Connect with us

CHINA

ရှန်ဟိုင်းရှိ ယာယီဆေးရုံများ၌ လူနာပေါင်း ၇၀,၀၀၀ ကျော် တက်ရောက်ကုသမှုခံယူနိုင်ရန် ရည်မှန်းထားဟုဆို

တရုတ်နိုင်ငံရှန်ဟိုင်းမြို့၌ တည်ဆောက်ထားသော ကိုဗစ်-၁၉ ယာယီဆေးရုံအား ကောင်းကင်ပေါ်မှမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ နောက်ဆုံးအကြိမ်တစ်ကျော့ပြန်မြင့်တက်လာခြင်းကို ထိန်းချုပ်ရန် မြို့တော်အနေဖြင့် အားထုတ်မှုအပိုင်းကို လုံးဝလျှော့ချခြင်းမပြုဘဲ ကြိုးပမ်းနေရာ အခြားသော လူနာကုတင် ၃၀,၀၀၀ အတွက် အသင့်အနေအထားပြင်ဆင်ထားရှိခြင်းနှင့်အတူ အသစ်တည်ဆောက်ဖွင့်လှစ်ထားသော ယာယီဆေးရုံအချို့တွင် ခန့်မှန်းခြေလူနာကုတင်ပေါင်း ၄၇,၇၀၀ လုံးထည့်သွင်း တည်ဆောက်ထားကြောင်း သိရသည်။
ဟိုတယ်များ ၊ အားကစားခန်းမများ ၊ ပြပွဲစင်တာများ နှင့် လေ့ကျင့်ရေးစင်တာများတွင် စုစုပေါင်း ယာယီသီးခြားခွဲနေရာ(q စင်တာ) ပေါင်း ၆၂ ခုထိ ဖွင့်လှစ်ထားရှိကြောင်း မြို့တော်မြူနီစီပယ်အစိုးရ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Gu Honghui ကဆိုသည်။
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်များအနေဖြင့် သီးခြားခွဲနေထိုင်မှုကို ချက်ချင်းပြုလုပ်ရမည်ဖြစ်ပြီး သတ်မှတ်ထားနေရာများတွင် ဆေးကုသမှုကို ကောင်းမွန်စွာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း Gu က ဆိုသည်။
ရှန်ဟိုင်းမြို့တွင် ဧပြီ ၄ ရက်၌ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု အတည်ပြုလူနာသစ် နှင့် လက္ခဏာမပြကူးစက်မှုလူနာ ၁၃,၃၅၄ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ မြို့တော်အတွင်း မတ်လမှစတင်ကာ ယခုနောက်ဆုံးအကြိမ်တစ်ကျော့ပြန်ကူးစက်မှုအတွင်း လူနာပေါင်း ၇၃,၀၀၀ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ရှန်ဟိုင်းမြို့တော်အတွင်း ကိုဗစ်-၁၉ ကုသရေး နောက်ဆုံးယာယီဆေးရုံအဖြစ် ဖွင့်လှစ်လိုက်သည့် ရှန်ဟိုင်းနိုင်ငံတကာပြပွဲခန်းမစင်တာအသစ်ရှိ လူနာအခန်းများအားလုံးကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း နှင့် ကိုဗစ်-၁၉ ကူးစက်လူနာပေါင်း ၁၅,၀၀၀ နီးပါးအထိ လက်ခံကုသပေးနိုင်စွမ်းရှိကြောင်း မြူနီစီပယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ရှန်ဟိုင်း ကလေးသူငယ်ဆေးဘက်ဆိုင်ရာစင်တာ အပါအဝင် ဆေးဘက်ဆိုင်ရာအဖွဲ့ပေါင်း ၁၁ ဖွဲ့မှ ဆေးဝါးကျွမ်းကျင်သူ ဝန်ထမ်းပေါင်း ၂,၂၁၈ ဦးသည် ဆေးရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိသည်။ ထို့ပြင်မြို့တော်၏ ပထမဆုံး ကလေး-မိဘ သီးခြားခွဲနေရာ(q ဆေးရုံ) ကိုလည်း ဧပြီ ၄ ရက်ကတည်းက စတင်အသုံးပြုခဲ့ပြီး ထိုရက်အတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူသူပေါင်း ခန့်မှန်းခြေ ၄,၀၀၀ ခန့်ရှိကြောင်း သိရသည်။(Xinhua)

………………………………..
(English Version)

Shanghai’s temporary hospitals expected to accommodate over 70,000 patients
SHANGHAI, April 5 (Xinhua) — Approximately 47,700 beds have been set up in a number of newly built temporary hospitals in Shanghai, with another 30,000 being readied, as the city is sparing no effort to contain its latest resurgence of COVID-19.
A total of 62 temporary quarantine sites have been designated in hotels, stadiums, exhibition centers and training centers, said Gu Honghui, deputy secretary general of the municipal government.
Gu said new positive cases must be quarantined immediately and receive proper treatment at designated facilities.
Shanghai reported 13,354 new locally transmitted COVID-19 confirmed and asymptomatic cases on Monday, bringing the city’s total number of local cases to over 73,000 in the latest resurgence, which began in March.
All wards in the city’s largest temporary hospital in the Shanghai New International Expo Center have entered use, and they can accommodate nearly 15,000 people infected with COVID-19, according to the municipal government.
A total of 2,218 medical staffers from 11 medical teams, including one from the Shanghai Children’s Medical Center, have been stationed at the hospital. The city’s first parent-child quarantine area has also become operational since Monday evening, as the hospital admitted approximately 4,000 patients on that day.