Connect with us

News

ပျက်ကျသွားသော တရုတ်လေယာဉ် အင်ဂျင်အပျက်အစီးအပိုင်းအစများ ရှာဖွေတွေ့ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထိန်ရှန့်ခရိုင်ရှိ လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခုသီတင်းပတ် အစောပိုင်းက ပျက်ကျသွားခဲ့သော ခရီးသည်တင်လေယာဉ်မှ အင်ဂျင်အပျက်အစီး အစိတ်အပိုင်းများကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မတ် ၂၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။လေယာဉ်ပျက်ကျရခြင်း၏ အဓိကအချက်ကို အခြေခံအားဖြင့် ဆုံးဖြတ်နိုင်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန၊ လေကြောင်းပျံသန်းမှုဘေးကင်းရေးရုံး အကြီးအကဲ Zhu Tao က ပြောခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထိန်ရှန့်ခရိုင်ရှိ လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လေယာဉ်အပျက်အစီး အများစုမှာ လေယာဉ်ပျက်ကျရာအဓိကနေရာမှ အချင်းဝက် ၃၀ မီတာခန့်နှင့် မြေမျက်နှာပြင်မှ မြေအောက်အနက် မီတာ ၂၀ ခန့်အတွင်း ပြန့်ကြဲနေခြင်းဖြစ်ကြောင်း Zhu က ပြောခဲ့သည်။

၁.၃ မီတာရှည်ပြီး ၁၀ စင်တီမီတာ အကျယ်ရှိသည့် လေယာဉ်အပျက်အစီးဖြစ်ဖွယ်ရှိသော အပိုင်းအစတစ်ခုကို လေယာဉ်ပျက်ကျရာနေရာမှ ၁၀ ကီလိုမီတာခန့်အကွာအဝေးရှိ လယ်ကွင်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မီးသတ်ဌာန အကြီးအကဲ Zheng Xi က ပြောခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထိန်ရှန့်ခရိုင်ရှိ လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မတ် ၂၄ ရက် ညနေ ၄ နာရီအချိန်အထိ လေယာဉ်အပျက်အစီး ၁၈၃ ခု၊ သေဆုံးသူများ၏ ရုပ်အကြွင်းအကျန်အချို့နှင့် ၎င်းတို့ပိုင်ဆိုင်ပစ္စည်း အပိုင်းအစ ၂၁ ခုတို့အား တွေ့ရှိထားကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း Zheng က ဆိုသည်။

ကယ်ဆယ်ရေးသမားများသည် လွန်ခဲ့သောရက်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများအား နှောင့်နှေးမှုဖြစ်ခဲ့သော်ငြားလည်း ရှာဖွေရေးနယ်ပယ်အား တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း Zheng က ပြောခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထိန်ရှန့်ခရိုင်ရှိ လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မိုးရွာသွန်းခြင်းကြောင့် လေယာဉ်ပျက်ကျရာ ပင်မနေရာတွင် ရေဖုံးလွှမ်းခဲ့ကြောင်းနှင့် မြေပြိုကျမှုအန္တရာယ် အနည်းငယ် ရှိခဲ့ကြောင်း သိရသည်။ ကျဉ်းမြောင်း၍ ချော်နေသော တောင်ကုန်းလမ်းအခြေအနေကြောင့် ကယ်ဆယ်ရေးယာဉ်ကြီးများနှင့် စက်ယန္တရားကြီးများမှာ အခင်းဖြစ်ပွားရာနေရာသို့ မရောက်ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

