Connect with us

Europe

NATO အဖွဲ့ဝင်နိုင်ငံများက စစ်ဝါဒီဆန်ဆန် စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် ယူကရိန်းပဋိပက္ခကို အသုံးချလျက်ရှိကြောင်း အစီရင်ခံစာကဆို

ယူကရိန်းနိုင်ငံ Irpin မြို့တွင် ဘတ်စ်ကားဖြင့် ထွက်ခွါနေသူများအား မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ)

မြောက်အန္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများသည် စစ်ဝါဒီဆန်ဆန် စီမံကိန်းများ ဆက်လက်ဆောင်ရွက်သွားရန် ယူကရိန်းနိုင်ငံ ပဋိပက္ခကို အသုံးချလျက်ရှိကြောင်း အမေရိကန်မီဒီယာ သတင်းအရ သိရသည်။“အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ နှစ် ၂၀ ကြာ ကျူးကျော်သိမ်းပိုက်ထားမှုနဲ့ ဆယ်စုနှစ် နှစ်ခုကြာ အကြမ်းဖက်စစ်ပွဲ” ဆင်နွှဲမှုအပြီးမှာ အမေရိကန် စစ်ဝါဒရဲ့ သက်ရောက်မှုကို အကဲဖြတ်တွက်ချက်ဖို့နဲ့ စစ်မဲ့ဝါဒအတွက် တွန်းအားပေးဖို့ အချိန်အတိအကျပါပဲ” ဟု Yes! Magazine ဝက်ဘ်ဆိုက်က မတ် ၇ ရက်တွင် ထုတ်ပြန်သော ဆောင်းပါး၌ ဖော်ပြထားသည်။

Donetsk တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“အဲဒီလိုလုပ်ရမယ့်အစား (အမေရိကန်သမ္မတ ဂျိုး) ဘိုင်ဒန်က အမေရိကန်အနေနဲ့ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ်ကို ဒေါ်လာ ဘီလီယံ ၇၇၀ စံချိန်ကို ထပ်ခါထပ်ခါစဉ်းစားနေတယ်” ဟု မူဝါဒလေ့လာရေးဆိုင်ရာအင်စတီကျုရှိ Michael Ratner Middle East Fellow မှ Khury Petersen-Smith ရေးသားသော ဆောင်းပါး၌ ဖော်ပြထားသည်။

အနောက်နိုင်ငံရှိ ပြည်သူများအနေဖြင့် နိုင်ငံအတွင်းက ထွက်ပြေးလိုသော ယူကရိန်းနိုင်ငံသားတွေအတွက် တံခါးဖွင့်ထားပေးရန် ၎င်းတို့၏ အစိုးရကို တောင်းဆိုရေး၊ “ဒုက္ခသည်တွေအားလုံးလို့ဆိုရာမှာ အမှန်တကယ်တော့ အများစုက အမေရိကန်နဲ့ သူ့ရဲ့ မိတ်ဖက်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့်ပါပဲ” ဟု ဆောင်းပါးက ဆိုသည်။

“ဝါရှင်တန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ စစ်ဝါဒီဆန်ဆန်ပြုမှုဆောင်ရွက်ဖို့ နဲ့ အနာဂတ်စစ်ပွဲတွေကို စီစဉ်ဖို့ ယူကရိန်းမှာ လက်ရှိဆိုးဝါးတဲ့အခြေအနေကို အသုံးချတာမျိုးကို ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး” ဟု ဆောင်းပါးက ဖော်ပြထားသည်။

“ကံမကောင်းစွာနဲ့ပဲ သူတို့လိုက်လျှောက်နေတဲ့ လမ်းကြောင်းက အတိအကျပဲ” ဟု ဆောင်းပါးက ဆိုသည်။“ပိတ်ဆို့မှုများကို လက်ကိုင်ပြုထားခြင်းက အခြားသောစစ်ပွဲတစ်ခုကို ဖြစ်ပွားစေတယ်”ဟု ဖော်ပြလျက် အမေရိကန်နိုင်ငံနဲ့ မိတ်ဖက်နိုင်ငံများရဲ့ ရုရှားအပေါ် လတ်တလောသတ်မှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ပယ်ဖျက်ရမည်ဟု ဆောင်းပါးရေးသူ ယုံကြည်ထားသည်။

