Connect with us

Media

ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် အနောက်နိုင်ငံများ၏ စံနှုန်းနှစ်ခွမူဝါဒ ကို ကျွမ်းကျင်သူများပြစ်တင်

ဒမတ်စကတ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ကျွမ်းကျင်သူများစွာသည် အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန် နိုင်ငံက ကျင့်သုံးသည့် စံနှုန်းနှစ်ခွမူဝါဒ အပေါ် ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခ သည် အနောက် နိုင်ငံများ၏ စံနှုန်းနှစ်ခု မူဝါဒများကို ပေါ်လွင်စေခဲ့ကြောင်း ကျွမ်းကျင်သူများစွာက မကြာသေးမီတွင် ပြောကြားခဲ့ကြသည်။
ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေးကျွမ်းကျင်သူ MUHAMMAD OMARIက
“လူသားချင်းစာနာထောက်ထားမှု မူဝါဒ အရကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံက အမြဲတမ်း “ စံနှုန်းနှစ်ခွ မူဝါဒ” ကို ကျင့်သုံးနေတာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း ၊ အီရတ်တို့ ၊ဆီးရီးယားတို့၊ ယီမင်တို့၊ လက်ဘနွန်တို့ နောက်ပြီးအခြားနိုင်ငံတို့မှာ ဖြစ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်းတွေကိုလျစ်လျူရှုပြီး ယူကရိန်း နိုင်ငံရဲ့ စစ်ဘေးဒုက္ခသည်တွေကို ဂရုစိုက်တဲ့ကိစ္စဟာ ရုရှားကို ထိုးနှက်စေချင်ရုံ သက်သက် ဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။
သူတို့ရဲ့ စစ်ရေးကြားဝင်စွက်ဖက်မှုဖြစ်ဖြစ် ဒေသတွင်းစစ်ရေး တပ်ဖြန့်မှုပဲဖြစ်ဖြစ် ဒါမှမဟုတ် စီးပွားရေးအရ ပိတ်ဆို့မှုတွေလုပ်ဆောင်တာပဲဖြစ်ဖြစ် တစ်ဖက်သက် “ စီးပွားရေးအကြမ်းဖက်ဝါဒ” ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းတွေကို ပိုမိုတိုးပွားစေတာဖြစ်ပြီး အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေမှာဖြစ်ပါတယ် “ ဟုဆိုသည်။

