Connect with us

Europe

ရုရှားနိုင်ငံ၏ စစ်ဆင်ရေးလုပ်ဆောင်လာပြီးနောက် ယူကရိန်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကြေညာ

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ရှိ နှင်းဖုံးလွှမ်းနေသောလမ်းမပေါ်၌ လမ်းလျှောက်သွားလာနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ဖေဖော်ဝါရီ ၂၄ ရက်၌ ရုရှားနိုင်ငံ၏ စစ်ဆင်ရေး စတင်ဆောင်ရွက်လာပြီးနောက် နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးကြေညာလိုက်ကြောင်း သိရသည်။Zelensky က ၎င်း၏နိုင်ငံမှာ တိုက်ခိုက်ခံနေရပြီဖြစ်ကြောင်း ဗီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့သည်။ မြို့တော်ရှိ စစ်ဘက်ဆိုင်ရာ ဂိုထောင်များနှင့် လေယာဉ်ကွင်းများ ဒုံးကျည်များဖြင့် ပစ်ခတ်ခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြို့တော် ကိယက်ဗ်ရှိ Boryspil နိုင်ငံတကာလေဆိပ်နှင့် မြို့အတွင်းရှိ အခြားနေရာများ၌ ပေါက်ကွဲသံများကြားခဲ့ရကြောင်း မီဒီယာသတင်းများက ဆိုသည်။ ယူကရိန်းနိုင်ငံ၏ လေပိုင်နက်ကိုလည်း အရပ်ဘက်လေယာဉ်ပျံသန်းမှုများအတွက် ပိတ်ထားကြောင်း သိရသည်။ (Xinhua)

#Ukraine, #Russia, #MartialLaw, #Xinhua, #Myanmar, #XinhuaMyanmar, #ယူကရိန်း, #ရုရှား, #စစ်အုပ်ချုပ်ရေးဥပဒေ, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

———————————————–
(English Version)
Urgent: Ukraine declares martial law following Russia’s military operation
2022-02-24 14:31:04
KIEV, Feb. 24 (Xinhua) — Ukrainian President Volodymyr Zelensky on Thursday declared martial law in the country after Russia started a military operation against Ukraine.
In a video address, Zelensky said his country is under attack. According to the Interior Ministry, military depots and airfields in the capital were hit by missiles.
In Kiev, explosions were heard at Boryspil International Airport and other places across the city, according to media reports. The country’s airspace was closed for civilian aircraft. Enditem

Photo : People walk on a snow-covered road in Kiev, Ukraine on Jan. 15, 2021. (Photo by Sergey Starostenko/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.