Connect with us

Europe

အိုင်ယာလန်ဝန်ကြီးတွင် COVID-19 ရောဂါပိုးအားစစ်ဆေးတွေ့ရှိ

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့၌ Micheal Martin အနေဖြင့် ဝန်ကြီးချုပ်အသစ် ဖြစ်ရွေးချယ်ခံရပြီးနောက် ဒပ်ဗလင်ရှိ ကွန်ဗင်းရှင်းစင်တာ မှ ထွက်ခွါလာသည်ကို ၂၀၂၀ပြည့်နှစ်၊ ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒပ်ဗလင်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အိုင်ယာလန်ဝန်ကြီးချုပ် Micheal Martin သည် အမေရိကန်သို့ အလည်အပတ်ရောက်ရှိစဉ်အတွင်း COVID-19 ရောဂါပိုးတွေ့စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက မတ် ၁၇ ရက်တွင် ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။ယင်းထုတ်ပြန်ချက်တွင် သမ္မတ Michael D. Higgins က Martin ထံသို့ ကျန်းမာရန် ဆုတောင်းစကား ပြောကြားခဲ့သည်။”အမေရိကန်နိုင်ပြည်ထောင်စု မှာ ကျွန်တော်တို့ အမျိုးသားနေ့ကို အိုင်ယာလန်ကိုယ်စားပြု အနေနဲ့ ကျင်းပဖို့ အလုပ်ရှုပ်နေတဲ့ Taoiseach (အိုင်ယာလန်နိုင်ငံဝန်ကြီးချုပ်) မှာ အခုလို သတင်းကြားရတဲ့ အတွက် အလွန်ပဲဝမ်းနည်းပါတယ်’’ ဟု သမ္မတက ရေးသားခဲ့သည်။

“ကျွန်တော် အနေနဲ့ Taoiseach အမြန်နေပြန်ကောင်းလာပါစေလို့ ဆန္ဒပြုပြီး ဝါရှင်တန်မှာ သူ့ရဲ့အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရင်း ဒီ့ထက်ပိုအောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်’’Martin သည် နှစ်စဉ် မတ်လ ၁၇ရက်နေ့တွင်ကျရောက်သည့် St. Patrick’s နေ့အအမျိုးသားအားလပ်ရက်အခါသမယတွင် အမေရိကန်နိုင်ငံ၌ ရှိနေကြောင်း သိရသည်။

Martin အနေဖြင့် အိမ်ဖြူတော်၏ Oval ရုံး၌ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden) နှင့် တွေ့ဆုံမည့် ၎င်း၏ကနဦးအစီအစဉ်အရ COVID-19 ပိုးအားစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အိုင်ယာလန်အစိုးရ ရေဒီယိုနှင့် ရုပ်မြင်သံကြားထုတ်လွှင့်သော RTE သတင်းတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးတွင် ၎င်းအစည်းအဝေးအား ဗွီဒီယိုဖြင့် ကျင်းပခဲ့သည်။Martin သည် တစ်ဦးတည်းသီးသန့်ခွဲခြား၍ နေထိုင်လျက်ရှိပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း RTE သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

——————————-
(English Version)

Irish PM tests positive for COVID-19

DUBLIN, March 17 (Xinhua) — Irish Prime Minister Micheal Martin has tested positive for COVID-19 while on a visit to the United States, his office said in a news release on Thursday.

In a statement, President Michael D. Higgins sent his good wishes to Martin.

“I was so very sorry to learn of this news breaking while the Taoiseach (prime minister in Irish) was busy representing Ireland in the United States leading up to our National Day,” he wrote.

“I wish the Taoiseach a speedy recovery and also wish him further success with the continuation of his program in Washington.”
Martin is currently in the United States on the occasion of St. Patrick’s Day, a national holiday in Ireland that falls on March 17 every year.

Martin tested positive on the eve of his scheduled meeting with U.S. President Joe Biden in the Oval Office of the White House, Irish national radio and television broadcaster RTE reported.

The meeting eventually took place by video.
Martin is self-isolating and is feeling well, RTE said. Enditem