ရုရှားနှင့် ယူကရိန်း ဆွေးနွေးညှိနှိုင်းသူများက “မဝေးတော့သည့်ကာလတွင်” စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဟု ပြောကြားလျက် မတ် ၇ ရက်က ဘီလာရုစ်နိုင်ငံ၌ ပြုလုပ်သော တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အဆုံးသတ်ခဲ့သည်။

ထို့ပြင် ရုရှား တပ်ဖွဲ့များကလည်း မတ် ၇ ရက် မော်စကိုစံတော်ချိန် နံနက် ၁၀ နာရီက အပစ်အခတ်ရပ်စဲကြောင်းနှင့် ယူကရိန်းနိုင်ငံရှိ မြို့လေးမြို့၌ လူသားချင်းစာနာထောက်ထားမှုစင်္ကြံများ ဖွင့်လှစ်ထားမည်ဟုကြေညာခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနအရ သိရသည်။

အဆိုပါ ဝန်ကြီးဌာနက နောက်ပိုင်းတွင် မတ် ၈ ရက် မော်စကိုစံတော်ချိန် နံနက် ၁၀ နာရီမှစ၍ “ဆိတ်ဆိတ်နေခြင်းစနစ်” နှင့် ယူကရိန်းနိုင်ငံရှိ အရပ်သားများ ဘေးကင်းစွာရွှေ့ပြောင်းရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံ ဖွင့်လှစ်ရေး ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………

NATO countries use Ukraine crisis to pursue militaristic projects: report

WASHINGTON, March 9 (Xinhua) — The North Atlantic Treaty Organization (NATO) countries are using the Ukraine crisis to pursue longer-term militaristic projects, according to a U.S. media outlet report.

“After the end of the United States’ 20-year occupation of Afghanistan, and after two decades of the ‘war on terror,’ this is precisely the time to critically evaluate the impacts of U.S. militarism and push for demilitarization,” said an article published on the website of Yes! Magazine on Monday.

“Instead, Washington is doing the opposite, with (U.S. President Joe) Biden reportedly considering a record 770-billion dollar military budget for 2023,” said the article authored by Khury Petersen-Smith, the Michael Ratner Middle East Fellow at the Institute for Policy Studies.

The article called on people in the West to demand their governments open doors to Ukrainians who have left their country, and “to all refugees, actually, many of whom are displaced by U.S. violence and that of its allies.”

“What we cannot do is allow Washington and the leaders of NATO countries to use the current nightmare unfolding in Ukraine to justify more militarization and plans for future wars,” said the article.
“Unfortunately, the path they are pursuing is precisely that,” it said.

The author believed that the economic sanctions the United States and its allies are currently leveling against Russia must be rejected, saying: “Sanctions, which officials often hold up as an alternative to war, are better understood as an act of war.”

On Monday, Russian and Ukrainian negotiators ended their third round of peace talks in Belarus, with a negotiator saying the fourth round will take place in “the very near future.”
Meanwhile, the Russian armed forces announced a ceasefire and the opening of humanitarian corridors in four Ukrainian cities starting 10 a.m. Moscow time (0700 GMT) on Monday, according to the Russian Defense Ministry.
It later declared a “silence regime” and the opening of humanitarian corridors for the safe evacuation of civilians in Ukraine starting 10 a.m. Moscow time (0700 GMT) on Tuesday. ■
Photo 1 : People board a bus in Irpin, Ukraine, March 5, 2022. (Photo by Diego Herrera/Xinhua)
Photo 2 : Photo taken on March 5, 2022 shows armed personnel in Donetsk. (Photo by Victor/Xinhua)