Connect with us

Social, Education & Health

တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်သောဆေးရုံးကြီးသည် ကမ္ဘောဒီးယားပြည်သူ အသက်ပေါင်းများစွာကို ကယ်တင်ပေးမည့် အဓိကဆေးရုံကြီးဖြစ်လာ

ကမ္ဘောဒီးယားနိုင်ငံ Tboung Khmum ပြည်နယ်ရှိ ကမ္ဘောဒီးယား-တရုတ်ချစ်ကြည်ရေး Tboung Khmum ဆေးရုံကြီးအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

TBOUNG KHMUM ၊ ကမ္ဘောဒီးယား ၊ မတ် ၉ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း Tboung Khmum ပြည်နယ်တွင် တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်ထားသည့် အလွန်ကြီးမားပြီးခေတ်မီသော ဆေးရုံးကြီးကို မတ် ၈ ရက်တွင် စတင်အသုံးပြုခဲ့ပြီး ယင်းဆေးရုံကြီးသည် ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် နေထိုင်ကြသည့် ဒေသခံများအတွက် လူ့အသက်ပေါင်းများစွာကို ကုသကယ်ပေးမည့် အဓိကဆေးရုံကြီးတစ်ခုအဖြစ် လုပ်ငန်းလည်ပတ်နေပြီဖြစ်သည်။တရုတ်နိုင်ငံအစိုးရထောက်ပံ့မှုဖြင့် China Railway Construction Group Co., Ltd. ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးသော Tboung Khmum ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးဆေးရုံကြီးသည် လူနာများအား စစ်ဆေးရန် ၊ ကုသရန် နှင့် ခွဲစိတ်ရန်အတွက် ခေတ်မီဆေးဝါးကိရိယာများကို တပ်ဆင်အသုံးပြုထားသည့် ဆေးရုံကြီးဖြစ်သည်။

ထိုကဲ့သို့ ခေတ်မီဆေးရုံကြီးမျိုးသည် ယင်းဒေသ၌ ယခင်က လုံးဝမရှိခဲ့ဘူးသလို ရောဂါအတန်အသင့်လူနာများပင် ယခင်က ဖနွမ်ပင်မြို့တော်ရှိဆေးရုံကြီးသို့ သွားရောက်ကုသမှုခံယူခဲ့ကြရသည်။ သို့သော် ယခုအခါ အခြေအနေမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ဒေသခံများအတွက် နေအိမ်အနီးဆေးကုသနိုင်ရန် တရုတ်နိုင်ငံက ခေတ်မီဆေးရုံကြီးကို ဆောင်ကြဉ်းပေးခဲ့ပြီဖြစ်သည်၊။

 

အထပ် ငါးထပ်ပါ ကုတင် ၃၀၀ ဆန့် ဆေးရုံကြီးတွင် ပြင်ပလူနာဌာန ၊ အရေးပေါ်ဌာန ၊ ဓာတ်မှန်ဌာန ၊ မှန်ပြောင်းကြည့်ဌာန ၊ ဓာတ်ခွဲခန်း နှင့် ဆေးဝါး ၊ ခွဲစိတ်ခန်း ၊ မီးယပ်အထူးကုပြင်ပလူနာဌာန ၊ ကလေးကုသဆောင် ၊ သွေးလှူဘဏ် ၊ ရောဂါရှာဖွေရေးဌာန ၊ ဆေးရုံတင်ကုသမှုဆောင် ၊ မွေးခန်း ၊ အောက်ဆီဂျင်ထောက်ပံ့စနစ် နှင့် ကူးစက်ရောဂါဌာနများအပါအဝင် မတူကွဲပြားသော ရောဂါရှာဖွေရေးကုသရေးဌာနများကို ထည့်သွင်းတည်ဆောက်ထားသည်။

“ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒီပြည်နယ်ထဲမှာ အခုလို ဧရာမဆေးရုံကြီးမျိုး အရင်တုန်းက လုံးဝမရှိခဲ့ဘူးဖူး ” ဟု မတ် ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ဆေးရုံသစ်ဖွင့်ပွဲသို့ တက်ရောက်စဉ် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်။ “ ဖနွမ်းပင်မြို့တော်ကလွဲပြီး ဒီဆေးရုံကြီးဟာ ကမ္ဘောဒီးယားနိုင်ငံမှာအကြီးဆုံးခေတ်မီဆေးရုံကြီးပါပဲ ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Wang Wentian က ဆေးရုံကြီးသည် ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာများနှင့်အတူ ကိရိယာများအသုံးပြု၍ ပြည်သူများအတွက် အကောင်းဆုံး ကုသမှုပေးစွမ်းလိမ့်မည်ဟု ဆိုသည်။

“ ဒါဟာ တရုတ်-ကမ္ဘောဒီးယားချစ်ကြည်ရင်းနှီးမှု ငြိမ်းချမ်းရေးသင်္ကေတစ်ခုပါပဲ ၊ ဒီဆေးရုံကြီးက ပြည်သူတွေရဲ့အသက်တွေနဲ့ ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် အလွန်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ကူညီဆောင်ရွက်ပေးမယ်လို့ ကျနော်ယုံကြည်ပါတယ် ” ဟု ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန် နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Wang Wentian တို့ တာဝန်ရှိသူများနှင့်အတူ မတ် ၇ ရက်က Tboung Khmum ပြည်နယ်ရှိ ကမ္ဘော-တရုတ်ချစ်ကြည်ရေး Tboung Khmum ဆေးရုံကြီးအတွင်းလှည့်လည်စစ်ဆေးစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ Tboung Khmum ပြည်နယ်ရှိ ကမ္ဘောဒီးယား-တရုတ်ချစ်ကြည်ရေး Tboung Khmum ဆေးရုံကြီးအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mam Bunheng က ဆေးရုံကြီး၏ မြေပြင်အကျယ်သည် စတုရန်းမီတာ ၂၄,၃၀၀ ရှိပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း ၃၅၀ ကျော်က တာဝန်ယူ ကုသမှုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
၎င်းဆေးရုံကြီးသည် အနီးအနားပြည်နယ်များရှိ ပြည်သူများအတွက် မီခိုအားထားရာ ဒေသတွင်းဆေးကြီးတစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

Tboung Khmum ကမ္ဘောဒီးယား-တရုတ်ချစ်ကြည်ရေးဆေးရုံ ညွှန်ကြားရေးမှူး Eng Kheang ကပြောကြားရာတွင် ယခင်က ဆေးဝါးကုသရန် ဖနွမ်ပင်းမြို့တော်သို့ သွားရောက်ခဲ့ရသည့် ပြည်သူများအတွက် ယင်းဆေးရုံကြီးသည် ဆေးဝါးကုသမှုကို ပို၍ အဆင်ပြေလွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း ဆိုသည်။

“ ဒီဆေးရုံကြီးဟာ ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ကမ္ဘောဒီးယား-တရုတ်ချစ်ကြည်ရင်းနှီးမှု စံပြစီမံကိန်းကြီးတစ်ခုဖြစ်ပါတယ် ၊ နှစ်နိုင်ငံအကြား အထူးသဖြင့် ရပ်ဝန်းနဲ့ပိုးလမ်းမ မူဘောင်အောက်မှာ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

“ ဒါဟာ တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံဆီ ကျန်းမာရေးကဏ္ဍအတွက်အကြီးဆုံး လက်ဆောင်မွန်ဖြစ်ပါတယ် ၊ ဒီဆေးရုံသစ်ကြီးမှာ ထားရှိကုသပေးမယ့် ဆေးဘက်ဆိုင်ရာခေတ်မီကိရိယာတွေဟာ အရင်က ဒီဒေသမှာ လုံးဝ လက်လှမ်းမမှီတဲ့ ကုသရေး ကိရိယာတွေပဲဖြစ်ပါတယ် ” ဟု ၎င်း ကဆိုသည်။

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ နှင့် ခေတ်မီကိရိယာများ နှင့် နည်းပညာများပံ့ပိုးကူညီမှုဖြင့် ပြည်သူများအနေဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိခံစားရတော့မည်ဖြစ်ကြောင်း Kheang က ဆိုသည်။

