Connect with us

Europe

ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ယူကရိန်းနိုင်ငံ၏ ရပ်တည်ချက်က အပြောင်းအလဲမရှိကြောင်း ယူကရိန်း သမ္မတအကြံပေး ပြော

Donetsk ရှိ Volnovakha မြို့တွင် ပျက်စီးနေသော အဆောက်အအုံအနီး ဒေသခံတစ်ဦး ထိုင်နေသည်ကို မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွင်း ယူကရိန်းနိုင်ငံ၏ ရပ်တည်ချက်မှာ အပြောင်းအလဲမရှိကြောင်း ယူကရိန်း သမ္မတအကြံပေး Mykhailo Podolyak က မတ် ၁၈ ရက်၌ ပြောကြားခဲ့သည်။“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေကတော့ မပြောင်းလဲပါဘူး။ အပစ်အခတ်ရပ်စဲရေး၊ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးနဲ့ အသေးစိတ်ဖော်ပြထားတဲ့ တင်းကျပ်တဲ့ လုံခြုံရေးအာမခံချက်များ စတာတွေပါပဲ” ဟု ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ ယူကရိန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်လည်းဖြစ်သူ Podolyak က တွစ်တာပေါ်၌ ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့များကြား စတုတ္ထအကြိမ်မြောက် ဆွေးနွေးညှိနှိုင်းပွဲကို မတ် ၁၄ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် စတင်ပြုလုပ်ခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအနေဖြင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် မကြာမီရက်များအတွင်း ဆွေးနွေးဖွယ်ရှိကြောင်း Podolyak က မတ် ၁၆ ရက်က ပြောကြားခဲ့သည်။ (Xinhua)

………………………………………………

(English Version)

Ukraine’s positions at peace talks with Russia remain unchanged: Ukraine’s presidential advisor

Source: XinhuaEditor: huaxia2022-03-19 05:22:15
KIEV, March 18 (Xinhua) — Ukraine’s positions at the peace talks with Russia remain unchanged, Ukrainian Presidential Advisor Mykhailo Podolyak said on Friday.

“Our positions remain unchanged: a ceasefire, the withdrawal of troops and strict security guarantees with specific formulas,” Podolyak, who is also a member of the Ukrainian delegation to the peace talks with Russia, tweeted.

The fourth round of negotiations between Ukrainian and Russian delegations started on Monday via video link.

On Wednesday, Podolyak said that Ukrainian President Volodymyr Zelensky may hold talks with his Russian counterpart Vladimir Putin in the coming days. ■
Photo : A local resident sits near a damaged building in Volnovakha of Donetsk, March 15, 2022. (Photo by Victor/Xinhua)