည်သူတွေကို ကာကွယ်ရပါမယ်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု နဲ့ လူ့အခွင့်အရေးဥပဒေကို လိုက်နာရပါမယ်။ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ နယ်နိမိတ်တွေအတွင်းမှာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာ ၊ လွတ်လပ်မှုနဲ့ ပိုက်နက်တည်တံ့ခိုင်မြဲမှုကို လေးစားရပါမယ်။”ဟု ပြောကြားခဲ့သည်။ (Xinhua)
————————————-
(English Version)

Fighting in Ukraine must stop: UN chief
UNITED NATIONS, Feb. 28 (Xinhua) — UN Secretary-General Antonio Guterres on Monday called for an immediate end to Russia’s military operations in Ukraine.

“The fighting in Ukraine must stop. It is raging across the country, from air, land and sea. It must stop now,” he told an emergency special session of the UN General Assembly on Ukraine.

“Enough is enough. Soldiers need to move back to their barracks. Leaders need to move to peace. Civilians must be protected. International humanitarian and human rights law must be upheld. The sovereignty, independence and territorial integrity of Ukraine, within its internationally recognized borders, must be respected,” said Guterres. ■

Photo – This image grabbed from a screen shows UN Secretary-General Antonio Guterres speaking via a video at the opening of the 49th session of the United Nations Human Rights Council (UNHRC), held at the United Nations Office at Geneva, Switzerland, Feb. 28, 2022. (Xinhua)