Connect with us

Europe

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အီးယူ(EU) ထိပ်တန်းသံတမန် နှင့် ဖုန်းဆက် ဆွေးနွေး

ယူကရိန်းဒုက္ခသည်များအား ပိုလန်နိုင်ငံ Medyka တွင် အကူအညီပေးနေသည့်စေတနာ့ဝန်ထမ်းများကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဥရောပသမဂ္ဂ(အီးယူ) ၏ နိုင်ငံခြားရေး နှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell နှင့်အတူ မတ် ၇ ရက်က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ Lviv မြို့ရှိ ရထားဘူတာရှေ့တွင် လူများ အုံခဲနေသည်ကို မတ် ၃ ရက်တွေ့ရစဉ်(ဆင်ဟွာ)

ထိုသို့ဖုန်းဆက်သွယ်ဆွေးနွေးစဉ် Borrell က ယူကရိန်းနိုင်ငံ၌ လတ်တလောဖြစ်ပျက်နေသည့် အခြေအနေအပေါ် ဥရောပ၏ အမြင်နှင့်ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိ အရေးကြီးဆုံးလုပ်ဆောင်သွားရမည့်အရာမှာ အပစ်အခတ်ရပ်စဲရန် နှင့် ရှေ့ဆက် လူ့အသက်များစွာသေဆုံးရခြင်းကို ရှောင်လွှဲရန် အတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

EU အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် အဖြေရှာခြင်းကို ထောက်ခံအားပေးကြောင်း ၎င်းက ဆိုသည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသောနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးတစ်ခုဖော်ဆောင်ခြင်း နှင့် အားပေးထောက်ခံခြင်းတွင် အဓိကအခန်းကဏ္ဍတစ်ခုမှ ပါဝင်သွားရန် နှင့် နိုင်ငံရေးအရ အဖြေရှာမှု နှင့် ညှိနှိုင်းဆွေးနွေးရေးသဘောတူညီမှုတစ်ခု ရရှိရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တွန်းအားပေးသွားရန် မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းအရေး ဤအဆင့်မျိုးထိရောက်ရှိလာခဲ့ခြင်းအပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ၊ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်း နှင့် ပိတ်ဆို့မှုအရှိန်အဟုန်တိုးမြှင့်ခြင်းသည် အခြေအနေကို ပို၍ ရှုပ်ထွေးမှု နှင့်ကျယ်လောင်မှုကိုသာ ဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ထိပ်တန်းဦးစားပေးလုပ်ရမည်မှာ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းတစ်ခုကိုရှောင်လွှဲရန် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းတစ်ခုမှ ကာကွယ်တားဆီးနိုင်ရန် အလို့ငှာ အဓိကအားဖြင့် ယူကရိန်းနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးဆိုးကြီး ကိုရှောင်လွှဲရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပေါင်းစည်းမှုတိုးမြှင့်ဆောင်ရွက်ရေးဆိုရန် ရည်ရွယ်၍ တရုတ်နိုင်ငံက အဆိုပြုချက် ၆ ရပ်ကို ထုတ်ပြန်ထားခဲ့ပြီးဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှား နှင့် ယူကရိန်း နိုင်ငံတို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် တွန်းအားပေးလုပ်ဆောင်သွားသင့််ကြောင်း နှင့် တရုတ်နိုင်ငံအနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို ကနဦး စကတည်းကပင်ထောက်ခံထားပြီးဖြစ်ကြောင်း ဝမ် ကဆိုသည်။

နိုင်ငံတာအသိုင်းအဝိုင်းအနေဖြင့် ရိုးသားဖြောင့်မတ်သော တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ်ရန် ရုရှား နှင့် ယူကရိန်းကို ထောက်ခံအားပေးရုံမျှသာမက အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ၊ ပဋိပက္ခအဆုံးသတ်ရန် နှင့် ငြိမ်းချမ်းရေးလုပ်ဆောင်ရန်လည်း ထောက်ခံရမည်ကို ၎င်းက မျှော်လင့်သည်ဟု ဝမ်က ဆိုသည်။

