Connect with us

Europe

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်မြို့၊ စစ်ဌာနချုပ်အနီးတွင် တိုက်ပွဲများဖြစ်ပွား

ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့ရှိ မြေအောက်ရထားဘူတာရုံတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်က စစ်ဘေးရှောင်ပြည်သူများ ခေတ္တနားခိုနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ စစ်ဦးစီးချုပ်၏ အမှတ် ၁၀၂ ကာကွယ်ရေးတပ်ဖွဲ့စစ်ဌာနချုပ်အနီး ဖေဖော်ဝါရီ ၂၆ ရက်က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း Sputnik အား ကိုးကား၍ ဒေသတွင်းမီဒီယာက သတင်းဖော်ပြထားသည်။

ယူကရိန်းသတင်းအေဂျင်စီများဖြစ်သော UNIAN နှင့် strana.ua တို့က ထုတ်ပြန်ထားသော ဗီဒီယိုရုပ်သံပြကွက်အရ ပေါက်ကွဲမှုသံများကြားခဲ့ရပြီး ယင်းနေရာ၌ မီးလောင်မှုကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။
ရုရှားသမ္မတ ဗလာတီမာပူတင်က အထူးစစ်ဆင်ရေးတစ်ရပ်အား ဖေဖော်ဝါရီ ၂၄ ရက်တွင် ခွင့်ပြုခဲ့ပြီး ယူကရိန်းနိုင်ငံကလည်း နိုင်ငံတစ်ဝန်းရှိ စစ်အခြေစိုက်စခန်းများအား တိုက်ခိုက်ခံနေရကြောင်း အတည်ပြုခဲ့သည်။ (Xinhua)

……………………..
(English Version)
Fighting takes place in Kiev near military unit
KIEV, Feb. 26 (Xinhua) — Fighting occured on Saturday in Kiev near the military unit of the 101st separate guard brigade of the General Staff of Ukraine, Sputnik cited local media as reporting.
Explosions were heard and fire was observed in the area, according to the video footage published by Ukrainian news agencies UNIAN and strana.ua.
On Thursday, Russian President Vladimir Putin authorized a “special military operation,” and Ukraine confirmed that military installations across the country were under attack. Enditem
Photo-People take shelter in a subway station in Kiev, capital of Ukraine, Feb. 25, 2022. (Xinhua/Lu Jinbo)