Connect with us

Europe

ယူကရိန်း စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများအား ပစ်မှတ်တိကျမှု မြင့်မားသည့် လက်နက်ဖြင့် ပစ်ခတ်ချေမှုန်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ရုရှား-ဘီလာရုဇ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲဝင်လေ့ကျင့်ခြင်းအား ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

ရုရှားလက်နက်ကိုင်တပ်ဖွဲ့များက ယူကရိန်း မြို့များကို အမြောက်နှင့်ပစ်ခတ်ခြင်း သို့မဟုတ် လေကြောင်းတိုက်ခိုက်ခြင်း လုပ်ဆောင်မည် မဟုတ်ကြောင်း ၊ ယူကရိန်း စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုသာ ပစ်မှတ်တိကျမှု မြင့်မားသည့် လက်နက်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၊ လှုပ်ရှားမှုများက အရပ်သားများကို ခြိမ်းခြောက်မှု ဖြစ်စေမည်မဟုတ်ကြောင်း TASS သတင်းအေဂျင်စီက ရုရှားကာကွယ်ရေးဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၂၄ ရက် ထုတ်ပြန်သည့် သတင်းများကို ကိုးကား၍ ဖော်ပြထားသည်။“ယူကရိန်းလက်နက်ကိုင်အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ လေကြောင်းကာကွယ်ရေး ပစ္စည်း၊ စစ်တပ်လေဆိပ်၊ လေကြောင်း အဆောက်အအုံတွေဟာ ပစ်မှတ်တိကျမှုမြင့်မားတဲ့ လက်နက်ကြောင့် လည်ပတ်မှုရပ်တန့်သွားပြီဖြစ်တယ် ”ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

———————————————–
(Chinese Version)

(国际)俄国防部:乌方军事基础设施正受到高精度武器的打击
2022-02-24 13:15:33
新华社莫斯科2月24日电(记者黄河)塔斯社援引俄罗斯国防部24日消息报道,俄罗斯武装部队不对乌克兰城市进行炮击或空袭,乌方军事基础设施正受到高精度武器的打击,行动不会威胁到平民。
消息说,俄国防部表示,“乌克兰武装部队的军事基础设施、防空设施、军用机场、航空设施因高精度武器而瘫痪”。(完)
图说:2月19日,俄罗斯与白俄罗斯的“联盟决心-2022”联合军演最后阶段实战演习在白俄罗斯奥布兹—列斯诺夫斯基靶场进行。(新华社发,任科夫摄)