အခြေအနေတင်းမာမှုလျော့ကျသွားစေရန်အတွက်မိမိလုပ်ဆောင်နိုင်သမျှထဲက အပြုသဘောဆောင်သောအခန်းကဏ္ဍတစ်ခုဖြင့် တရုတ်နိုင်ငံ ဆက်လက်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဝမ်က ပြောကြားခဲ့ပြီး အနာဂတ်ဥရောပလုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့်အတူ ဖြောင့်မတ်သော တွေ့ဆုံဆွေးနွေးမှု နှင့် ဘက်စုံပြုမှုကို အီးယူဘက်က လုပ်ဆောင်သွားရန် နှင့် “ ခွဲခြမ်းစိတ်ဖြာ၍မရနိုင်သော လုံခြုံရေး” နိယာမနှင့်အတူ ဟန်ချက်ညီပြီး ထိရောက်သော ရေရှည်တည်တံ့သည့် ဥရောပလုံခြုံရေးယန္တရားတစ်ခု တည်ဆောက်ရန် မျှော်လင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လက်ရှိအခြေအနေအောက်တွင် ကမ္ဘာ့အဓိကအင်အားစုကြီး နှစ်ခုဖြစ်သည့် တရုတ်နိုင်ငံ နှင့်် ဥရောပသမဂ္ဂတို့သည် ကမ္ဘာကြီးအား အပေါင်းလက္ခဏာအချက်ပြမှုတစ်ခု ပေးပို့ရန် တရုတ်- အီးယူ ထိပ်သီးအစည်းအဝေးအတွက် ကောင်းမွန်သောကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရေး အတူတကွလက်တွဲဆောင်ရွက်သင့်ကြောင်း ဝမ်ရိက ဆိုသည်။

အီးယူ-တရုတ် ဆက်ဆံရေး ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်အောင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲတွန်းအားပေးဆောင်ရွက်သွားရန် အီးယူဘက်ကအသင့်ရပ်တည်လျက်ရှိကြောင်း Borrell က ပြောကြားခဲ့သည်။(Xinhua)
………………………..

(English Version)

Chinese FM holds phone conversation with top EU diplomat

BEIJING, March 8 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi on Monday held a telephone conversation with Josep Borrell, the European Union (EU)’s high representative for foreign affairs and security policy.
During their phone conversation, Borrell briefed the EU side’s views and positions on the current situation in Ukraine, saying the most important thing at present is to cease fire and avoid further massive casualties.
The EU supports solving the issue through negotiations, he said.
Noting that China is a peace-loving country, he said he hopes the Chinese side can play its role in encouraging and bringing about a ceasefire, and in pushing the parties concerned to set foot on a path of negotiations and political settlement.
For his part, Wang said China laments the fact that the situation in Ukraine has come to this stage, adding that sanctions will not solve problems, and that escalating sanctions will only further complicate and amplify the situation.
The top priority now is to avoid a humanitarian crisis, Wang said, adding that China has publicly put forth a six-point initiative on preventing a humanitarian crisis in Ukraine, mainly aimed at promoting synergy among the international community to avoid further deterioration of the humanitarian situation in Ukraine.

Wang said that Russia and Ukraine should be encouraged to hold peace talks, and that the Chinese side has advocated dialogue from the very start.
He said he hopes that the international community can support Russia and Ukraine to have sincere negotiations, which should not only continue in the future, but also lead to ceasefire, end of conflicts, and peace.
China is willing to continuously play a constructive role within its ability in de-escalating the situation, Wang said, adding he hopes the EU side will have comprehensive and sincere dialogue with Russia in the future on European security issues, and form a balanced, effective and sustainable European security mechanism in accordance with the “indivisibility of security” principle.
Under the current circumstance, China and the EU, as two major forces in the world, should work together to make good preparations for the China-EU Summit, so as to send a positive signal to the world, Wang said.
Borrell said that the EU side stands ready to work with China to jointly push forward the further development of EU-China ties.
Photo (1)A volunteer accompanies people from Ukraine as they leave the border in Medyka, Poland on Feb. 28, 2022. (Xinhua/Meng Dingbo)
Photo(2) Photo taken on March 3, 2022 shows the square in front of a railway station in Lviv, Ukraine. (Xinhua/Ren Ke)

 

 

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.