Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော်မြတ်ကြီးအား မတ် ၂၆ ရက်မှစတင်၍ ဘုရားဖူးချိန် တိုးမြှင့်ဖွင့်လှစ်သွားမည်

၂၀၁၇ ခုနှစ်၊ မြန်မာနှစ်သစ်ကူးနေ့တွင် ရွှေတိဂုံစေတီတော်၌ ဘုရားဖူးများ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၂၂ခုနှစ် မတ် ၂၆ ရက်မှစတင်၍ ဘုရားဖူးချိန်အား နေ့စဉ် နံနက်(၅)နာရီ မှည(၇)နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ အဖွဲ့မှူး ဦးရဲအောင်နိုင်က ဆင်ဟွာသို့ ယနေ့ မတ် ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။ဦးရဲအောင်နိုင်က “COVID-19 ရောဂါမဖြစ်ပွားခင်အချိန်က ရွှေတိဂုံစေတီတော်မြတ်ကြီးကို နံနက် ၄ နာရီကနေ ည ၁၀ နာရီ အထိဖွင့်လှစ်ခဲ့ပါတယ်။ COVID-19 ရောဂါအခြေအနေအရ လျှော့ဖွင့်ထားရတာပါ။ အခုကတော့ ရောဂါအခြေအနေလည်း သက်သာနေပြီဆိုတော့ ပြန်ပြီးတော့ အချိန်ကို တိုးမြှင့်ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်’’ ဟု ပြောသည်။

လတ်တလောတွင် နေ့စဉ် ရွှေတိဂုံဘုရားသို့ လာရောက်ဖူးမြော်သည့် ဘုရားဖူး ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြားတွင် ရှိကြောင်း ဦးရဲအောင်နိုင်က ဆိုသည်။COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာ ဘုရား၊ စေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရာမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဖူးမြော်၊ ဝတ်ပြုနိုင်ရန် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား အချိန်တိုးမြှင့်၍ ဖူးမြော်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)