Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်ရှိ အီမောဘွန်း အမျိုးသား ဥယျာဉ်အား သဘာဝ ထိန်းသိမ်းရေး နယ်မြေ အဖြစ် တည်ထောင်သွားမည် ဟုဆို

ကချင်ပြည်နယ်ရှိ အီမောဘွန်း တောင် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်တွင် တည်ရှိသည့် အီမောဘွန်း အမျိုးသား ဥယျာဉ်အား သဘာဝ ထိန်းသိမ်းရေး နယ်မြေ အဖြစ် တည်ထောင်သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဧရိယာ၏ ၁.၉ ရာခိုင်နှုန်း ရှိသည့် နေရာ ၇ ခုကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေအဖြစ် တည်ထောင် ဖွဲ့စည်းနိုင်ရန် သစ်တောရေးရာ ဝန်ကြီးဌာနမှ အဆိုပြု ကြေညာချက် ထုတ်ပြန် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

လက်ရှိတွင် နိုင်ငံဧရိယာ၏ ၅.၅၇ ရာခိုင်နှုန်းခန့် ရှိသည့် ဂေဟစနစ်များကို ကိုယ်စားပြုသည့် သဘာဝ ထိန်းသိမ်းရေး နယ်မြေ ၃၉ ခု တည်ထောင်ပြီး ဖြစ်ကြောင်း၊ ထပ်မံ အတည်ပြု တည်ထောင်မည့် နယ်မြေများပါ ထည့်တွက်လျှင် သဘာဝ နယ်မြေ စုစုပေါင်း ၄၅ ခုအထိ ရှိလာမည် ဖြစ်ကြောင်း သိရသည်။

သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့် နှစ်တွင် ရေးဆွဲခဲ့သည့် အမျိုးသား သစ်တောကဏ္ဍ နှစ် ၃၀ ပင်မ စီမံကိန်းတွင် သဘာဝ ထိန်းသိမ်းရေး နယ်မြေ နိုင်ငံဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းကို ပြည့်မီဖို့ ၃.၆ ရာခိုင်နှုန်းသာ လိုပါတော့တယ်’’ ဟုပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117