အီဂျစ်နိုင်ငံ သတင်းစာ ကော်လံစား နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ AZZA RADWAN SEDKY က
သူတို့ဘာလို့ “စံနှုန်းနှစ်ခွမူဝါဒ” ကို အဲဒီမှာကျင့်သုံးကြတာလဲ၊ ဘာဖြစ်လို့လည်းဆိုတော့ အနောက်နိုင်ငံတွေက သေချာတဲ့လမ်းကို ဦးတည်သွားပြီး ကမ္ဘာကြီးက နောက်က လိုက်ပါဖို့လား။ အီရတ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာလုံးဝ ကိုမဖြစ်သင့်ပါဘူး။ အီရတ်ကို ကျူးကျော်ဖို့ရာ အကြောင်းပြချက် တစ်ခုတောင်မှ မရှိပါဘူး။ ဒါပေမဲ့ ကျူးကျော်မှုဟာဖြစ်ခဲ့ပြီးတော့ ကမ္ဘာကြီးက နားထောင်ပေးခဲ့ လက်ခံပေးခဲ့ပါတယ်။
ကျွန်မတို့ဟာ ပြဿနာတွေကို ပိုမိုကြီးထွားစေခဲ့တာပါ။ ဘယ်သူကမှ နောက်ဆုတ်တာမဟုတ်ပါဘူး ၊အားလုံးက အလွန်အကျွံဖြစ်ကုန်တာပါ။ ဒီတော့ တကယ်လို့ကျွန်မတို့က နှိမ့်ချပြီး အခြားတစ်ဖက်ကို နားထောင်ပေးလိုက်မယ်ဆိုရင် ကျွန်မတို့ အဲဒီကိစ္စတွေကို ပြန်ပြင်နိုင်မှာပါ၊ ဒါပေမဲ့ သူတို့တွေးတာက အနောက်တိုင်း မီဒီယာတွေ နဲ့ အနောက်နိုင်ငံက ဗိုလ်ချုပ်တွေ တွေးတာက အလွန်အကျွံ လုပ်ဆောင်ဖို့နဲ့ ကျွန်တော်ကျွန်မတို့တော့ လုပ်တော့မယ် ကျွန်တော်ကျွန်မတို့တော့ ရပ်တန့်လိုက်တော့မယ် ဆိုပြီး နောက်ထပ် နောက်ထပ် နဲ့ ရပ်တန့်လို့ကော ရသေးလို့လား အဲဒီမှာ မရပ်တန့်နိုင်တော့ပါဘူး
ရုရှားနိုင်ငံအပေါ် အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှုများ လုပ်ဆောင်ရာတွင် ရုရှားနိုင်ငံရှိ အခြား ကဏ္ဍ အချို့ပိတ်ဆို့ခံရမှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့ကြသည်။
“ပါကစ္စတန်နိုင်ငံ Global Village Space မှ အယ်ဒီတာဖြစ်သူ Najma Minhas က
“အမေရိကန်တို့ က သူတို့နိုင်ငံအတွက် လုံးဝ သက်ရောက်မှု မရှိနိုင်တဲ့အရာတွေအပေါ်မှာပဲ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကိုလုပ်ဆောင်ဖို့ စိတ်ဝင်စား တာဖြစ်ပါတယ်၊ ရုရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံး ယူရေနီယံထောက်ပံ့ပေးတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။နောက်ပြီး တကယ်တန်းတော့ ရုရှားနိုင်ငံက အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းရဲ့ ယူရေနီယံ လိုအပ်ချက် ၅၀ ရာခိုင်နှုန်း(နီးပါး) ကို ထောက်ပံ့ပေး တာပါ၊နောက်ပြီး (အမေရိကန်နိုင်ငံ) က သူတို့ရဲ့ နျူကလီးယား စက်ရုံတွေကို လည်ပတ်ဖို့ အဲဒီကနေမှ လျှပ်စစ်ဓါတ်အားတွေ ရရှိဖို့ အဲဒီ ယူရေနီယံတွေကို လိုအပ်ပါတယ်။ဒီတော့ အမေရိကန်နိုင်ငံကို တိုက်ရိုက်ထိခိုက်စေမယ့် ကိစ္စတွေ ဆိုရင် သူတို့ဟာ ပိတ်ဆို့မှု‌တွေလုပ်ဆောင်ခြင်းမရှိပါဘူး။ နောက်ပြီး အခြားတစ်ဖက်က ဆိုရင် လည်း ဥရောပတိုက်နိုင်ငံတွေဟာ ရုရှားနိုင်ငံအပေါ် သဘာဝဓါတ်ငွေ့ အတွက် ၄၀ ရာခိုင်နှုန်းလောက်မှီခိုနေရတယ်လို့ ယူဆရတာကြောင့် သူတို့ဟာ အဲဒါတွေကို အလိုအလျောက်ရပ်တန့်သင့်ပါတယ်” ဟုဆိုသည်။
ဆင်ဟွာသတင်းဌာနမှ သတင်းထောက်များသည် ကိုင်ရို၊ ဒမတ်စကတ် နှင့် အစ္စလမ်မာဘတ်တို့မှ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………..
(English Version)

GLOBALink | Experts slam West’s double standards on Russia-Ukraine conflict
DAMASCUS, March 16 (Xinhua) — As the Russia-Ukraine conflict continues, many experts have voiced their opposition against the double standards adopted by the West, especially the United States, towards the issue.
The Russia-Ukraine conflict has exposed the West’s double standards, many experts have said recently.
MUHAMMAD OMARI, Syrian political expert
“In terms of humanitarianism, the United States always has ‘double standards’. We believe that to embarrass Russia, the U.S. claims to care about Ukrainian refugees while ignoring the humanitarian crisis it has caused in the Middle East, whether it is Iraq, Syria, Yemen, Lebanon or other countries.
Whether through its military intervention or regional military presence, or through the imposition of economic blockades, unilateral ‘economic terrorism,’ all of these have further exacerbated the humanitarian crisis and complicate the humanitarian situation.”
SOUNDBITE 2 (English): AZZA RADWAN SEDKY, Egyptian columnist, political analyst
“Why are the double standards there? Is it because the West steers things towards a certain way and the world follows? What happened in Iraq should never have happened. There was not a single reason for the invasion of Iraq. Yet it occurred and the world listened and accepted it.
We’re escalating things. No one is downplaying. Everyone is overplaying. So if we downplay and listen to one another, maybe we will fix it. But if they think, Western media and the Western general think that by overplaying things and saying we’re going to do this and we’re going to Stop that and then that and then that, it’s going to stop? It’s not.”
As for the sanctions the U.S. imposed on Russia, some doubts have been raised over the specific sectors in Russia subject to the sanctions.
SOUNDBITE 3 (English): NAJMA MINHAS, Editor at Global Village Space in Pakistan
“What’s interesting about the United State’s sanctions is they are all sanctions on things that don’t really matter to the United States. Russia is one of the world’s largest suppliers of uranium. And it actually gives (nearly) 50% of the USA’s own requirements for uranium. And it (the U.S.) needs those to run its nuclear power plants from where it gets its electricity from. So on issues which actually matter directly to the United States, the U.S. hasn’t imposed a ban. Yet on the other hand, it expects that European countries, which let’s say are 40% dependent on Russia for its natural gas, that they should stop those automatically.”
Xinhua News Agency correspondents reporting from Cairo, Damascus, Islamabad.
(XHTV)