Connect with us

Europe

ယူကရိန်းအရေးဆိုင်ရာ UNHRC အထူးအစည်းအဝေးတွင် ရုရှား ပါဝင်မည်မဟုတ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်အား မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၁၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) တွင် မကြာမီကျင်းပမည့် ယူကရိန်းနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးအား ရုရှားနိုင်ငံက ဘက်လိုက်မှုရှိသော အစည်းအဝေးဟု ဆိုလျက် ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက မေ ၁၀ ရက်တွင် ပြောခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ အထူးစစ်ဆင်ရေးရဲ့ မှန်ကန်တဲ့ရည်မှန်းချက်တွေ၊ မြေပြင်အခြေအနေတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ ပြောဆိုချက်တွေ ဖြေရှင်းချက်တွေကို လုံးဝလျစ်လျူရှုထားတယ်” ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova ၏ ပြောကြားချက်အား ကိုးကား၍ ဝန်ကြီးဌာနထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

UNHRC က “ရုရှား ကျူးကျော်မှုမှ အရင်းခံလာတဲ့ ယူကရိန်းရှိ လူ့အခွင့်အရေး ယိုယွင်းလာမှုကို ကိုင်တွယ်ဖြေရှင်းရန်” အထူးအစည်းအဝေးတစ်ရပ်ကို မေ ၁၂ ရက်တွင် ကျင်းပမည်ဟု မေ ၉ ရက်က ကြေညာခဲ့သည်။

“ရုရှား ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့တက်ရောက်နေတဲ့အစည်းအဝေးမှာ နောက်ထပ် ဘက်လိုက်မှုရှိတဲ့ နိုင်ငံရေးဟန်ပြပွဲတစ်ခုကို ခွင့်ပြုမှာမဟုတ်ဘူး” ဟု Zakharova ၏ ပြောကြားချက်အား ကိုးကား၍ ဖော်ပြထားသည်။

ထို့ပြင် အနောက်နိုင်ငံက အခွင့်အရေးသမားဆန်သော အပြုအမူမှတစ်ဆင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဆက်လက်လုပ်ဆောင်ရန် လူ့အခွင့်အရေးကို ထုံးစံအတိုင်းအသုံးချနေခြင်း ဖြစ်ကြောင်း Zakharova က ဆိုသည်။

UNHRC သည် ၎င်း၏ နာမည်ဂုဏ်သတင်းထိခိုက်စေသည်ကို စိတ်အနှောင့်အယှက်ဖြစ်စရာဟု မထင်မြင်ကြောင်းနှင့် ယင်းအဖွဲ့က “စစ်မှန်သော သီးသန့်ဒီမိုကရေစီအဖွဲ့” အဖြစ် ပြောင်းလဲကာ ကမ္ဘာပေါ်ရှိ အခြားသူများအား ဥပဒေများ သတ်မှတ်ခြင်းနှင့် ယင်းကိုချိုးဖောက်သူများအား အပြစ်ပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Russia won’t participate in special session of UNHRC on Ukraine
Source: Xinhua| 2022-05-10 23:46:31|Editor: huaxia
MOSCOW, May 10 (Xinhua) — The Russian Foreign Ministry said Tuesday that Russia has chosen not to participate in an upcoming special session of the United Nations Human Rights Council (UNHRC) on Ukraine, calling the event biased.
“Unfortunately, our arguments and explanations with regard to the true goals of the special military operation and the situation on the ground are being completely ignored,” the country’s foreign ministry said in a statement, citing spokesperson Maria Zakharova.
The UNHRC announced Monday that it will hold a special session on Thursday “to address the deteriorating human rights situation in Ukraine stemming from the Russian aggression.”
“The Russian delegation will not legitimize another biased political show with its presence,” Zakharova was quoted as saying.
She also said that the West had traditionally used human rights to pursue their own interests through opportunistic behavior.
The UNHRC seems not to be bothered that its reputation could be discredited, and the body has turned into a “closed club of genuine democracies” that imposes rules on the rest of the world and punishes those who violate them, according to the spokesperson. ■
Photo : Photo taken on March 10, 2022 shows the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)