ယင်းဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် အသက် ၂၉ နှစ်အရွယ် ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ Lim Pichthearasy က တရုတ်နိုင်ငံသည် ခေတ်မီဆေးရုံကြီးကို တည်ဆောက်ရန် ကူညီပေးခဲ့ပြီး ခေတ်မီကုသရေးပစ္စည်းကိရိယာများပံ့ပိုးပေးခြင်း နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် သင်တန်းလေ့ကျင့်ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

“ အဲဒီအရာက ကမ္ဘောဒီးယားနိုင်ငံထဲမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နဲ့ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ်ပါတယ်” ဟု ၎င်းက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

“ ဒီဆေးရုံက ကမ္ဘောဒီးယား အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းရှိ ပြည်သူတွေရဲ့ကျန်းမာရေးကို မြှင့်တင်ဖို့ ကူညီပေးနိုင်ရုံမျှသာမကလူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခုအတွက် တရုတ်နဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံအကြားက ပြည်သူအချင်းချင်းကြားမှာ အပြန်အလှန်ဖလှယ်မှုကို နက်ရှိုင်းစေခြင်းလည်းဖြစ်ပါတယ်” ဟု၎င်းက ဆိုသည်။

Tboung Khmum ဒေသခံတစ်ဦးဖြစ်သူ Chheang Rotha က ထိုသို့ အလွန်တရာကြီးမားပြီးခေတ်မီသော ဆေးရုံကြီးအား မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်ကြည်နူးရကြောင်း ပြောကြားခဲ့သည်။

ယခင်က ပြည်သူများသည် အတန်အသင့်နေထိုင်မကောင်းခြင်း နှင့် ဆိုးဆိုးရွားရွားနေထိုင်မကောင်းခြင်း ဖြစ်မည်ကို အလွန်စိတ်ရိမ်ပူပန်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော ဆေးရုံဆေးခန်းများသည် ၎င်းတို့၏ နေအိမ်နှင့်အလွန် အလှမ်းကွာဝေးသောကြောင့်ဖြစ်သည်။ အကယ်၍ သူတို့သည် ညပိုင်းနေထိုင်မကောင်းဖြစ်လျှင် ဆေးရုံသို့ သွားရောက်ရန် ပို၍ပင်ခက်ခဲခဲ့ရသည်။ ရောဂါဝေဒနာပြင်းထန်သူများအတွက် တစ်ခါတစ်ရံ အသက်အန္တရာယ်ပင်စိုးရိမ်ခဲ့ရသည့် အခြေအနေမျိုးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါပေမယ့် အခုချိန်က စလို လူနာတွေဟာ ရိုးရိုးသာမန်အဖျားကနေ ဆိုးဆိုးရွားရွားဖျားနာတဲ့အထိ ခရီးအကွာအဝေး ကီလိုမီတာ ၁၀၀ ကျော်သွားရတဲ့ ဖနွမ်းပင်မြို့တော်က ဆေးရုံကြီးဆီ သွားရောက် ကုသမှု ခံယူဖို့ မလိုတော့ပါဘူး” ဟု အသက် ၃၆ နှစ်အရွယ် ကလေးနှစ်ယောက်ဖခင်ဖြစ်သူ ဒေသခံတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

“ အခုတော့ ဒီဒေသမှာ ရှိတဲ့လူတွေအတွက် သိပ်ကိုအဆင်ပြေသွားပါပြီ ၊ ဒီဆေးရုံကြီးဟာ ပြည်သူတွေရဲ့အသက်ကို ကယ်တင်ပေးရုံသာမက အချိန်ကုန် ငွေကုန်သက်သာအောင်လည်း ကူညီပေးပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် အသက် ၃၂ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်သူ Sout Seanghay က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ နယ်ပယ်ကဏ္ဍမျိုးစုံ အထူးသဖြင့် ကျန်းမာရေးကဏ္ဍတွင် ကူညီပံ့ပိုးပေးသည့်အတွက် အလွန်တရာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
“ တရုတ်နိုင်ငံကြီးရေ,, ရှင်တို့ရဲ့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုအတွက် ရင်ထဲက အမြဲလှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေပါတယ်” ဟု သူ(မ) ကဆိုသည်။(Xinhua)

——————————

(English Version)

