Connect with us

Africa & Middle East

ဂါဇာဒေသသို့အကူအညီပေးရေးယာဉ်တန်းဝင်ရောက်ရန်စောင့်ဆိုင်းနေသဖြင့်ကုလသမဂ္ဂအကြီးအကဲရာဖာနယ်စပ်ဖြတ်ကျော်နေရာသို့သွားရောက်လေ့လာ

ဂါဇာဒေသနှင့်ထိစပ်နေသောရာဖာဖြတ်ကျော်လမ်း၊အီဂျစ်ဘက်ခြမ်းတွင်လာရောက်လေ့လာစဉ်စကားပြောကြားနေသောကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ် (ယာဘက်ဒုတိယ) ကို၂၀၂၃ခုနှစ်အောက်တိုဘာ၂၀ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရာဖာ၊အီဂျစ်၊အောက်တိုဘာ၂၁ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်သည်ပိတ်ဆို့ခံထားရသောပါလက်စတိုင်းနယ်မြေအတွင်းလိုအပ်နေသောအကူအညီပစ္စည်းများပို့ဆောင်နိုင်ရန်နယ်စပ်ဖြတ်ကျော်လမ်းဖွင့်လှစ်ပေးရေးမျှော်လင့်လျက်ဂါဇာနှင့်ထိစပ်နေသောရာဖာနယ်စပ်ဖြတ်ကျော်လမ်းအီဂျစ်နိုင်ငံဘက်ခြမ်းသို့အောက်တိုဘာ၂၀ရက်ကသွားရောက်လေ့လာခဲ့ကြောင်းသိရသည်။

ဂါဇာဒေသနှင့်ထိစပ်နေသောရာဖာဖြတ်ကျော်လမ်း၊အီဂျစ်ဘက်ခြမ်းတွင်လာရောက်လေ့လာစဉ်စကားပြောကြားနေသောကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ် (ယာဘက်ဒုတိယ) ကို၂၀၂၃ခုနှစ်အောက်တိုဘာ၂၀ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံရာဖာနယ်စပ်မြို့မှ၄၅ကီလိုမီတာအကွာ၊ Al-Arish မြို့တွင်အထောက်အပံ့ပစ္စည်းများတင်ဆောင်ထားသောထရပ်ကားများပြင်ဆင်နေသည့်အီဂျစ်လခြမ်းနီအသင်းမှဝန်ထမ်းများကို၂၀၂၃ခုနှစ်အောက်တိုဘာ၂၀ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံရာဖာဖြတ်ကျော်လမ်းအနီးဂါဇာဒေသအတွင်းဝင်ရောက်ရန်စောင့်ဆိုင်းနေသောအထောက်အပံ့ပစ္စည်းများတင်ဆောင်ထားသောထရပ်ကားများကို၂၀၂၃ခုနှစ်အောက်တိုဘာ၁၉ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံနှင့်ဂါဇာကမ်းမြောင်ဒေသကြားတစ်ခုတည်းသောဖြတ်ကျော်စခန်းဖြစ်သည့်ရာဖာနယ်စပ်ဖြတ်ကျော်လမ်းနေရာတွင်အစားအစာနှင့်ဆေးဝါးများတင်ဆောင်ထားသောမော်တော်ယာဉ်တန်းကြီးသည် “(ပါလက်စတိုင်း) ပြည်သူတွေအတွက်အသက်ရှင်ခြင်းနှင့်သေဆုံးခြင်းကြားကပြောင်းလဲမှုပါပဲ”ဟုဂူတာရက်စ်ကပြောခဲ့သည်။

“ဒီထရပ်ကားတွေဖြစ်နိုင်သမျှအမြန်ဆုံးဝင်ရောက်နိုင်ဖို့လုံးဝလိုအပ်နေပါတယ်။ဂါဇာပြည်သူတွေအတွက်လုံလောက်တဲ့ပံ့ပိုးမှုတွေပေးဖို့နေ့စဉ်ဂါဇာဒေသထဲဝင်ရောက်ဖို့လိုအပ်ပါတယ်”ဟုကုလသမဂ္ဂအကြီးအကဲကဖြည့်စွက်ပြောခဲ့သည်။

ဂူတာရက်စ်သည်သတင်းစာရှင်းလင်းပွဲမတိုင်မီဂါဇာဒေသသို့ဝင်ရောက်ရန်ရာဖာနယ်စပ်ဖြတ်ကျော်လမ်း၌ရက်ပေါင်းများစွာစောင့်ဆိုင်းနေသည့်အကူအညီပေးရေးယာဉ်တန်းကိုစစ်ဆေးခဲ့သည်။

လူသားချင်းစာနာမှုအကူအညီ ၊ဆေးဝါးအကူအညီအစားအစာနှင့်စောင်များတင်ဆောင်ထားသောထရပ်ကား၁၇၅စီးသည်အစ္စရေးဘက်မှတားမြစ်ထားခြင်းကြောင့်ဂါဇာအတွင်းဝင်ရောက်ရန်နယ်စပ်ဖြတ်ကျော်လမ်းအနီးတန်းစီ၍စောင့်ဆိုင်းနေကြကြောင်းသိရသည်။ (Xinhua)

………………………………
(English Version)
UN chief visits Rafah crossing as aid convoy waits to enter Gaza
RAFAH, Egypt, Oct. 20 (Xinhua) — UN Secretary-General Antonio Guterres on Friday visited the Egyptian side of the Rafah border crossing with Gaza, ahead of the anticipated opening of the crossing to bring needed aid into the besieged Palestinian enclave.
At the Rafah crossing, the only crossing point between Egypt and the Gaza Strip, Guterres said the large convoy loaded with food and medicine was “the difference between life and death for the (Palestinian) people.”
“We absolutely need to have these trucks moving as quickly as possible and as many as necessary,” the UN chief said, adding there needed to be trucks entering “every day into Gaza to provide enough support for the Gazan people.”
Before the press conference, the UN chief inspected the aid convoy waiting to enter Gaza at the Rafah crossing for days.
Some 175 trucks loaded with humanitarian aid, medical supplies, food, and blankets were lined up near the crossing, waiting for entry into Gaza but blocked by Israeli bombardments.
Photo 1, 2- UN Secretary-General Antonio Guterres (2nd R) speaks while visiting the Egyptian side of the Rafah border crossing with Gaza, on Oct. 20, 2023. (Xinhua/Ahmed Gomaa)
Photo 3: Staff members from the Egyptian Red Crescent prepare trucks loaded with aid supplies in Al-Arish, 45 kilometers from the Rafah crossing, Egypt, on Oct. 20, 2023. (Xinhua/Ahmed Gomaa)
Photo 4: Trucks loaded with aid supplies wait to cross into Gaza near the Rafah crossing, Egypt, on Oct. 19, 2023. (Xinhua/Ahmed Gomaa)