လေယာဉ်ပျက်ကျသည့် ပင်မနေရာ အရှေ့ဘက်သည် အဓိကအားဖြင့် လူသူမရောက်ဖူးသေးသော တောတောင်နှင့် မတ်စောက်၍ သစ်တောထူထပ်သော လှေကားထစ်ဆင်ခြေလျှောနေရာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အခက်အခဲများပြားစေခဲ့ကြောင်း Zheng က ပြောခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထိန်ရှန့်ခရိုင်ရှိ လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်တော်တို့ ကယ်ဆယ်ရေးဝန်ထမ်းတွေရဲ့ ဘေးကင်းမှုကိုလည်း သေသေချာချာ လုပ်နေသလို ရှာဖွေ ကယ်ဆယ်ရေးအချိန်ကို လျှော့ချနိုင်ဖို့နဲ့ ဖြစ်နိုင်သမျှ ရှာဖွေကယ်ဆယ်ရေးကို ထိရောက်မှုရှိအောင် လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ်သည် ခရီးသည် ၁၃၂ ဦးနှင့်အတူ ဝူကျိုးမြို့၊ ထိန်ရှန့်ခရိုင်ရှိ ကျေးရွာတစ်ခု၌ ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း၊ ယင်းလေယာဉ်မှု black box တစ်ခုကို ပြန်လည်တွေ့ရှိထားကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထိန်ရှန့်ခရိုင်ရှိ လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားတစ်ဦးအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

– တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထိန်ရှန့်ခရိုင်ရှိ လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထိန်ရှန့်ခရိုင်ရှိ လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထိန်ရှန့်ခရိုင်ရှိ လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထိန်ရှန့်ခရိုင်ရှိ လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြန်လည်တွေ့ရှိထားသော black box အား မတ် ၂၃ ရက် ညပိုင်းက ပေကျင်းမြို့ရှိ အချက်ပြစနစ်အဓိပ္ပါယ်ဖော်သည့် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အချက်အလက်များ ဒေါင်းလုတ်ပြုလုပ်ခြင်း (downloading) နှင့် လေ့လာဆန်းစစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း Zhu က သတင်းထောက်များအား ပြောခဲ့သည်။

လေယာဉ်မှုအခန်းမှ အသံဖမ်းစက်၏ အချက်အလက်သိုလှောင်ရေးယူနစ်ဖြစ်ဖွယ်ရှိသော စက်မှာ ပျက်စီးနေပြီး လက်ရှိတွင် မထုတ်ယူနိုင်သေးကြောင်း၊ ကယ်ဆယ်ရေးသမားများအနေဖြင့် ဒုတိယမြောက် black box သို့မဟုတ် လေယာဉ်ပျံသန်းမှုအချက်အလက် မှတ်တမ်းတင်စက် တည်နေရာသို့ ရောက်ရှိရန် ဆောင်ရွက်နေကြောင်း Zhu က ဖြည့်စွက်ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျပြီးနောက် China Eastern Airlines နှင့် ၎င်း၏လုပ်ငန်းခွဲများက ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ် ၂၂၃ စင်းအား ပျံသန်းခွင့် ယာယီရပ်ဆိုင်းထားကြောင်းနှင့် ဘေးကင်းရေးပြန်လည်ပြင်ဆင်မှု လုပ်ဆောင်ရန် လေကြောင်းလိုင်းက ကြေညာထားကြောင်း ယင်းလေကြောင်းလိုင်း၏ ပြန်ကြားရေးဌာန အကြီးအကဲ Liu Xiaodong က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရပ်နားထားသော လေယာဉ်များအားလုံးကို လေကြောင်းပျံသန်းခွင့် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် အမြင့်မားဆုံး ဘေးကင်းရေးစံချိန်စံနှုန်းများနှင့်အညီ စစ်ဆေးခြင်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နေကြောင်း Liu က ပြောခဲ့သည်။

လေယာဉ်ပျက်ကျရာ၌ ပါဝင်သွားသော ခရီးသည် ၅၆ ဦး၏ မိသားစုဝင် ၃၀၅ ဦးသည်လည်း ဝူကျိုးမြို့သို့ မတ် ၂၄ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့သလို လေယာဉ်ပျက်ကျရာနေရာသို့ မိသားစုဝင် ၂၀၀ ကျော် ရောက်ရှိနေကြောင်း သိရသည်။ (Xinhua)

