Connect with us

Europe

ယူကရိန်းသမ္မတက Donetsk ၊ Lugansk ၊ လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရေး အဆင်သင့်ရှိကြောင်း ပြောကြား

ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky အား ၂၀၂၁ ခုနှစ် မေလ ၂၀ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ မတ် ၉ ရက်(ဆင်ဟွာ)

Donetsk ၊ Lugansk နှင့် Crimea တို့၏ ရှေ့ရေးအလားအလာ နှင့် လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံနှင့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း မတ် ၈ ရက်တွင် ယူကရိန်းနိုင်ငံ သမ္မတ၏ တရားဝင် website ပေါ်တွင် ထုတ်လွှင့်သည့် သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky က ယူကရိန်းနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများအားလုံးနှင့်အတူ အမေရိကန် ၊ ပြင်သစ်၊ ဂျာမနီ ၊ တူရကီ နိုင်ငံတို့နှင့် စုပေါင်းလုံခြုံရေးသဘောတူညီချက်တစ်ခု ရရှိရန် လိုအပ်ကြောင်း ABC News နှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ သမ္မတက “အာမခံချက်ပေးရမယ့် သက်ဆိုင်ရာ နိုင်ငံတွေကနေ ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးအာမခံချက်တစ်ခုခုအတွက် ကျွန်တော်တို့ အဆင်သင့်ရှိပါတယ်။ ပြီးတော့ အဲဒီနိုင်ငံတွေထဲမှာ ရုရှားနိုင်ငံလဲ ပါဝင်ပါတယ်။ဘာလို့လဲဆိုရင် ရုရှားက ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖြစ်လို့ပါ။”ဟု ပြောကြားခဲ့သည်။

“ဒါက ယူကရိန်းနိုင်ငံအတွက်သာမက ရုရှားနိုင်ငံအတွက်လဲ အာမခံချက်တွေ ဖြစ်ပါလိမ့်မယ်။ ဒါတွေနဲ့ပတ်သတ်ပြီး မကြာခဏပြောနေတာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————
(English Version)
Zelensky says ready for dialogue with Russia on security guarantees, Donetsk, Lugansk
KIEV, March 8 (Xinhua) — Ukraine is ready to hold a dialogue with Russia on security guarantees and the future of Donetsk, Lugansk and Crimea, said a press release posted on the official website of the Ukrainian president Tuesday.
Ukrainian President Volodymyr Zelensky said in an interview with ABC News that Ukraine needs to have a collective security agreement with all its neighbors and the United States, France, Germany and Turkey, according to the press release.
“We are ready for any guarantees of our country’s security from the respective states that must guarantee. And Russia is also among these states, because Russia is our neighbor,” Zelensky said.
“These will be guarantees not only for Ukraine. These will be guarantees for Russia as well, about which it is constantly talking,” he said. ■
Photo – File photo shows Ukrainian President Volodymyr Zelensky attending a press conference devoted to his two years in office in Kiev, Ukraine, May 20, 2021. (Photo by Sergey Starostenko/Xinhua)