Connect with us

China

တရုတ်အဆင့်မြင့်သံတမန် နှင့် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးတို့ တွေ့ဆုံမည်

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီ နှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလ်လီဗန်တို့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၄ ရက်(ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလ်လီဗန် (Jake Sullivan) နှင့် မတ် ၁၄ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ တွေ့ဆုံမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၃ ရက် ညပိုင်း၌ ကြေညာခဲ့သည်။

CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူးလည်းဖြစ်သူ ယန်သည် ဂျိတ်ဆူလ်လီဗန် နှင့် တရုတ်-အမေရိကန် ဆက်ဆံရေးများ ၊ နှစ်ဖက်စလုံးနှင့်ဘုံသက်ဆိုင်သော နိုင်ငံတကာနှင့်ဒေသတွင်း အရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ်သွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးမှု၏ အဓိကကိစ္စရပ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် တရုတ် နှင့် အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များ၏ အွန်လိုင်းထိပ်သီးတွေ့ဆုံဆွေးနွေးပွဲအတွင်း ရရှိခဲ့သည့် အရေးပါသောသဘောတူညီချက်များအား အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း ကျောက်လိကျန်း၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းမှစတင်ကာ ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်ဘက်သည် အဆက်အသွယ် ရှိခဲ့ကြောင်း ၊ အစည်းအဝေးနှင့်ပတ်သက်ပြီး အဆက်အသွယ် ပြုလုပ်၍ သတ်မှတ်ထားသည့်အတိုင်း တွေ့ဆုံဆွေးနွေးရန် အချိန်သတ်မှတ်ခဲ့ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(English Version)
Senior Chinese diplomat to meet U.S. national security advisor
BEIJING, March 13 (Xinhua) — Yang Jiechi, a member of the Political Bureau of the Communist Party of China (CPC) Central Committee, will meet with U.S. National Security Advisor Jake Sullivan on Monday in Rome, capital of Italy, Chinese foreign ministry announced Sunday night.
Yang, also director of the Office of the Foreign Affairs Commission of the CPC Central Committee, will exchange views with Sullivan on China-U.S. relations and international and regional issues of common concern, spokesperson Zhao Lijian said.
The key issue of this meeting is to implement the important consensus reached by the Chinese and U.S. heads of state in their virtual summit in November last year, according to Zhao.
The two sides have been in contact on the matter since late last year, stayed in communication about the meeting and set a time for the meeting according to their schedules, Zhao said. ■
Photo – Yang Jiechi (1st R), a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, meets with U.S. National Security Advisor Jake Sullivan (1st L) in Zurich, Switzerland, on Oct. 6, 2021. (Xinhua/Chen Junxia)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.