………………………………………………

Engine wreckage pieces of China’s crashed plane recovered: official
Source: XinhuaEditor: huaxia2022-03-24 22:20:17
NANNING, March 24 (Xinhua) — Pieces of engine wreckage from the passenger plane that crashed in south China’s Guangxi earlier this week have been found, an official told a press briefing on Thursday.
The main impact point of the plane crash has been basically determined, said Zhu Tao, head of the aviation safety office of the Civil Aviation Administration of China.
Most of the plane wreckage was scattered within a radius of about 30 meters of the main impact point and the depth from the surface extends to about 20 meters underground, Zhu said.
A suspected wreckage piece, 1.3 meters long and 10 cm at its widest, was also found in farmland around 10 km away from the crash site, said Zheng Xi, head of the fire brigade of the Guangxi Zhuang Autonomous Region.
As of 4 p.m. Thursday, a total of 183 pieces of aircraft wreckage, some remains of victims and 21 pieces of belongings of victims have been found and handed over to the investigation team, Zheng said.
Rescuers expanded the search area on Thursday despite persistent rain that has complicated rescue efforts over the past days, Zheng said.
Rain caused waterlogging at the core crash site and increased the risk of small-scale landslides. Large rescue vehicles and equipment was not able to reach the area due to the narrow and slippery mountain road, he said.
The area east of the core crash site is mainly virgin mountain forest and the steep and heavily-wooded terrain increased the difficulty of the search-and-rescue effort, Zheng said.
“We will work to shorten the search-and-rescue time and improve the efficiency of search and rescue as much as possible, with enough being done to ensure the safety of our rescue staff,” he said.
The Boeing 737-800 plane with 132 aboard crashed Monday in a village in Tengxian County in the city of Wuzhou. No survivors have been found so far. One black box from the plane has been recovered.
The recovered black box was sent to a decoding laboratory in Beijing on Wednesday night, and the data downloading and analysis work is underway, Zhu told reporters.
The possibility that the data storage unit of the cockpit voice recorder was damaged cannot be ruled out at present, Zhu said, adding that the rescuers are going all out to locate the second black box, or the flight-data recorder.
Following the crash, China Eastern Airlines and its subsidiaries temporarily grounded 223 Boeing 737-800 aircraft, and the airline has launched a sweeping safety overhaul, Liu Xiaodong, head of the airline’s publicity department, told the press briefing.
All grounded aircraft are undergoing checks and maintenance according to the highest safety standards to ensure that they meet the airworthiness requirements, Liu said.
Liu added that 305 family members of 56 passengers aboard the crashed plane had arrived in the city of Wuzhou by Thursday morning, with over 200 family members having been to the crash site. ■

Photo 1 – 5 : Rescuers conduct search and rescue work at a plane crash site in Tengxian County, south China’s Guangxi Zhuang Autonomous Region, March 24, 2022. Pieces of engine wreckage of the passenger plane that crashed in south China’s Guangxi earlier this week have been found, an official told a press briefing on Thursday. As of 4 p.m. Thursday, a total of 183 pieces of aircraft wreckage, some remains of victims and 21 pieces of belongings of victims have been found and handed over to the investigation team, Zheng said. The plane with 132 aboard crashed on the afternoon of March 21 in a village in Guangxi’s Tengxian County. No survivors have been found so far. One black box of the plane has been recovered. (CAAC News/Handout via Xinhua)

Photo 6 : A rescuer conducts search and rescue work at a plane crash site in Tengxian County, south China’s Guangxi Zhuang Autonomous Region, March 24, 2022. Pieces of engine wreckage of the passenger plane that crashed in south China’s Guangxi earlier this week have been found, an official told a press briefing on Thursday. As of 4 p.m. Thursday, a total of 183 pieces of aircraft wreckage, some remains of victims and 21 pieces of belongings of victims have been found and handed over to the investigation team, Zheng said. The plane with 132 aboard crashed on the afternoon of March 21 in a village in Guangxi’s Tengxian County. No survivors have been found so far. One black box of the plane has been recovered. (Xinhua/Lu Boan)
Photo 7 – 10 : Rescuers conduct search and rescue work at a plane crash site in Tengxian County, south China’s Guangxi Zhuang Autonomous Region, March 24, 2022. Pieces of engine wreckage of the passenger plane that crashed in south China’s Guangxi earlier this week have been found, an official told a press briefing on Thursday. As of 4 p.m. Thursday, a total of 183 pieces of aircraft wreckage, some remains of victims and 21 pieces of belongings of victims have been found and handed over to the investigation team, Zheng said. The plane with 132 aboard crashed on the afternoon of March 21 in a village in Guangxi’s Tengxian County. No survivors have been found so far. One black box of the plane has been recovered. (CAAC News/Handout via Xinhua)