Connect with us

Asia

အိန္ဒိယလေတပ်က ပါကစ္စတန်မြေပေါ် မရည်ရွယ်ဘဲ ဒုံးကျည်ပစ်လွှတ်မိခြင်းအတွက် တာဝန်ရှိသူများကို ပြစ်တင်

အိန္ဒိယနိုင်ငံ စစ်ရေးပြအခမ်းအနားတစ်ခုတွင် BrahMos ဒုံးကျည်များ သယ်ဆောင်လာသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံလေတပ်(IAF) က ပါကစ္စတန်နိုင်ငံထဲ မရည်ရွယ်ဘဲ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့မိသည့် မတော်တဆမှု ဖြစ်ရပ်အတွက် ၎င်း၏ ဒုံးကျည်တပ်ဖွဲ့မှ တာဝန်ရှိသူများကို ပြစ်တင် ပြောဆိုလိုက်ကြောင်း သိရသည်။

ယင်းမတော်တဆမှုသည် မတ် ၉ ရက်တွင် မရည်ရွယ်ဘဲ BrahMos ဒုံးကျည်တစ်စင်းအား ပစ်လွှတ်မိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းဒုံးကျည်သည် ပါကစ္စတန်နိုင်ငံ ပိုင်နက်နယ်မြေအတွင်း ကျရောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အိန္ဒိယလေတပ်အဆင့်မြင့်အရာရှိတစ်ဦးက စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးဖြစ်သည်။

“ ဒါဟာလုံးဝရှောင်ရှားရမယ့် ကိစ္စရပ်မျိုးဖြစ်ပြီး ဒီမတော်တဆမှုအတွက် အရာရှိတစ်ဦးထက်မနည်းဟာ ပြစ်တင်ခံရဖို့ ရှိနေပါတယ် ၊ ကျူးလွန်ကြောင်းထင်ရှာတဲ့ အရာရှိတွေဟာ ထိထိရောက်ရောက်နဲ့အမြန်ဆုံးအရေးယူအပြစ်ပေးခံရမှာပါ ” ဟု အစိုးရသတင်းအရင်းအမြစ်ကို ကိုးကား၍ Asian News International (ANI) သတင်းဌာနက ဖော်ပြခဲ့သည်။

ဒုံးကျည်တပ်ဖွဲ့မှ သက်ဆိုင်ရာအရာရှိများသည် စံချိန်စံညွှန်းညီ လုပ်ထုံးလုပ်နည်းများ( SOP) ကို ရှင်းရှင်းလင်းလင်းချိုးဖောက်ထားသည်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရှိထားကြောင်းလည်း ၎င်းတို့က ဆိုသည်။
အိန္ဒိယလေတပ်(IAF) အနေဖြင့် ယင်းမတော်တဆမှု ဖြစ်ရပ်အပေါ် အလွန်အလေးထားကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး အလားတူဖြစ်ရပ်မျိုးထပ်မံမပေါ်ပေါက်စေရန် လုပ်ငန်းစဉ်တိုင်ကို အသေးစိတ် အတွင်းကျကျလုပ်ဆောင်လျက်ရှိကြောင်း နှင့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် အပြောင်းအလဲများ လုပ်ရန်လိုမလို သိနိုင်ရန် အမျိုးမျိုးသော စံချိန်စံညွှန်းညီ လုပ်ထုံးလုပ်နည်းများ ( SOP) ဖြင့်လည်ပတ်နေခြင်းကို ပြန်လည်သုံးသပ်မှုပြုလုပ်နေကြောင်း သတင်းအရင်းအမြစ်ကဆိုသည်။(Xinhau)

……………………..
(English Version)
Indian Air Force blames officials for missile that accidentally landed in Pakistan
NEW DELHI, April 10 (Xinhua) — The Indian Air Force (IAF) has blamed officials from its missile squadron for an incident which accidentally launched a missile into Pakistan.
The incident occurred on March 9 when a BrahMos missile was fired accidentally and landed in the Pakistan territory. The inquiry was done by a senior IAF official.
“More than one official has been found blameworthy for the incident which was totally avoidable. The guilty officials would be given a swift and severe punishment,” the Asian News International (ANI) quoted government sources as saying.
The court of inquiry also found a clear violation of standard operating procedures by the officials concerned, they said.
The IAF has taken the incident very seriously and is taking every step internally to ensure that such incidents do not occur in future and various standard operating procedures are being reviewed to see if there is any change required to make things smoother, said the sources. Endite