Connect with us

China

ရေအောက်တွင် နစ်မြုပ်နေသည့် နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ သစ်သားသင်္ဘောကြီး ဆယ်ယူမှုအား တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် စတင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ ဝိုက်ကောင်းချောင် ဆိပ်ကမ်းတွင် “ယန်ဇီ အမှတ်(၂)” သင်္ဘောကြီး ဆယ်ယူခြင်းအခမ်းအနားကို မတ် ၂ ရက်တွင် ကျင်းပစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

ရေအောက်တွင် နစ်မြုပ်နေသည့် နှစ်ပေါင်း ၁၆၀ သက်တမ်းရှိ သင်္ဘောကြီး၏ ဆယ်ယူမှု လုပ်ငန်းကို ဗုဒ္ဓဟူးနေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၎င်းမှာ ယနေ့အထိ တရုတ်နိုင်ငံ ရေအောက်တွင် တွေ့ရှိရသည့် အကြီးဆုံးနှင့်အကောင်းဆုံးထိန်းသိမ်းထားနိုင်သည့် သစ်သားသင်္ဘောကြီး ဖြစ်ကြောင်းသိရသည်။

ရေအောက်ရှိ ယင်းသင်္ဘောကြီးသည် ချင်းမင်းဆက် ဧကရာဇ်မင်းကြီး ထုံကျစ်လက်ထက်(၁၈၆၂ ခုနှစ်-၁၈၇၅ ခုနှစ်)က ကုန်သင်္ဘောဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း အများအပြားပါရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ ဝိုက်ကောင်းချောင် ဆိပ်ကမ်းတွင် “ယန်ဇီ အမှတ်(၂)” သင်္ဘောကြီး ဆယ်ယူခြင်းအခမ်းအနားကို မတ် ၂ ရက်တွင် ကျင်းပစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ ဝိုက်ကောင်းချောင် ဆိပ်ကမ်းတွင် “ယန်ဇီ အမှတ်(၂)” သင်္ဘောကြီး ဆယ်ယူခြင်းအခမ်းအနားကို မတ် ၂ ရက်တွင် ကျင်းပစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့“ယန်ဇီ အမှတ်(၂)” သင်္ဘောကြီး ဆယ်ယူမှုလုပ်ငန်းများကို စမ်းသပ်လုပ်ဆောင်နေသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့“ယန်ဇီ အမှတ်(၂)” သင်္ဘောကြီး ဆယ်ယူမှုလုပ်ငန်းများကို စမ်းသပ်လုပ်ဆောင်နေသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)

ရေအောက်တွင် နစ်မြုပ်နေသည့် “ယန်ဇီ အမှတ်(၂)”သင်္ဘောကြီး၏ ဆိုနာစကင်န်ပုံရိပ်အား ၂၀၂၁ ခုနှစ်က ရိုက်ကူးစဉ်(Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့“ယန်ဇီ အမှတ်(၂)” သင်္ဘောကြီးအတွင်း တွေ့ရှိရသည့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို တွေ့ရစဉ်(Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့“ယန်ဇီ အမှတ်(၂)” သင်္ဘောကြီး ဆယ်ယူမှုလုပ်ငန်းများကို စမ်းသပ်လုပ်ဆောင်နေသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့“ယန်ဇီ အမှတ်(၂)” သင်္ဘောကြီးအတွင်း တွေ့ရှိရသည့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတစ်ခုအား တွေ့ရစဉ်(Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)

“ယန်ဇီ အမှတ်(၂)” အမည်ရှိသည့် အဆိုပါသင်္ဘောကြီးကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ချုံမင်ခရိုင် ဟန်ဆားကျွန်း အရှေ့မြောက်ဘက် ဟန်ဆားရေတိမ်ပင်လယ်ကြမ်းခင်း အနက် ၅.၅ မီတာခန့်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ရှေးဟောင်းသုတေသန စူးစမ်းလေ့လာချက်များအရ သင်္ဘော၏ အရှည်သည် ၃၈.၅ မီတာ ရှိပြီး သင်္ဘောအလယ်ပိုင်း အကျယ်ဆုံးနေရာမှာ ၇.၈ မီတာ ရှိကြောင်း သိရသည်။ အခန်းပေါင်း ၃၁ ခန်းပါရှိသည့် ယင်းသင်္ဘောတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်”ကြွေထည်မြို့တော်” ကျင်တယ်ကျန့်၏ ကြွေထည်များတင်ဆောင်ထားပြီး လက်ရာပြောင်မြောက်သည့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ပါရှိကြောင်း ဆိုသည်။ (Xinhua)
…………………..
(English Version)
Salvage of 160-year-old wooden shipwreck begins in E China’s Shanghai
2022-03-02 21:38:48 分类: 社会
SHANGHAI, March 2 (Xinhua) — Salvage of a 160-year-old shipwreck, the largest and best-preserved wooden shipwreck discovered underwater in China to date, began Wednesday.
This sunken ship, with a large number of cultural relics, was a merchant vessel during the reign of Emperor Tongzhi (1862-1875) in the Qing Dynasty period.
Named Yangtze No. 2 Ancient Shipwreck, the ship was found submerged at a depth of 5.5 meters below the seabed in the waters of Hengsha shoal in the northeast of Hengsha island in Shanghai’s Chongming District.
According to archaeological investigations, the ship is about 38.5 meters long and 7.8 meters at its widest in the middle. It has 31 cabins and is loaded with exquisite cultural relics such as porcelain made in Jingdezhen, a world-famous “porcelain capital” in east China’s Jiangxi Province.

1. Photo taken on March 2, 2022 shows the launching ceremony of salvage of Yangtze No. 2 Ancient Shipwreck at Waigaoqiao port in east China’s Shanghai. (Xinhua/Ren Long)
2. Photo taken on March 2, 2022 shows the launching ceremony of salvage of Yangtze No. 2 Ancient Shipwreck at Waigaoqiao port in east China’s Shanghai. (Xinhua/Ren Long)
3. Photo taken on March 2, 2022 shows the launching ceremony of salvage of Yangtze No. 2 Ancient Shipwreck at Waigaoqiao port in east China’s Shanghai. (Xinhua/Ren Long)
4. Photo taken on Jan. 26, 2022 shows the testing operation for salvage of Yangtze No. 2 Ancient Shipwreck in east China’s Shanghai. (Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)
5. Photo taken on Jan. 26, 2022 shows the testing operation for salvage of Yangtze No. 2 Ancient Shipwreck in east China’s Shanghai. (Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)
6. Handout photo shows a sonar scan taken in 2021 of Yangtze No. 2 Ancient Shipwreck. (Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)
7. Undated file photo shows some cultural relics found in the Yangtze No. 2 Ancient Shipwreck in east China’s Shanghai. (Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)
8. Photo taken on Jan. 26, 2022 shows the testing operation for salvage of Yangtze No. 2 Ancient Shipwreck in east China’s Shanghai. (Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)
9. Undated file photo shows a cultural relic found in the Yangtze No. 2 Ancient Shipwreck in east China’s Shanghai. (Shanghai Municipal Administration of Cultural Heritage/Handout via Xinhua)■