Connect with us

Eastern Europe

ပင်တဂွန်က ယူကရိန်းတွင် ဇီဝလက်နက်ဖော်ထုတ်မှု၌ တိုက်ရိုက်ပါဝင်ပတ်သက်မှုရှိဟု ရုရှားပြော

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ရှိ ပင်တဂွန်စစ်ဌာနချုပ်ကို ၂၀၂၁ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံတွင် ဇီဝလက်နက် အစိတ်အပိုင်းများ ဖော်ထုတ်မှု၌ တိုက်ရိုက်ပါဝင်ပတ်သက်မှုရှိကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၄ ရက်က ပြောကြားခဲ့သည်။ဓာတ်ခွဲခန်းတွင် လုပ်ကိုင်နေသော ယူကရိန်းဝန်ထမ်းများထံမှ လက်ခံရရှိသော အထောက်အထားများအား ရုရှားနိုင်ငံမှ ကျွမ်းကျင်သူများက လေ့လာခဲ့ကြောင်း၊ ယူကရိန်း ဇီဝဗေဒစီမံကိန်းများတွင် ပင်တဂွန်က တိုက်ရိုက်ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုခြင်း ပြုလုပ်နေကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၎င်းစီမံကိန်းများအနက် တစ်ခုတွင် ယူကရိန်းနိုင်ငံ၌ ဖြစ်ပွားလေ့ရှိသော အန္တရာယ်ရှိသော ရောဂါကူးစက်မှု၏ မော်လီကျူးဆိုင်ရာ လေ့လာဆန်းစစ်မှု လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်းနှင့် ထောင့်သန်းနာရောဂါမျိုးဗီဇအသစ် ရရှိရန် တိရစ္ဆာန်များ မြေမြှုပ်ရာနေရာများမှ လူကိုသေစေနိုင်သောရောဂါပိုးနမူနာများ ပါဝင်နေကြောင်း သိရသည်။

ထို့ပြင် ပင်တဂွန်နှင့် စာချုပ်ချုပ်ဆိုထားသော ဆေးဝါးကုမ္ပဏီတစ်ခုသည် ယူကရိန်းစစ်မှုထမ်းများအား မှတ်ပုံမတင်ထားသော ဆေးဝါးများကို စမ်းသပ်ရန် ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း Konashenkov ပြောကြားချက်အရ သိရသည်။ (Xinhua)

#Russia, #Pentagon, #Bioweapon, #Xinhua, #Myanmar, #XinhuaMyanmar, #ယူကရိန်း, #ဇီဝလက်နက်, #ပင်တဂွန် #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………

Russia says Pentagon directly involved in bioweapon development in Ukraine

MOSCOW, March 24 (Xinhua) — The U.S. Department of Defense was directly involved in developing biological weapon components in Ukraine, the Russian Defense Ministry said Thursday.
Documents received from Ukrainian employees working at the laboratories were studied by Russian experts and have shown that Ukrainian biological projects were directly developed and approved by the Pentagon, the ministry’s spokesman Igor Konashenkov said during a briefing.
One of these projects aimed to carry out molecular analysis of particularly dangerous infections endemic in Ukraine and involved sampling pathogens from old animal burial sites to obtain new anthrax strains.
Furthermore, a pharmaceutical company contracted by the Pentagon worked with the Ukrainian Defense Ministry to test unregistered medical drugs on Ukrainian service members, according to Konashenkov. ■
Photo : Photo taken on Aug. 3, 2021 shows the Pentagon in Arlington, Virginia, the United States. (Xinhua/Liu Jie)