China-aided hospital to be key life-saving facility for Cambodians
TBOUNG KHMUM, Cambodia, March 9 (Xinhua) — Situated in the eastern province of Tboung Khmum, a huge and modern Chinese-aided public hospital, which was put into use on Monday, would serve as a key life-saving facility for locals in the eastern and northeastern regions of Cambodia.
Built by the China Railway Construction Group Co., Ltd. and funded by the Chinese government, the Tboung Khmum Cambodia-China Friendship Hospital is equipped with modern medical equipment for checkups, treatment and surgery.
Such a modern hospital had never existed in these regions previously when patients with moderate to serious conditions had to travel all the way to the capital Phnom Penh, but now it has changed. China has brought hospital close to their houses.
The five-story hospital has 300 beds and is divided into different units, including outpatient, emergency, imaging, endoscopy, laboratory and medicine, surgery, gynecologic outpatient, pediatric clinic, blood bank, pathology, hospitalization, maternity, oxygen plant, and infectious disease ward.
“Such a huge hospital had never been available in Cambodia’s provinces before,” Cambodian Prime Minister Samdech Techo Hun Sen said during the hospital’s inauguration ceremony on Monday. “It is the largest modern hospital in Cambodia’s provinces, except in the capital Phnom Penh.”
Chinese Ambassador to Cambodia Wang Wentian believed that the hospital would serve people better as it was equipped with modern medical technologies.
“This is emblematic of the China-Cambodia friendship,” he said. “I’m confident that the hospital will play an important role in protecting people’s lives and well-being.”
Cambodian Health Minister Mam Bunheng said that developed on the land area of 24,300 square meters, the hospital is employing more than 350 medical workers.
It will also serve as a regional hospital for people in neighboring provinces, he said.
Eng Kheang, director of the Tboung Khmum Cambodia-China Friendship Hospital, said the hospital would make medical care more convenient for people, who previously had to travel to Phnom Penh for medical treatment.
“This hospital is a landmark project in Cambodia-China cooperation in public health and it was born of close cooperation between the two countries, especially under the framework of the Belt and Road Initiative,” he told Xinhua.
“It’s a huge gift for the health sector that China has provided to Cambodia, and this new hospital will serve people better as it is equipped with modern medical technology that has not been available in this region before,” he said.
With the assistance of medical supplies and equipment, and technologies from China, he believed that people would enjoy quality medical care services, Kheang said.
Lim Pichthearasy, a 29-year-old doctor at the hospital, said China has helped build the modern hospital, provided advanced medical equipment and held training courses for health staff.
“These have greatly contributed to the development of the health sector and the reduction of poverty in Cambodia,” he told Xinhua.
“The hospital will not only help improve the people’s health in eastern and northeastern regions of Cambodia, but also contribute to deepening people-to-people exchanges between the two countries toward a community with a shared future,” he said.
Chheang Rotha, a resident in Tboung Khmum, said he was really elated to see such a huge and modern hospital here.
Previously, when people got moderately or seriously ill, they were very concerned about their conditions because hospitals were far away from their houses, he said, adding that if they were sick at night, it was even more difficult to travel to hospitals and it was sometimes life-threatening for seriously ill patients.
“But from now on, patients with moderate to serious illness will no longer need to travel in a long distance of more than 100 km to hospitals in Phnom Penh,” the 36-year-old father of two children told Xinhua.
“It is now very convenient for people in these regions and this hospital will not only rescue our people’s lives, but also save them both time and money,” he said.
Resident Sout Seanghay, 32, said she was grateful to China for providing a great deal of assistance to Cambodia for the development in all fields, particularly in the public health sector.
“China, your generous support will be in our hearts forever,” she said. ■
Photo (1/3) Photo taken on Feb. 17, 2022 shows the Cambodia-China Friendship Tboung Khmum Hospital in Tboung Khmum province, Cambodia. (Photo by Ly Lay/Xinhua)

Photo (2) Cambodian Prime Minister Samdech Techo Hun Sen (C, front) and Chinese Ambassador to Cambodia Wang Wentian (2nd R) inspect the Cambodia-China Friendship Tboung Khmum Hospital in Tboung Khmum province, Cambodia on March 7, 2022. (Photo by Ly Lay/Xinhua)