Connect with us

Sport

ရုတ်တရက် လေပြင်းတိုက်မှုကြောင့် ပေကျင်း ၂၀၂၂ အိုလံပစ်ပြိုင်ပွဲ၏ အမျိုးသား တောင်စောင်းနှင်းလျှောစီးပြိုင်ပွဲကို ရွှေ့ဆိုင်း

YANQING ၊ ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

ယနေ့ ဖေဖော်ဝါရီ ၆ ရက်( တနင်္ဂနွေနေ့)တွင် ကျင်းပရန်ရှိသည့် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ အမျိုးသားတောင်စောင်းနှင်းလျှောစီးပြိုင်ပွဲကို ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ယင်းပြိုင်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပရန် မူလက စီစဉ်ထားသည်။ သို့သော် ပြိုင်ပွဲကျင်းပရေး ဂျူရီဒိုင်အဖွဲ့က ပြိုင်ပွဲကျင်းပရာနေရာ၌ပင် တစ်နာရီခြား သုံးကြိမ်သုံးခါတိတိ ရွှေ့ဆိုင်းမှုကြေညာခဲ့ရကြောင်းနှင့် လေတိုက်နှုန်းပြင်းထန်ခြင်းကြောင့် ထိုသို့ အကြိမ်ကြိမ်ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေးတာဝန်ခံများက နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) နှင့် ရုပ်သံလွှင့်ဌာနများနှင့်အတူ ညှိနှိုင်းတိုင်ပင်မှုပြုလုပ်ပြီးနောက် ပြိုင်ပွဲ ကျင်းပမည့်ရက်ကို ပြန်လည်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

စနေနေ့က လေ့ကျင့်မှု သုံးကြိမ်ပယ်ဖျက်ခဲ့ရပြီးနောက်တွင် တောင်စောင်းစကိတ်စီးပြိုင်ပွဲများအတွက် ယင်းပြိုင်ပွဲကျင်းပမည့်နေရာသည် သင့်လျှော်မှုမရှိကြောင်း စွပ်စွဲချက်များကိုအပြည်ပြည်ဆိုင်ရာ စကိတ်ဖက်ဒရှေးရှင်း(FIS) ဆက်သွယ်ရေးညွှန်ကြားရေးမှူး Jenny Wiedeke က ပယ်ချခဲ့သည်။

“ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဒီလိုအခြေအနေမျိုးကို ကျွန်တော်တို့အမြဲတမ်းကြုံတွေ့နေကျပါ” ဟု Wiedeke က ဆိုသည်။ ၎င်းက အမျိုးသားတောင်စောင်းနှင်းလျှောစီးပြိုင်ပွဲသည် ယခင်ကျင်းပခဲ့ပြီးသော ပြိုင်ပွဲများတွင်လည်း ကြိမ်ဖန်များစွာ အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရဖူးကြောင်း ဆိုသည်။ ပြုံချန်း ၂၀၁၈ (PyeongChang 2018) ပြိုင်ပွဲတုန်းက လေးရက်တိတိ ရွှေ့ဆိုင်းခဲ့ရသလို အမျိုးသမီး super-G နှင်းလျှောစီးပြိုင်ပွဲအပါအဝင် အခြားပြိုင်ပွဲမျိုးစုံတွင်လည်း သတ်မှတ်ရက်အစား အခြားရက်များကို အကြိမ်ကြိမ်ပြောင်းလဲကျင်းပခဲ့ရသည့် သာဓကများရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။(Xinhua)

———————————————-
(English Version)

Men’s downhill postponed due to gusty winds at Beijing 2022

YANQING, Beijing, Feb. 6 (Xinhua) — Gusty winds forced the Beijing Winter Olympics me’s downhill to be delayed on Sunday.

The event was scheduled to open the Alpine skiing discipline at 11 a.m. on Sunday. The Jury of the competition announced delay three times on site, each by an hour, and called a postponement as the wind didn’t lessen.
The organizers said a different date would be set after consulting with the IOC and the broadcasters.

International ski federation (FIS) Communication Director Jenny Wiedeke denied the accusation that the venue was unsuitable for Alpine skiing events after the third training was canceled on Saturday.

“We have been dealing with this situation all the time at the World Cups,” said Wiedeke.
The men’s downhill, considered as “the riband event” of the Alpine skiing, has been troubled many times in the previous Games. PyeongChang 2018 saw a postponement of four days while several other events, women’s super-G included, were also moved to other days.

Photo- Alexis Pinturault of France takes part in the Alpine Skiing Men’s Downhill training at the National Alpine Skiing Centre in Yanqing District, Beijing, capital of China, Feb. 4, 2022. (Xinhua/Lian Zhen)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.