Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံတွင် အိုင်အက်စ်တည်ရှိနေသည်ဟူသော အမေရိကန် တပ်မှူး၏ ပြောဆိုချက်ကို ကဘူးလ်ပယ်ချ

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် မြို့တော် Mazar-i-Sharif တွင် တာလီဘန်အဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံအတွင်း အိုင်အက်စ် (IS) တည်ရှိနေသည်ဟူသော အမေရိကန် တပ်မှူးတစ်ဦး၏ ပြောကြားချက်မှာ အခြေအမြစ်မရှိကြောင်း အာဖဂန်နစ္စတန် အိမ်စောင့်အစိုးရက ပယ်ချလိုက်သည်ဟု ဒေသတွင်းမီဒီယာက မတ် ၂၁ ရက်၌ သတင်းဖော်ပြခဲ့သည်။အမေရိကန်နိုင်ငံ ဗဟိုကွပ်ကဲရေးဌာန၊ တပ်မှူး ဗိုလ်ချုပ်ကြီး Kenneth F. Mckenzie က “Pul-e-Charkhi နဲ့ Bagram အကျဉ်းထောင်တွေကနေ အကျဉ်းသားတွေ” လွှတ်ပေးလိုက်ခြင်းက အာဖဂန်နစ္စတန်နိုင်ငံရှိ Daesh (IS) လှုပ်ရှားမှုများကို အားကောင်းစေခဲ့ကြောင်း မကြာသေးမီက ပြောကြားခဲ့ကြောင်း သိရသည်။

“Daesh အုပ်စုက အာဖဂန်နစ္စတန်မှာ ရှင်းလင်းပြီးဖြစ်ပါတယ်”၊ ထို့ကြောင့် ခြိမ်းခြောက်မှုတွေမရှိတော့ကြောင်း အာဖဂန်နစ္စတန် တာလီဘန်ဦးဆောင်သော အစိုးရ၊ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Bilal Karimi ၏ ပြောကြားချက်အား ကိုးကား၍ Tolonews က သတင်းဖော်ပြထားသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်က လွှဲပြောင်းယူပြီးနောက် အာဖဂန်နစ္စတန်ရှိ အစိုးရအသစ်သည် နာမည်ဆိုးဖြင့်ကျော်စောသော Pul-e-Charkhi နှင့် Bagram ထိန်းသိမ်းရေးစခန်းများရှိ အကျဉ်းသားများ အားလုံးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

#Afghanistan, #IS, #US, #Xinhua, #Myanmar, #XinhuaMyanmar, #အာဖဂန်နစ္စတန်, #အမေရိကန်, #အိုင်အက်စ်, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………
(English Version)

Kabul rejects U.S. commander’s claim on IS presence in Afghanistan
Source: Xinhua| 2022-03-21 21:41:27|Editor: huaxia
KABUL, March 21 (Xinhua) — Afghanistan’s caretaker government has rejected a claim by a U.S. commander on IS presence in the country as baseless, local media reported on Monday.

General Kenneth F. Mckenzie, the commander of the U.S. Central Command, reportedly said recently that the release of “inmates from Pul-e-Charkhi and Bagram prisons” has strengthened Daesh (IS) activities in Afghanistan.
Quoting Bilal Karimi, a deputy spokesman for Afghanistan’s Taliban-led administration, Tolonews reported that “Daesh group has been eliminated in Afghanistan,” thus posing no threat.

Following Taliban’s takeover of Afghansitan in mid-August last year, the new administration in Afghanistan set free all detainees including those held in the notorious Pul-e-Charkhi and Bagram detention centers. ■
Photo : Taliban members are seen in Mazar-i-Sharif, capital of northern Balkh province, Afghanistan, Aug. 31, 2021. (Photo by Kawa Basharat/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.