Connect with us

Environment, Disasters & Accidents

တရုတ်လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းနှင့်အတူ ကူညီရန် အဆင်သင့်ရှိကြောင်း Boeing China ကုမ္ပဏီ ပြောကြား

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိန်ရှန့်ခရိုင်အတွင်း လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာနေရာအား မတ် ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ်တစ်စင်း မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပျက်ကျမှု ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ကြောင်း နှင့် ဝိုင်းဝန်းကူညီမှုများ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း Boeing China ကုမ္ပဏီက မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ကုမ္ပဏီသည် အမေရိကန်နိုင်ငံရှိ အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံမှုဘုတ်အဖွဲ့နှင့်အတူ အဆက်အသွယ်မပြတ်ရှိကြောင်း Boeing China ကုမ္ပဏီက ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းစီမံခန့်ခွဲရေးအဖွဲ့အား ကုမ္ပဏီ၏ နည်းပညာကျွမ်းကျင်သူများက ကူညီပေးရန် အဆင်သင့်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ခရီးသည် ၁၃၂ ဦး လိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကွမ်ကျိုးမြို့သို့ ဦးတည်၍ ကူမင်းမြို့မှ ပျံသန်းထွက်ခွာလာခဲ့သည့် တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်း ဘိုးရင်း ၇၃၇ လေယာဉ်သည် မွန်းလွဲ ၂ နာရီ ၃၈ မိနစ်တွင် ဝူကျိုးမြို့ ထိန်ရှန့်ခရိုင်အတွင်းရှိ Molang ကျေးရွာအနီး တောင်ထူထပ်သောဧရိယာအတွင်းသို့ ပျက်ကျသွားခဲ့ပြီး တောင်မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)
Boeing China says ready to assist with investigation into Chinese aircraft crash

BEIJING, March 22 (Xinhua) — Boeing China said Tuesday that it is cooperating with China Eastern Airlines and will provide support after a Boeing 737 passenger plane crashed Monday afternoon.

The company is keeping in contact with the National Transportation Safety Board in the United States, said Boeing China, adding that its technical experts are ready to aid the Civil Aviation Administration of China in conducting the investigation.

A passenger plane with 132 people aboard crashed in south China’s Guangxi Zhuang Autonomous Region on Monday afternoon.

The China Eastern Airlines Boeing 737 aircraft, which departed from Kunming and was bound for Guangzhou, crashed into a mountainous area near the Molang village in Tengxian County in the city of Wuzhou at 2:38 p.m., causing a mountain fire. ■
Photo – Photo taken with a mobile phone shows the plane crash site in Tengxian County, south China’s Guangxi Zhuang Autonomous Region, March 21, 2022. (Xinhua)